Wednesday, 21 May 2008

မှတ်သားဖွယ်ရာ နိုင်ငံ ခေါင်းဆောင် နှစ်ဦးစကား

Monday, 19 May 2008

China Earth Quake Vs Myanmar Cyclone


Click here to get those pictures in PDF

Should UN and World's leaders Play the politic Game with Burmese Junta's on betting Thousands of people's lives in Delta area?


Now it has been over 2 weeks after Nargis Cyclone. Over 100,000 people had been killed for not having enough information from authorities. Now more people are dying without help.

If world's leaders have true sympathy to those who suffer form Nargis, I would like to request to act aid intervention as quick as possible.

On the ground of Irrawaddy delta (17 May 2008)

(From being MBA student)
A good friend of mine send me an email at this morning. (Sat 17 May 2008 9:03 AM)
Obviously, there are 5 doctors out of 8 volunteer.Please find enclosed embedded email of what he saw within last week. I'm sure that they have done a lot of contribution and although the bad weather situation in the coming week.

ko Tun,

I came back from Laputta now.
I will go again at Monday morning.

The general and current situation of Latputa hit by Nargis Cyclone
The whole town was devastated and all the buildings were falling
down with non-any rescuesing.the majority of locals living in Latputta
lost their homes and business and everything belonging to them, as
well as shortage of their dialy food.
Within a few days after storming ,the victims who lost their
families and villages in closed area of Latputta town have been
arriving in Latputta to rely on rescues and demand the needs in the
refugee camps. Some victims have walked across along the farming
feilds fulled with death bodies on foot two or three days.
Seriously, when arriving the Latputta, there is no proper places for
the victims prepared by the authorities carelessly.Presently, there
are main three refugee camps recognized by local authority.
At least , more than ten thousands victims are staying comtemporarly
there , sleeping on the wet ground under the miserable roofs in the
camps of the monastries and pagodas areas and some victims r staying
outside in the rain. They have no proper toilets and enough water for
drinking and cleaning up. .People doesn't have viccination for
coming-soon diseases like diarrhoea.Most of the victims r patients who
is sufferring with diseases infected before. The volunteering clinics
have no enough medicine for patients. Only the hospital is full with
the patients and it can't accept next new patients because of lack of
medicine and free beds. Volunteer doctors r cocerning about the
victims because of the air,ground and water polution cause the toilet
r pouring with human waste and flowring near by local areas.So they
want to bulid the healthy toilets to prevent the diseases.
Each victim just get a little rice for a day from goverment.Most of
the children (Orphan) r need to get nutriation.The victims doesn't
enough hygentic foods,cooking
pots,plates,spoons,clothes,mosquito-nets,temporary-roof and toilet.

Saturday, 17 May 2008

After cyclone


Friday, 16 May 2008

အိပ်ဖွင့်ပေးစာ

မုန်တိုင်းမလေး နာဂစ် နှင့် သူ၏နောက်ဆက်တွဲ အခြေအနေများ

စာရေးသူ၏ သားသမီး ဒါမှမဟုတ် တူ၊ တူမလေးတွေက “မိုးရွာသောသောနေ့တစ်နေ့” ဆိုတဲ့ခေါင်းစဉ်နဲ့ စာစီစာကုံးတစ်ပုဒ်ရေးဖို့ စဉ်းစားခိုင်းမည်ဆိုပါက “နာဂစ်” ၀င်သောနေ့၊ သဘာဝဘေးအန္တရာယ်ကို မြန်မာပြည်သူတွေ အထင်သေးမိသောနေ့တစ်နေ့အကြောင်းစဉ်းစားမိမည်။ ထိုနေ့ကမိုးရွာသည်။ မိုးနှင့်အတူ ပါလာသော လေကတော့ ဘီလူးသဘက် တစ်ကောင်းအလား ကြောက်ဖို့ကောင်းလှသည်။ သူ၏နောက်ဆက်တွဲမြင်ကွင်းများကလည်း ငိုအားထက် ရယ်အားသန်သန်နှင့် တောက်တစ်ခေါက်ခေါက် အသံများကလည်း မြိုင်ဆိုင်လှသည်။

မျက်မှောက်ခေတ်မြန်မာလူမျိုးကို အဓိပ္မါယ်ဖွင့်ဆိုလျှင် စာရေးသူကတော့ “ ဒုက္ခကို လည်စင်းခံကြသူများ” လို့သာ ကင်ပွန်းတပ်ခြင်သည်။

မြန်မာလူမျိုးဆိုသည်မှာ ဒုက္ခသုက္ခနှင့် တွေ့ကြုံရလျှင် ငိုဖို့၊ ရင်နာဖို့ကို နောက်မှာထားပြီး ထိုဒုက္ခပြေလည် အောင် အတူတကွ လက်တွဲဖြေရှင်းကြသည်။ ခိုလှုံစရာ ရင်ခွင်မဲ့လှသည်။ အမိမဲ့သား ရေနည်းငါးကဲ့သို့ပါဘဲ။

အထင်သေးမိတဲ့နေ့ (၂.၅.၀၈)

ထိုနေ့ညနေပိုင်းနှင့် ညဦးပိုင်းလောက်က ရန်ကုန်မြို့ကို ဦးတည်ပြီး မုန်တိုင်းလတော့မယ်။ ည၁၂နာရီကနေ မနက် ၆နာရီအတွင်း ဖြစ်ဖို့များတယ်ဆိုပြီး သတိပေး သတင်းစကားများကြားခဲ့ရသည်။ အကုန်လုံးက တိတိပပ ထူးထူး ခြားခြား မတုန်လှုပ်မိကြ။ ခါတိုင်းလိုပဲ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ ပင်လယ်ဝနဲ့ နီးတဲ့နေရာတွေလောက် ပဲနေမှာပါ ဟု ပေါ့ပေါ့တန်တန် နေခဲ့မိကြသည်။ ( ထိုနေရာများအား ဖြစ်စေချင်၍မဟုတ်ပဲ ဖြစ်လေ့ဖြစ်ထရှိမှုအပေါ် သတိပေါ့လျော့ ခဲ့ခြင်းသာဖြစ်ပါသည်။)

