Friday 31 August 2007

အလိုရှိသည် ဆုငွေ .... နဲ့ ခွေးဋီကာ

အော် .. တော်တော်လည်း တရားမဲ့တဲ့ နအဖပါလား ... ။

ပေးထားတဲ့ နာမည်ကတော့ ဘယ်လိုလူတွေက မြှောက်ပေးလိုက်လဲ မသိတဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေားကောင်စီ(နအဖ)တဲ့။ တော်တော်ရယ်(ရီ) စရာ ကောင်းတဲ့ လူ့အတ္တ တစ်သိုက်လို့ ခေါ်ရင် မမှားပါဘူး။ ဒါမှ မဟုတ် နာမည်ပေးပြီး နာမည်နဲ့ ဆန့်ကျင်တဲ့ အရာတွေလုပ်ဖို့ တမင်သက်သက်များကြိုးပမ်းပြီး ပေးထားသလားမသိ။

ကြည့်ပါဦး .... အစိုးရတဲ့ ... ဘာမှ အစိုးမရတဲ့ လူတစ်စုပဲ။ ပြောချင်ရာပြော လုပ်ချင်ရာလုပ်၊ အပြောတမျိုး အလုပ်တမျိုး နှစ်မျိုးပဲ လုပ်တတ်တဲ့ လူစားတွေနဲ့ ဖွဲ့စည်းထားတာလေ ... ။ ဂုဏ်ပုပ်တွေ .. ဂုဏ်ပုပ်တွေ ပြောပါတယ်။ (ပုပ်သိုးနေသော ဂုဏ်တွေကို ရည်ရွယ်တာပါ။)

သူတို့ လူ့အတ္တ တစ်သိုက်ထဲမှာတင် ဘာမှ အစိုးမရတာကို သူတို့ သတိများ ထားမိသလားမသိ။ အချင်းချင်း စားခွက်လု၊ ခွက်စောင်းခုတ်နဲ့ လူသားလို့တောင် ခေါ်လို့ မရတဲ့ ဘယ်လို သတ္တ၀ါလို့ နာမည်ပေးရမယ်မှန်း မသိတဲ့ လူတစ်စုပါ။ ဘိုလ်ချုပ် ထွန်းကြည်၊ ဘိုလ်ချုပ် မြင့်အောင်တို့ အုပ်စုကစလို့ အခု နောက်ဆုံး ဘိုလ်ချုပ် ခင်ညွန့်အထိ အချင်းချင်းတောင် အစိုးမရပါနိုင်ကြဘူး။ (ဘိုလ် .. ဆိုသော စကားလုံးက စာလုံးပေါင်း မှားချင်း မဟုတ်ပါ. ဘလောင်း ဘလဲ ပြောတတ်လွန်းလို့ ဘိုလ် .. လို့ ခေါ်တွင်စေရချင်းပါ။)

ပြည်သူတွေကို ပြောသေးတယ် ... ။ ၁၉၉၀ ရွေးကောက်ပွဲ ပြီးရင် နိုင်တဲ့ ပါတီကို အာဏာပေးမယ်တဲ့။ တကယ့် ဘိုလ် အစစ်တွေပါပဲ။ ဘလောင်း ဘလဲ အရှက် မရှိ မသိချင်ယောင် ဆောင်ပြီး ခပ်တည်တည်ပဲ ၁၉ နှစ် အာဏာကိုင်ထားကြတယ်။ ပြီးတော့ ပြောလိုက်သေးတယ် ... ဘာတဲ့ ... တိုင်းပြည်ကို ကယ်တင်နေတာတဲ့။

ပြောသေးတယ် .. ပြောသေးတယ် ...။ ဘာတဲ့ ..။ ပြည်ပအားကိုး ပုဆိန်ရိုးတွေတဲ့ ..။ ပြတ်လုံးကောင်း တစ်ခုပေါ့။ သူများကို ခပ်တည်တည်နဲ့ စွပ်ဆွဲနေလိုက်ကြတာ။ စကားကို တန်ဖိုးမထားတဲ့ သူတွေက အခြားလူတွေကို ပြန်စွပ်စွဲနေလိုက်တာ။ အားမနာ ပါးမနာ။ သူတို့ပဲ တရုပ်ပြည်ကို သွားဖားလိုက်၊ ရုရှားကို မျက်နှာချိုသွားသွေးလိုက်၊ မြောက်ကိုရီးယားကို ဆရာခေါ်လိုက်နဲ့ ပေါ်ပေါ်တင်တင်လုပ်ပြီး သူများတွေကို ပြည်ပအားကို ပုဆိန်ရိုးတဲ့။ ပြောတတ်လိုက်တာကွယ်လို့ ချီးမွမ်းရမလို ဖြစ်နေပြီ။


ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ နေရာမှာလဲ အရှက်မရှိ ပြောတတ်နိုင်လွန်းကြပါပေတယ်။ နိုင်ငံခြားသားကို အိမ်ထောင်ဖက်ပြုလို့ဆိုပဲ။ မကြာပါဘူး အဲဒီ ကိစ္စကို အထူးတလည် ကိုင်တွယ် ၀ါဒဖြန့်နေတဲ့ ဘိုလ်ခင်ညွန့်တစ်ယောက် သူ့သား စင်္ကာပူ သူကို အိမ်ထောင်လဲ ပြုလိုက်ရော ပါးစပ်ကို ပိတ်သွားပါပကောလား။ အော် .. အစိုးမရတဲ့ နအဖ ....။

တိုင်းပြည်က စီးပွားရေးတွေ သူတို့ လက်ထက်မှာမှ မကြုံစဖူး တိုးတတ်လာတယ်ဆိုပဲ။ ဟုတ်မှာပေါ့ .. ဟုတ်မှာပေါ့။ သူတို့ စစ်သားဘ၀မှာ ဘယ်တစ်ခါမှ မရဖူးတဲ့ အခွင့်ထူးတွေခံစား၊ လဘ်တွေစားနဲ့ သူတို့ ချမ်းသာချင်တိုင်း ချမ်းသာနေကြတော့ မကြုံစဖူးလို့ အထူးပြု ခေါ်တွင်စေရတော့တာပေါ့။ အဲ ပြည်သူတွေမှာတော့ ထမင်းရည် တပုလင်း ၂၀၀ ဆိုပဲ။ ထမင်းရည် ဈေးကွက်တောင် မြန်မာပြည်ကြီးမှာ ပေါ်ပေါက်လာသေးတယ်။ တော်ပါပေ့ နအဖ။

တိုင်းပြည်ရဲ့ ပညာရေးက ကမ္ဘာနဲ့ ရင်ဘောင်တန်း သင်းကြားပေးနေတယ်ဆိုပဲ၊ အောင်ချက်ကလဲ ကောင်းမှကောင်း။ ဘိုလ်သန်းရွှေရဲ့ သမီးတော်လေး သန္တာစိန်ကို အနစ်နာခံပြီး တရုပ်ပြည်မှာ PhD သွားသင်ခိုင်းရတယ်။ (သိတယ်နော် စိန်မှ စိန်)။ မြေးတော်လေးကိုလည်း အနစ်နာခံပြီး စင်္ကာပူမှာ ပြည်သူပိုင်လေယဉ်လေးသုံးပြီး ကျောင်းတတ်ခိုင်းသေးတယ်။ (အခုတော့ တေဇပိုင် လေယဉ် ဖြစ်နေပါပြီ။) အနစ်နာခံတတ်တဲ့ တို့ရဲ့ ဘိုလ်ချုပ်မှူးကြီးပါပဲ။ ဒါတောင် PhD ပြီးရင် Master ဆက်တတ်ဆိုတဲ့ ပညာရေး ၀န်ကြီးရဲ့ ထူးချွန်ပုံ မပါသေးဘူး။

အဲ.. ပညာရေးဆိုလို့သူနဲ့ တတွဲတည်း ထားရတဲ့ တိုင်းပြည်ကျန်းမာရေးကလည်း အထူးတလည် ပြောစရာမရှိပေဘူး။ ကမ္ဘာကိုအဆင့်ကို တောင် ကျော်ချင် ကျော်နေမှာ..။ ဒါတောင် ကြံဖန် အနစ်နာခံတတ်တဲ့ ဘိုလ်ချုပ်မှူးကြီးမှာ စင်္ကာပူမှာ ဆေးသွားကုရတယ်။ (အနစ်နာခံတာ အနစ်နာခံတာ) မြန်မာပြည်သူတွေမှာတော့ အောင်တမန်၊ ကွမ်းရွက်ပုံ၊ လမ်းဘေး ကုလားဆိုင်က ဆေးမြီးတိုသုံးပြီး၊ HIV အပါအ၀င် ကိုးဆယ့်ခြောက်ပါး ကျော်တဲ့ ရောဂါတွေနဲ့ နပမ်းလုံးနေကြရတယ်။ ဒါမှလဲ နအဖ ခေါင်းဆောင် ပီသမှာလေ။ ဒီမှာလည်း ငှတ်တုတ်ကွေး တောင်မကျော်နိုင်ဘူးဆိုတဲ့ နအဖ ဥာဏ်ကြီးရှင်တွေ ထည့်မပေါင်းရသေးဘူး။