တကယ်ဝင်လာတော့ ထိုသို့ဖြစ်မလာခဲ့၊ ပုသိမ်ဘက်မှာ တစ်နာရီကို မိုင်ဩ၀နှုန်လောက်ရှိတယ်။ ကားတွေ တောင် လေထဲပါသွားတယ်။ အကုန်လုံးရှိသမျှပြားပြားဝပ်သွားတယ် ဆိုတဲ့ သတင်းစကားတွေလည်း ကြားရသောအခါ နည်းနည်းတုန်လှုပ်စပြုလာပြီး ဘုရားတရားကို သတိရစပြုလာသည်။

လူတွေဝိုင်းဆဲရတဲ့အဖြစ်

ဤသို့တုန်လှုပ်စိတ်ကလေးတွေ ၀င်စပြုချိန် ည ၉နာရီကျော်ဝန်းကျင်လောက်တွင် ကားတစ်စီးနှင့်လှည့်၍ လော်စပီကာနှင့် သတိပေးသံကြားရသည်။ သြော်… မုန်တိုင်းနဲ့ပတ်သတ်ပြီး လူတွေဘယ်လိုနေထိုင်ရမယ်။ ဘာတွေ ကြိုတင်စီမံရမယ်၊ ဆိုတာတွေ သတိပေးနေတာပဲဆိုပြီး အားတက်ကာ နားစွင့်မိကြသည်။ တကယ်တန်းတွင် ထိုသို့ မဟုတ်ခဲ့ “ရွေးကောက်ပွဲတွင် မဲသေးနိုင်သူများစာရင်းအား ရ.ယ.ကရုံးတွင် ကပ်ထားကြောင်း၊ စာရင်းတွင်မပါဝင်သေး သူများရှိပါက လာရောက်စာရင်းပေးသွင်းနီုင်ကြောင်း” ကြေငြာသွားခဲ့ခြင်းဖြစ်သည်။ မုန်တိုင်းအားကြောက်လန့်စိတ် နှင့် အိမ်အတွင်းပိုင်းတွင်အကုန်စုရုံးနေကြသောမိသားစုဝင်များအားလုံး တိုင်ပင်မထားဘဲ တခဲနက်ဝိုင်းဝန်းဆဲဆို မေတ္တာပို့သမိကြသည်။ မဆဲတဲ့သူဆိုလို့ ဘာမှနားမလည်သေးသော ၅နှစ်အရွယ် ကလေးနှင့် စကားမပြောတတ် သေးသော ၁နှစ်အရွယ် ကလေးသာကျန်ပါတော့သည်။

မုန်တိုင်းတိုက်ပြီးသွားပါက ထိုကြော်ငြာသင်ပုန်းအား ဘယ်အရပ်တွင် သွားရောက်ကောက်ယူ ကြည့်ရှု့မည် ကိုပါ ကြေငြာသွားသင့်သည်။ ဤသို့ ဤပုံ အမြှော်အမြင်ကြီးကြသူများပါ။

နာဂစ်လာပြီ

တစ်နေ့လုံးနီးပါးရွာနေသောမိုးက ည၁၀နာရီးခွဲလောက်တွင် ပိုစိပ်လာသည်။ လေသံခပ်ပြင်းပြင်းပါ ပါလာသည်။ သိပ်တော့ မဆိုးဝါးလောက်ပါဟု ထင်နေကြတုန်းပါ။ ည၁၂း၃၀နာရီလောက်ရောက်တော့ သူ့“ဇ”က မသေးကြောင်း သဘောပေါက်စပြုလာကြသည်။ အိမ်အနီးဝန်းကျင်မှ သွပ်မိုးသံများကလည်း ဟာမိုနီလိုက်ဆိုနေကြပြီ။ အိမ်တွေထဲ မိုးပက်ထားတာကလည်း အတော်စိုရွှဲနေကြပြီ။

နံနက်၃း၃၀နာရီ လောက်ကျတော့ နာဂစ်ဘာကောင်လည်းဆိုတာ သဘောပေါက်ကြပြီ။ သွပ်ခေါင်မိုးသံ တွေလည်း ဟာမိုနီဘ၀မှ အဆိုတော်တွေဖြစ်လာကြပြီး ရင်ခေါင်းကွဲ၊ နှလုံးပြုတ်မတတ် အော်နေကြပြီ။

နံနက်အာရုဏ်တက် နဲ့ ၈း၀၀နာရီလောက်ကြားမှာတော့ နာဂစ်ဟာ သူ့ဦးခေါင်းပိုင်း ရုန်းထွက်ပြီး လွတ်မြောက်လာတာကို ၀မ်းသာအားရနဲ့ ကျန်ရှိနေသေးတဲ့ အမြီးပိုင်းနဲ့အားကုန်ရုန်းကာ ရိုက်လှဲဖြစ်နေပြီ။ လေသံ တွေဟာ ဆူလွန်းလို့ အနီးအနားက အပင်ကြီးတွေ၊ အပင်လေးတွေလဲပြိုကျသံတောင်မကြားလိုက်ရ။

စာရေးသူကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မုန်တိုင်းစတိုက်ကတည်းက မျက်စိသာတွင်တွင်မှိတ်ပြီး တတ်သမျှ မှတ်သမျှ ဘုရားစာတွေသာ non-stop ရွတ်ဆိုတော့သည်။ ကိုယ့်အမြင်အာရုံမှာ သွေးလန့်ဖွယ်မြင်ကွင်းတွေကို မမြင်ရတော့ အနည်းနဲ့ အများ စိတ်တည်ငြိမ်မှုရရှိအောင် လုပ်ထားနိုင်ခဲ့သည် ဟုတော့ ထင်သည်။ အပြင်ထွက်ပြီး ဘာမှ မလုပ်ကိုင်နိုင်တဲ့အခြေအနေမှာတော့ ဖြစ်သမျှကို လျစ်လျှူရှုကာ မျက်လုံးမှိတ်ပြီး ကိုယ့်အသက်လေး ဘယ်တော့ပါသွားမလဲဆိုပြီး သတိထားနေရုံကလွဲ၍ ဘာမျှမတတ်နိုင်ပါ။ ဒါဟာ သဘာဝဘေးဒဏ်၊ ကိုယ်နဲ့ လူများ ကျောမွဲများ ခါးကော့အောင်ခံကြရတော့မည့်ဒဏ်။

နောက်ဆက်တွဲ နာဂစ် ချန်ခဲ့သည့် ဇာတ်လမ်းများ

နာဂစ်သည် သူ့အသံပြဲကြီးနဲ့ ချိန်းခြောက်နေသောလည်း သူ့ကိုလုံးလုံးဂရုမစိုက်သည့် ခေတ်ပျက် တောကြောင်များကလည်း “ဝေလီဝေလင်း” အချိန်မှာတောင် သွပ်ပြားကောက်ထွက်နေကြတာကိုလည်းမြင်ရသည်။ သူတို့အဖိုတော့ ကိုယ့်အသက်ထက် ငွေတွင်းတွေကျလာပြီဟုများ ထင်နေကြရော့သလားမသိ။

နည်းနည်းလင်းလင်းချင်းချင်း ရှိလာတဲ့အချိန်ကြတော့ လူသံတွေကြားလာရသည်။ အိမ်ထဲမှာ ဆက်လက် ဘုရားတနေလို့မရတော့။ လမ်းမပေါ်ထွက်ပြီး အနီးအနားဝန်းကျင် သတင်းမေးစမ်း အခြေအနေကြည့်ထွက်ရသည်။ မြင်ကွင်းကတော့ အသေးစိတ်ရေးပြချင်စရာမရှိ၊ သက်တမ်းရင့်အပင်ကြီး၊ အပင်ငယ်အားလုံး မြေပြင်ပေါ်တွင် ထက်ပိုင်း ကျိုး၊ အမြစ်ကပြုတ်ထွက်ကာ တုံးလုံးလဲကုန်ကြပြီ။ ယိုင်ပြီးသားအိမ်တွေတဲ့အဆင့်ရောက်ကုန်သည်။ အိမ်တော်တော် များများတွင် ခေါင်မိုးများ မရှိတော့။ ဒီမြင်ကွင်းတွေကြားမှပင်တွေးမိတာတစ်ခုကတော့ “သြော်… ငါတို့ နိုင်ငံတော် လူကြီးများ ဖြစ်စေချင်နေသော ဆန္ဒတစ်ခုတော့ ပြည့်သွားပြီ” လို့။ ဘာဖြစ်လို့လည်းဆိုတော့ တပ်ထားသော ၈ပေ စလောင်းတွေဟာ မြေကြီးပေါ်ရောက်တဲ့ဟာကရောက်၊ ခေါင်မိုးပေါ်တွေမှုာပဲ ခေါက်ရိုးကျိုးတွဲလဲကျကာ၊ တိုက်ခေါင်မိုး တွေပေါ်မှာ စက္ကူစွန်ငြိ သလိုကျေနေကြရှာလေပြီ။

လူလေးစုစုရုံးရုံးရှိလာတဲ့အခါကျတော့ ရှိတဲ့ဓါးမကိုယ်စီဆွဲ၊ ရဲဒင်း၊ ပုဆိန်တွေဆွဲလို့ ကိုယ့်အိမ်ထက် လမ်းမှာ ပိတ်နေသမျှ အပင်တွေ ဓါတ်တိုင်တွေကို ရှင်းလင်းဖယ်ရှားပစ်ကြသည်။ အလုပ်လုပ်ရင်းပြောမိကြတဲ့ အကြောင်းအရာ ကတော့ နာဂစ်ရယ် လုပ်ရက်ပါပေ့ပေါ့။ ဘယ်သူမျှ ဒီလောက်ဖြစ်မယ်ထင်မထားကြပါ။ ဘယ်သူမှလည်း မကြုံဘူးကြ တော့ ဘာမှ ကြိုတင်မစီမံနိုင်ခဲ့သလို ဒီလောက်အထိဖြစ်မယ်မှန်းသိရင် စလောင်းကလေးဖြုတ်ထားပါရဲ့၊ အမိုးလေးကို သံတွေနဲ့ ပြန်ရိုက်ထားပါရဲ့ နဲ့ ပြောကြဆိုကြရင်းနဲ့ ညဘက်ကကြားခဲ့ရတဲ့ လော်စပီကာသံ ကိုလည်း သတိတရနဲ့ ပြန်လည် ဆဲရေးမိကြတယ်။ ဒီအချိန်မှာတော့ အစိမ်းရောင်ဝတ်တဲ့ သတ္တ၀ါတွေရော၊ စွမ်းအားရှင်ကြီးတွေကော ဘယ်ဆီဘယ်ဝယ် ပျောက်နေတယ်မသိတော့ပါဘူး။

မြန်မာလူမျိုးများပါပဲ….။ ဒုက္ခတွေကြားထဲက ဘယ်သူ့ကိုမှလည်းမတမ်းတ၊ (တမ်းတလည်း လာမှာမှ မဟုတ်တာ) ရယ်ကာမောကာနဲ့ ဒုက္ခကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှင်းကြရတာပေါ့။