ထင်ရှားတဲ့ နောက်ထပ် ကိစ္စတစ်ခုကတော့ အများသိတဲ့ ဒီပဲယင်းပဲ။ အရိုက်ခံရတဲ့ လူတွေက အခုထောင်ထဲမှာ၊ ရိုက်တဲ့လူတွေက ဘ၀တစ်ပါးမှာ(နအဖ လက်စတုံး အစီအစဉ် အရ)၊ စီစဉ်သူတွေက နအဖ အဖွဲ့ဝင်တွေဆိုပြီး မြန်မာနိုင်ငံကြီးမှာ ဖြစ်နေတာကိုလေ။

အခုလဲ ကြည့်ပါဦး .. ။ လောင်စာဆီဈေးတွေ တတ်လိုက်တယ်။ ကမ္ဘာ့စံချိန်မှီ ဈေးတတ်လိုက်တယ် ဆိုပဲ။ ဘိုလ်ကျော်ဆန်းရဲ့ ၂၀၀၅ က စကားလေးပါ။ ပြည်သူတွေရဲ့ ၀င်ငွေကတော့ ကမ္ဘာ့ စံချိန်မမှီတာကို ထည့်မပြောသွားဘူး။ စံချိန်မမှီတာတင် မကဘူး .. ကမ္ဘာ့အနည်းဆုံး ၀င်ငွေနဲ့ ရပ်တည်နေကြကို မသိချင်ယောင်ဆောင်နေကြတယ်။

တစ်ခါတည်း ပြောနေကြတယ်။ အဲဒီလို မတရား လောင်စာဆီဈေးတတ်လိုက်လို့ ပြည်သူတွေ ကားမစီးနိုင်တဲ့ ကိစ္စကို ကိုယ်စားပြု ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖေါ်တဲ့ လူတွေကို ညမချိန်မတော် ၀င်ဖမ်းပြီး ဘိုလ်ဆိုတဲ့ အတိုင်း ဘလောင်းဘလဲနဲ့ ၂၅.၀၈.၂၀၀၇ သတင်းစာတွေမှာ အမျိုးသားညီလာခံကို ဖျက်ဆီးနှောက်ယှက်တယ် ဆိုပဲ။ (ပြည်သူတွေ ကားမစီးနိုင်တာဆိုလို့ အထင်ကြီးမသွားနဲ့ဦး၊ ကိုယ်ပိုင်ကား မဟုတ်၊ ငါးဖယ်သိပ် ကြပ်နေတဲ့ ဒုတိယ ကမ္ဘာစစ်အတွင်းက သုံးတဲ့ bus ကားတွေကို ပြောတာ) ဆန္ဒထုတ်ဖေါ်သူတွေ အိပ်ချိန်မှာ ပြစ်မှုရေရေရာရာ မပြောနိုင်ပဲ လာဖမ်းတဲ့ လူတွေကိုသာ နိုင်ငံတကာဥပဒေနဲ့ ကြည့်ရင် ပိုင်နက်ကျူးလွန်မှု၊ နှောက်ယှက်မှုတွေနဲ့ ကောင်းကောင်း တရားဆွဲနိုင်သေးတယ်။

အဲ .. နောက်ထပ် ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖေါ်ပြသသူတွေကို ပြည်သူဆိုပြီး အရှက်မရှိတဲ့ လူတွေနဲ့ အထောက်အပံ အပြည့်အစုံပေးပြီး ရမ်းကားချင်တိုင်း ရမ်းကားနေလိုက်တာ။ ပြောသေးတယ် တာဝန်သိ ပြည်သူတွေဆိုပဲ။ လခစား ရဲတွေက ဘာလုပ်နေကြလဲ။ နိုင်ငံတော် အေးချမ်းသာယာရေး အဖွဲ့ကြီးက ဘာတွေလုပ်နေလဲ။ နအဖ အကြောင်း ပြောရရင်တော့ဗျာ ... ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ခွေးဋီကာ ဆိုပြီး စာရေးခဲ့သလို ခွေးဋီကာ(ဒါမှမဟုတ်) သူ့ထက်ထိရောက်တဲ့ စကားလုံးနဲ့ ဋီကာဖွဲ့ပြီး ရေးရမယ့်ပုံပါပဲ။

နောက်ဆုံးပေါ် နအဖရဲ့ စတန့်ကတော့ အဲဒီ ဆန္ဒထုတ်ဖေါ်သူတွေထဲက သူရဲကောင်း (၄)ယောက်ကို ဆုငွေကျပ် (၁၀)သိန်းဆိုပဲ။ နအဖ ခင်ဗျားတို့ လျော့တွက်လှချည်လား.....။ တိုင်းပြည်ရဲ့ အဖိုး မဖြတ်နိုင်တဲ့ သူရဲကောင်းတွေကို သုံးမရတဲ့ ကျပ်ငွေ (၁၀)သိန်းတဲ့။