၃.၅.၀၈ စနေနေ့နေ့ခင်းပိုင်းလောက်ရောက်တော့ နာဂစ်လုံးဝမရှိတော့သလောက်ဖြစ်သွားပါပြီ။ ဒါပေမဲ့ နာဂစ်ရဲ့ သတင်းဖြန့်ချီရေးကွန်ယက်တွေကတော့ နောက် ၂နာရီကြာရင် လာလိမ့်ဦးမယ်။ ၂နာရီမှာမလာတော့ နောက်ကိုတရွေ့ရွေ့တိုးကာ ရွေ့လျားပျောက်ကွယ်သွားရသည်။ လူတွေမှာ ကြောက်လန့်တကြားဖြစ်လို့ ဆန်အိတ် ၀ယ်သူဝယ်၊ မီသွေးအိတ် ၀ယ်သူဝယ်၊ ခေါက်ဆွဲခြောက်ထုတ်ဝယ်သူဝယ်နဲ့ ဗရုတ်ဗရက်တွေဖြစ်ကုန်ကြတယ်။ ဈေးသည်တွေလည်း ဆက်သွယ်ရေးကိရိယာတွေသာ ပြတ်တောက်သွားပေမဲ့ ဈေးတက်ရာမှာတော့ လက်ညီကာ မြိုင်လှသည်။ ခေါက်ဆွဲခြောက်တစ်ထုပ် ၃၀၀၊ ဘဲဥတစ်လုံး ၃၀၀ ဖြစ်ကုန်သည်။ ထိုစနေလည်း သစ်ပင်ခုတ်၊ အမိုးဖာ ဖြင့်ကုန်ဆုံးကြရသည်။

တနင်္ဂနွေနေ့မနက်မှာတော့ လက်သမား၊ သွပ် နှင့်သံရောင်းသူများ၊ စက်ပြင်ဆရာများ၊ ရေစက်လိုက် မောင်းသူများ မင်းသားဖြစ်ကုန်ကာ အလုအယက် ခေါ်ငင်ကြသည်။ အမျှော်အမြင်ရှိလှသော စီးပွားရေးလုပ်တတ်သူ တွေကတော့ လက်တွန်းလှည်းပေါ် ရေစက်နဲ့ မီးစက်တွဲထိုင်ပြီး ရေတစ်စည်ကို ၅၀၀ကျပ်(၃မိနစ်)နှုန်းနဲ့ လိုက်လံ ဆော်သြရောင်းချပေးကြသည်။ ၀ိသမလောဘသမားလို့ သူတို့ကို ဘယ်သူမှ မခေါ်ရက် “ဟာ… ဟုတ်ပေသားပဲ၊ ရေ ရဖို့က အရေးကြီးတယ်” ဒီလိုနဲ့ ၁နာရီ ၅၀၀၀ကျပ်၊ ကိုယ့်ဓါတ်ဆီကိုယ်ထည့်၊ နောက်ဆုံး တစ်နာရီ ၁၂၀၀၀ကျပ် အထိ တက်တောင်းသူတွေရှိကြသလို တချို့ စေတနာတစ်ဝက်၊ စီးပွားရေးအမြင်တစ်ဝက်ရှိသူတွေကလည်း တစ်နာရီ ၃၀၀၀ လို့ ပြောကြပြန်ပါတယ်။ တစ်ချို့ စိတ်ရင်းလည်းပြည့်၊ ငွေကြေးလည်းနောက်ကလိုက်နိုင်သူတွေကတော့ အခမဲ့ ရေဝေ နေတာတွေ့ရပါသည်။ ရေပုံးလေးတွေကိုယ်စီဆွဲလို့ တန်းစီရပ်နေကြတဲ့မြင်ကွင်းကို တွေ့နေရသည်။ တချို့ရပ်ကွက် တွေမှာတော့ ကန်ထရိုက်တိုက်တွေပေါ် ရေစက်နဲ့လည်းတင်မရလို့ ရေသွားချိုး၊ရေသွားခပ်ရင်တောင် ရေတစ်စည် ၁၀၀၀ကျပ် ကနေ ၁၂၀၀ ကျပ်အထိ ယူကြပြန်ပါတယ်။ ပြည်သူတွေလည်း ဘယ်သူကများ ကူပါ့မလဲလို့တွေးရင်း မျက်ဖြူဆိုက်၊ အသက်ရှုရပ်မတတ်ဖြစ်နေကြပါပြီ။ “မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ”ဆိုလျှင်တော့မပြောတတ်ပါ၊ စာရေးနေချိန်မှာတော့ ဓါတ်ဆီဈေးက ၈၅၀၀၊ ဒီဇယ်ဈေးက ၁၂၀၀၀ ဖြစ်နေပါပြီ။

လမ်းမများပေါ်မှ အပင်ကြီး၊ အပင်ငယ်များကို တနင်္ဂနွေနေ့လည်အထိ လာရောက်ရှင်းလင်းမည့် သူပေါ် မလာသေးပါ။ စည်ပင်လည်းမလာ၊ စစ်သားလည်းမရှိ၊ ကြံ့ဖွတ်တွေလည်းရှာမတွေ့ နှင့် လမ်းတွေပိတ်ကာ ဘယ်ကိုမှ သွား၍မရဖြစ်နေချိန်တွင် ကယ်တင်ရှင်ပေါ်လာသည်ကတော့ ဘုန်းဘုန်းတို့ဖြစ်သည်။ ဘုန်းဘုန်းတို့ ဓါးကိုင်၊ လွှတိုက်၊ သစ်ပင်ခုတ်လိုက်သည်မှာ မြန်မာပြည်၏လမ်းမများပေါ်တွင် ဒုတိအကြိမ် သင်္ကန်းတပ်တို့ဖြင့်ပြည့်လေသည်။ ဘုရား သားတော်များ ပီပီ ခွင့်လွှတ်တတ်ကြသော ဘုန်းဘုန်းတို့က လမ်းပေါ်မှအပင်များ သာမက သူတို့ကို ရိုက်နှက်၊ ဖမ်းဆီး ခဲ့သော ရဲစခန်းအတွင်းမှ လမ်းပေါ်သို့လဲကြနေသော သစ်ပင်များကိုပါ ခုတ်ထွင်ရှင်းလင်းပေးခဲ့ကြသည်။ နေ့တစ်ဝက် ခန့်သာ ကြာလိုက်သည်။ လမ်းများပွင့်သွား၍ ကားများ သွားလာနိုင်လာကြသည်။

တနင်္လာနေ့တွင် ဆီဆိုင်များမှ ဆီပြန်ပေးသည်။ ဆီတန်းစီသောကားများမှာ ကွေ့ကာဝိုက်ကာနှင့် တန်းစီ ကြရသည်မှာ မနက် ၇နာရီတွင် သွားတန်းစီသူများ နေ့လည် ၃နာရီတွင် ဆီမရကြသေး၊ စာရေးသူ၏ ဦးနှောက် တစ်ထွာ တစ်မိုက်နှင့် စဉ်းစားကြည့်မိသည်။ ဒီလို ကားပေါင်းများစွာ စီတန်းပြီး လမ်းတွေကျပ်ပိတ်နေမည့်အစား ဆီစာ အုပ်နှင့် ပုန်းတွေယူလာကာ ဆီလာထည့်ကြပါဟု ကြေငြာစေချင်ပါသည်။ ရှားပါးလာတော့မည့်အချိန်တွင် တရွေ့ရွေ့ စီတန်းရွှေ့လျားနေရသဖြင့် ကုန်သော ဆီကိုလည်း ချွေတာပြီးဖြစ်သွားမည်ဟု ထင်ပါသည်။ စာရေးသူက ဥာဏ်ပုပါသည်။ ဤသို့လုပ်လာလိမ့်မည်ဟု လုံးဝမထင်ပါ။ လုံးဝမထင်ပါ။ နိုင်ငံတော်တွင် ခိုင်းတတ်သော လူကြီး တစ်ယောက်တော့ အလိုရှိပါသည်။ လမ်းပိတ်နေသော သစ်ပင်များအား ခုတ်ထွင်ရှင်းလင်၍ တစ်နေရာတွင် စုပုံစေချင်ပါသည်။ ကျန်တစ်ဖွဲ့က ပြတ်ကျနေသော ဓါတ်ကြိုါ်များနှင့် ပြိုလဲနေသော ဓါတ်တိုင်များအား သိမ်းဆည်း ထောင်မတ်စေလိုပါသည်။

ဖုန်းဆက်သွယ်ရေးပြန်ရရန်၊ အနည်းဆုံး ၁လနှင့် လျှပ်စစ်မီးများပြန်ရရန် အနည်းဆုံး နှစ်လစောင့်ဆိုင်း ရမည်ဟု ကြားနေရသည်။ စာရေးသူကတော့ လိုယ့်လက်လှမ်းမီရာမြင်ကွင်းနဲ့တင် မထင်မိပါ။ သက်ပြင်းသာ အခါခါ ချနေရုံကလြွဲ့ပီး ကြိတ်မှတ်ခံရုံသာရှိပါတော့သည်။

ရွှေဈေးလား… မသိတော့ပါ။ သွပ်ရိုက်သံဈေးကတော့ ကောင်းလှသည်။ သွပ်ရိုက်သံက တစ်ပိသာ ၃၀၀၀၀ကျပ် ဈေး။ သွပ်မိုးတစ်ချပ်က ၁၅၀၀၀ဈေး၊ လာမယ့်ဘေး ပြေးတွေ့၊ မည်သို့မည်ပုံ ရှာကြံဖန်တီးကြမည်မသိ။ စာရေးသူအနီးဝန်းကျင်မှာ သွပ်မိုးလေးတွေ အဟောင်းအသစ်ရောလို့ ပြန်ပြည့်စုံလာသည်။ ဒီလိုနဲ့ တနင်္လာမနက်ကျ တော့ လော်စပီကာသံပြန်ကြားရပြန်သည်။ သတင်းစာထဲမှာတော့ အရေးပေါ်အခြေအနေဒေသအဖြစ် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့အား ကြေငြာထားတာတွေ့ရပြီ။ “ရှေးဦးမဆွကပင် ဖွဲ့စည်း ထားရှိသည့် သဘာဝဘေးအန္တရာယ်ကကယ်ဆယ်ရေးကော်မတီတွေ ဖွဲ့စည်းနေကြောင်း ကြားသိရသည်။ အမျိုးသား ညီလာခံလောက်မကြာပါစေနဲ့ဟု ဆုတောင်းမိသည်။ ထိုကက လော်စပီကာတွင်လည်း အလကားပေးမည့် အကူအညီ အကြောင်းလုံးဝမပါဘဲ စားအုံးဆီ၊ ရေနံဆီ၊ ဖယောင်းတိုင် တို့ကို လိုသလောက်ဝယ်ယူရရှိမည်ဖြစ်ကြောင်းနှင့် သွပ်တစ်ချပ်လျှင် ၄၉၀၀ကျပ် ဈေးနှင့် လိုသလောက်ရောင်းချပေးမည်ဖြစ်ကြောင်းကြေငြာသွားခဲ့သည်။ စာရေးသူ နားထဲတွင် မကြားလိုက်ရတာ တစ်ခုရှိ၍ အခြားသူများအား ကြားလိုက်သလားဟု လိုက်လံမေးကြည့်ရာ သူတို့လည်း မကြားလိုက်ပါတဲ့။ ထိုအရာကား မည့်သည့် နေရာတွင် ၀ယ်ယူရရှိနိုင်သည် ဆိုတဲ့အသံပါပဲ။ တချို့ကပြောတာကတော့ မ.ရ.က ရုံးတွင်ရနိုင်တယ်လို့ ကြားလိုက်သလားလို့၊ တချို့ပြောပြန်တာကတော့ “အေး၊ ဘယ်နေရာမှာ ရမယ့်ဆိုတဲ့ အသံက ကြေငြာရင်းနဲ့ လုံးသွားသလိုပဲကွာ” တဲ့။ ဘာကိစ္စများ လူခြေတိတ်ချိန်၊ ညသန်းခေါင်မှကြေငြာသလဲ မသိပါဘူးကွာတဲ့။ ကြေငြာထဲမှာလည်း “ပြည်ပတိုင်းပြည်အကူအညီကို ယူစရာမလိုဘဲ” လို့ကြားလိုက်မိတယ်တဲ့။ ထိုလော်စပီကာသံသည်လည်း ညသန်းခေါင်ယံ တစ်ခေါက်သာ ပေါ်လာခဲ့ပါသည်။

နောက်တစ်နေ့ကျတော့ မသတီစရာ သတင်းကော၊ နည်းနည်းသတီချင်စရာမြင်ကွင်းတွေပါမြင်လာရ၊ ကြားလာရသည်။ လမ်းမကြီးတွေဘက်ထွက်လို့ရတဲ့အချိန်ကျတော့ လမ်းရှင်းနေကြတဲ့ တပ်မတော်သားကြီးတွေကို မြင်လာရသည်။ သြော်…. ဒီလိုအခြေအနေတွေကို မျှော်ကိုးပြီး “တပ်မတော် အင်အားရှိမှ တိုင်ပြည်အင်အားရှိမည်” လို့ ကြွေးကြော်နေကြတာများလား လို့ တွေးမိပါသည်။ တကယ်ဟုတ်လား၊ မဟုတ်ဘူးလားတော့မသိပါ။ သစ်ပင်ဖြတ်တဲ့ မော်တာလွှစက်ကို အရာရှိများသာကိုင်တွယ်ခွင့် ရသတဲ့။ မမြင်တွေ့ရသေးတဲ့ အဖြူ အစိမ်း ခြင်္သေ့တပ်ကလည်း သတင်းစကားပါးလိုက်ပါသည်။ လမ်းပေါ်ကျနေသော သစ်ပင်များအား လူအများ မထိရ၊ သူတို့လာမည်၊ သူတို့ခုတ် မည်၊ သူတို့ရှင်းလင်းပြီး ထင်းကိုလည်း သူတို့ဘဲယူမည်တဲ့။ သို့သော်လည်း အခုထိ မတွေ့ရသေးပါ။ ဆပ်ကော်မတီ များ ဖွဲ့နေကြမည်ထင်ပါသည်။ သူတို့လည်း အမျိုးသားညီလာခံလောက် မကြာပါစေနဲ့ဟု ဆုတောင်းမိသည်။ ပုဂ္ဂလိက သစ်ပင်ခုတ်သောအဖွဲ့များ ကတော့ရှိသည်။ အပင်ကြီးဆိုရင် ၅၀၀၀၀/ ၆၀၀၀၀ ကျပ်ခန့်ပေးရသည်။ ခုတ်ရုံသာခုတ်ပေးမည်။ ရှင်းလင်းပေးမည် မဟုတ်ပါတဲ့။ ထိုအချိန်တွင် သမက်တော်ကြီးကလည်း အကြံပိုင်လှသည်။ ထိုပုဂ္ဂလိက သစ်ပင်ခုတ်သူများအား Air-Bagan တံဆိပ်ပါသော တီရှပ်များ လိုက်လံဝေငှ၍ ၀တ်ဆင်စေပါသည်။ ဆီဘောက်ဆာကားကြီးများတွင် Air-Bagan မှ ရေလှူဒါန်းပါသည် ဟု စာတန်းထိုးကာ ရေကားကြီးများဖြင့် မြို့ပတ်နေ သည်ကိုလည်းတွေ့ရသည်။ တကယ်လှူမလှူတော့ မသိရပါ။ ကောင်းလေစွ…. ကောင်းလေစွ။

အစ္စရေးက အစိုးရလက်ထဲသို့ ဒေါ်လာ၅သန်းပေးသည်ဟုလည်းကောင်း၊ Caneda နိုင်ငံကတော့ အစိုးရ အား အယုံအကြည်မရှိသဖြင့် N.G.O အဖွဲ့တစ်ခုအား ငွေ ၂သန်းလွှဲပေးထားသည်ဟုလည်းကောင်း ကြားသိရ ပြန်သည်။

ကုလသမဂ္ဂ ကယ်ဆယ်ရေးအခြေစိုက်အဖွဲ့တွေကို ပြည်ဝင်ခွင့် ဗီဇာမပေးဟု ကြားရပြန်သည်။ ငွေနှင့် ပစ္စည်းများကိုသာ လှူဒါန်းနိုငသည်တဲ့။ UN ကလည်း အစိုးရအကြောင်းကို နောကြေနေလောက်ပြီ။ တဖန် UN မှ ငွေ မလှူ၊ ပစ္စည်းသာလှူမည်ဆိုတော့ အစိုးရက ဆန်၊ ဆီ၊ ဆေး သူတို့ဆီတွင်အပြည့်အစုံရှိပါသည်။ အခြားမှဝယ်ယူလျှင် ခရီးစရိတ်ထောင်းနိုင်သဖြင့် သူတို့ဆီမှ ၀ယ်ယူပါဟု ကမ်းလှမ်းလာပြန်သည်တဲ့။ စီးပွားရေးပါရဂူ အစိုးရအဖွဲ့နှင့် နေရ သော မြန်မာပြည်သူပြည်သားများ ဂုဏ်ယူသင့်လှသည်။

မဖြစ်ခင်၁ရက်အလိုက နိုင်ငံတကာမှ ကြိုတင်အသိပေးခဲ့သည်ကို မိုးလေ၀သဌာနမှ ပုသိမ်သို့သာဦးတည် ပြီး ရန်ကုန်ကို အဖျားခတ်နိုင်သည်ဟု မုန်တိုင်းလာခါနီးအချိန်အထိ ကြေငြာနေဆဲဖြစ်ကြောင်း၊ ထောင်တွင်း မီးးလောင်သည်ကို ထောင်ဆူသည်ဟုယူဆကာ စစ်ကားနှစ်စီးဖြင့် လာာရောက်ပစ်ခတ် နှိမ်နင်းခဲ့၍ အသေအပျောက် ရှိကြောင်းကြားသိရပြန်သည်။

နောက်ဆုံးသတင်းအနေဖြင့် မေလ၁၀ရက်နေ့ ပြည်သူ့ဆန္ဒခံယူပွဲကြီးကို ၂၄ရက်နေ့သို့ ရွှေ့ဆိုင်းလိုက် ပြီဖြစ်ကြောင်း၊ သွပ်ရောင်းသောဆိုင်များတွင် သွပ်များဝယ်ယူ၍မရတော့ကြောင်း၊ ရပ်ကွက် ရယက ရုံးတွင် အမိုးမိုးပြီး သူများမပါ၊ အမိုး မမိုးရသေးသူများသာ သွပ်ဝယ်ယူရန် လာရောက်လျှောက်ထားနိုင်ကြောင်း စသည်ဖြင့် ကောင်းလေ စွ…. ကောင်းလေစွ….. စုံလင်လှသည်။

အရာရာကိုတွေးပူတတ်တဲ့စာရေးသူကတော့ လမ်းဘေးဝဲယာတွင် စုပြုံထားသော သစ်ကိုင်းသစ်ရွက်များ ခြောက်သွေ့လာချိန်၊ ရေရှားပါးသောအချိန်၌ မီးဘေးအန္တရာယ်ကို တွေးပူမိပါသည်။ နောက်ဆုံးအချိန်ထိ မြေငလျင် လှုပ်မည်ဟု လူအများပြောဆိုနေကြကာ ကုန်ပစ္စည်းများဈေးမှာ တက်ချင်တိုင်းတက်နေကြပါသည်။ ဖြစ်ကာစမှာ လိုင်းကားခများ ဟိုနားဒီနား ၅၀၀ မှ ၁၀၀၀ အထိကောက်ခံယူကြောင်းကြားသိရပါသည်။

ဟိုဟာဖြစ်မည်၊ ဒီဟာဖြစ်မည်နှင့် ကြားသမျှ ကောလဟလသတင်းများအား စိတ်နာလှပြီဖြစ်သဖြင့် စာရေးသူကိုယ်တိုင် သတင်းတပုဒ် ထုတ်လွှင့်လိုက်သည်။ လူအများ ဒုက္ခဝေဒနာများကြားထဲမှ အနည်းငယ်တော့ ပြုံးမိ မည်ဟုထင်ပါသည်။

“UN ကယ်ဆယ်ရေးနှင့် ပြည်တွင်းကယ်ဆယ်ရေးဆပ်ကော်မတီများမှ မုန်တိုင်းတိုက်ခတ်သော ဒေသများ သို့ လိုက်လံကြည့်ရှု၍ အိမ်အမိုး အကောင်းပကတိရှိသူများ မှ အိမ်အမိုးပြင်ပြီးသူများမသိအောင် မိမိတို့၏ အိမ်အမိုး များကို ညအချိန်၌ တိတ်တဆိတ်ဆွဲလှန်ပစ်ရန် ကြံစည်နေကြခြင်း၊ အထူးသတင်းအနေဖြင့် မကြာမှီ ရက်ပိုင်းအတွင်း ၌ ရန်ကုန်ကို ဗဟုပြု၍ “ဂျာဂစ်”အမည်ရှိ နာဂစ် ၏အကိုတော်သူ လေဆင်နှာမောင်းကြီးက သူ၏ညီမငယ် ဆိုးသွမ်း ဆော့ကစားမှုကြောင့် ပျက်စီးသွားသော အပျက်အစီးများ၊ အမှုက်များကိုသယ်ဆောင်ဆွဲငင်၍ ယူဆောင်သွားပြည် ရန်ကုန်မြို့မှ ထွက်ပြေးပုန်းရှောင်သွားသော မြို့တော်ကြီးတွင် သွားရောက်စုပုံထားမည်ဖြစ်ကြောင်း၊ ကြိုးပြတ်တောက် ၍ လဲကျနေသော ဓါတ်တိုင်များကို ဟယ်ရီပေါ်တာနှင့် သူငယ်ချင်းတစ်စုမှ မှောကြိမ်လုံးများဖြင့် လာရောက်ပြုပြင်ပေး သွားသောကြောင့် ဓါတ်တိုင်များ ပြန်လည်တည့်မတ်ပြီး မီးများ ထိန်ထိန်လင်းတော့မည်ဖြစ်ကြောင်း၊ လူအများ လက်မခံသော ဆန္ဒခံယူပွဲကြီးကို ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက လေဆင်နှာမောင်းကြီးသည် နောက်တစ်ခါ ပြန်လာ၍ ကူရာ၊ ကယ်ရာမဲ့နေသော ကျောမွဲလူတန်းစားများအား သယ်ဆောင်ကာ မဲရုံများသို့သယ်ဆောင်လာကာ ချ ထားခဲ့ပြီး ရိုက်ပွဲ၊ သတ်ပွဲ၊ လုယက်ပွဲများဖန်တီးမည်ဖြစ်ကြောင်း ကြားသိရပါသည်။

ကောင်းလေစွ၊ ကောင်းလေစွ။ စိတ်ကူးနဲ့တင် အရသာရှိလှပါသည်။

မင်းသစ်တည်

7.5.2008

(စကားချပ် ၁။ ပါးစပ်သတင်း၊ အရပ်သတင်းများအပေါ် ကိုးကားအခြေခံထားပါသဖြင့် အချက်အလက်များ အားလုံး မှန်ကန်သည်ဟု မဆိုလိုပါ။

စကားချပ် ၂။ ဆောင်းပါးကို ၇.၅.၂၀၀၈ တွင်ရေးသားပြီးစီးသော်လည်း လျှပ်စစ်မီးပြတ်တောက်နေမှုကြောင့် ကွန်ပြူတာစာစီ၍မရခြင်း၊ တယ်လီဖုန်းလိုင်းအချို့မကောင်းသေးသဖြင့် Internet မရခြင်းတို့ကြောင့် ဆောင်းပါးသည် အနည်းငယ် နောက်ကျသွားပါသည်။

ဤဆောင်းပါးကို နောက်ဆုံး ကွန်ပြူတာတင်ပြီးချိန် ရရှိသော သတင်းများအရ အပြည်ပြည်ဆိုင် ရာ မှပေးပို့သော ခေါက်ဆွဲခြောက်၊ ဘီစကွတ်၊ နို့ဆီများကို စားဖူးလိုပါက ညောင်ပင်လေးဈေးတွင် လိုသလောက်ရ ရှိနိုင်ကြောင်း၊ မည်သည့်နေရာမှ ရောက်ရှိလာသည်ကို မသိရသော မီးစက်ကြီးများ၊ ကွန်ပြူတာများကို ဘုရင့်နောင် တွင် အဆက်အသွယ်ရှိပါက ၀ယ်ယူ၍ ရနိုင်ကြောင်းနှင့် လေဘေးခံ ရန်ကုန်ပြည်သူများအနေဖြင့် အိမ်ထောင်စု စာရင်း ကိုပြသနိုင်ပါက ၃ရက်၁ခါ၊ ရ.ယ.က ရုံးတွင် ဆီ၂၀သားကို တဆယ်သားလျှင် ၂၅၀ကျပ်ဈေးနှင့် ၀ယ်ယူ ရရှိနိုင်ကြောင်း သတင်းများကိုပါ ထည့်သွင်းတင်ပြလိုက်ရပါသည်။)

စစ်မုန်တိုင်း အမြန်အဆုံးသတ်ရေး ဆုတောင်းပွဲ

နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသူများနှင့် ကျန်ရစ်သူမိသားစုများအား ရည်စူး၍ စင်္ကာပူနိုင်ငံသံရုံးရှေ့တွင် လာမည့်စနေနေ့ညနေ (၇)နာရီမှစတင်ကာ ဖရောင်းတိုင်များထွန်းညှိကာ လူမျိုးမရွေး ဘာသာမရွေး ဆုတောင်းမေတ္တာပို့သကြမည်ဟု သတင်းရရှိသည်။ နိုင်ငံတစ်ကာမှ လူသားချင်းစာနာသော အကူအညီများ နှင့် ကယ်ဆယ်ရေးအဖွဲ့များ အမြန်ဆုံးဝင်ရောက်ခွင့်ရရေးကိုလည်း ဆက်လက်တောင်းဆိုသွားမည်ဟု သတင်းရရှိသည်။

Thursday, 15 May 2008

You could see 2 different situations in 2 countries. Why don't junta learn such things form their own master, China?

Myanmar (Junta) pushing survivors out of monasteries, say monks (click here)

China orders 90 more choppers, 30,000 troops to quake zone (click here)


Right now, Burmese Junta might think how to send aid and donation to China.

Do you want aid-good? You can buy from markets in Burma after Nargis!!



Demostration at the front of Burmese Embassy

we would like to appeals to all Burmese community to come and pressure for


Myanmar (SPDC) has to accept to all international aid workers and as a Burmese community in UK has to show that we are supporting and trying to get the aid to cyclone victims.



Date 16.05.08(Friday)


Time: 13:00 to 14:00


Place of Demonstration


Myanmar Embassy

19A Charles Street

London

W1J 5DX

Global Day of Action for Burma's Cyclone Victims

On Saturday May 17th 2008 people across the world will join a Global Day of Action calling for an urgent response to the humanitarian disaster in Burma.
We urge you to join this day of action and ask world governments to take action now and save thousands of lives.

We are calling on the US, UK, France and other key nations to use whatever assets and means they have to deliver aid to those suffering in Burma, even
without the approval of the military regime. Many European leaders have already stood up and called for action to force aid in if necessary. This
effort is being pushed by a coalition of organizations around the world, and supported by many groups inside Burma. We cannot stand by as millions more
are on the brink of death from starvation and disease. The UN has warned of a "second catastrophe unless the junta immediately allows massive air and
land aid deliveries”. Our sources inside Burma tell us that the survivors in the Irrawaddy delta are now having to cope with a “tsunami of disease”.

We will hold 3 protests in London on Saturday 17 May, details are below:

French Embassy: Time: 12:30 - 13:00
Address: 58 Knightsbridge London SW1X 7JT

American Embassy: Time: 13:30 - 14:00
Address: 24 Grosvenor Square, London, W1A 2LQ

Foreign Office: 14:40 – 15:10
Address: King Charles Street London SW1A 2AH

Wednesday, 14 May 2008