ခင်ဗျားတို့လိုဆို ကျွန်တော်တို့ ပြည်သူတွေကလည်း နအဖ အဖွဲ့ကြီး တစ်ဖွဲ့လုံးကို အားနာပါးနာနဲ့ အလိုရှိသည် ဆုငွေ (၁) ကျပ်ပေါ့ဗျာ။ ဘိုလ် သန်းရွှေ အပါအ၀င် တစ်ဖွဲ့လုံးနော် ..... ဆုငွေ (၁)ကျပ်......။ ဆုငွေ တစ်ကျပ် ဗျို့။


ကိုထိုက်

Wednesday 29 August 2007

လူထုတိုက်ပွဲ မြေအောက်လက်စွဲ

ဒီနေ့ဖြစ်နေတဲ့ လှုပ်ရှားမှုတွေတွေကို စစ်အစိုးရက အပြင်ထန်းဆုံး ဖိနှိပ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၈၈ က စတင်လာတဲ့ ဒီမိုကရေစီ တိုက်ပွဲဟာ အရေးအကြီးဆုံးပိုင်းကို တစတစ ရောက်ရှိလာနေလို့ ဖြစ်တယ်။ တိုက်ပွဲက ပိုပြီး ပြင်းထန် လာသလို၊ အကွေ့အကောက်တွေ များလာနိုင်တယ်။ လှုပ်ရှားမှုတိုင်းဟာ ဒီသဘောတွေ ဆောင်နေခဲ့တယ်။ လှုပ်ရှားမှု အသေးလေးတွေက လှုပ်ရှားမှုကြီး တခုလုံးကို အဆုံးအဖြတ် ပေးနိုင်တယ်။ ဒါကြောင့် ခေါင်းဆောင်မှု ဟာ အရေးကြီးလာပါတယ်။ ခေါင်းဆောင်တိုင်း သတိထားသင့်တဲ့ လူထုတိုက်ပွဲ နည်းနာတွေကို ကျနော်တို့ ၈၈ တိုက်ပွဲ ကာလက ရရှိခဲ့တဲ့ သင်ခန်းစာတွေ အပေါ် အခြေခံပြီး ဝေငှလိုက်ပါတယ်။

၁ - လုံခြုံရေး
၂ - ဆန္ဒပြခြင်း၊ ချီတက်ခြင်း
၃ - စည်းကို ကျော်ပေးရခြင်း
၎ - ယန္တရားများကို ဖြိုချခြင်း
၅ - အုပ်ချုပ်ရေးများ အစားထိုးခြင်း

၁။ လုံခြုံရေး

ကိုယ်ရဲ့ လုံခြုံရေးဟာ လှုပ်ရှားမှုရဲ့ လုံခြုံရေး ဖြစ်တယ်။
လုံခြုံရေးကို ဂရုစိုက်တတ်နိုင်ရင် အဖမ်းမခံရအောင် ကြိုးစား။
ကိုယ်လွတ်နေသမျှ တိုက်ပွဲတွေ ဆင်နွှဲနိုင်တယ်။

အခုဖြစ်နေတဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေမှာ အားနည်းချက် တချို့ကို ကျနော် လေ့လာ တွေ့ရှိရတယ်။ ဒါကတော့ တူညီဝတ်စုံ - ယူနီဖောင်း၊ အဖြူနဲ့ ကချင်ပုဆိုးတွေ ဝတ်ထားတာ၊ ပင်နီ တိုက်ပုံတွေ) ဝတ်ထားပြီး ဆန္ဒပြတာ အားနည်းချက် ရှိတယ်။ ဒီလို ဝတ်ထားခြင်းအားဖြင့် ပစ်မှတ်ကို အလွယ်တကူ ပေးထားသလို ဖြစ်နေတယ်။ လူထုထဲက ကြည့်နေတဲ့ သူတွေနဲ့ မိမိနဲ့ အဆင့်အတန်းတခု - Class တခုကို ခွဲခြားပေးထားသလို ဖြစ်နေတယ်။ လမ်းဘေးက ရပ်ကြည့်နေတဲ့သူ တဦးအနေနဲ့ ငါပါလို့ သူတို့က ကြိုက်ပါ့မလား။ (သူမှာက ယူနီဖောင်း မဝတ်ထားတဲ့ အတွက်) ငါ့ကို အစိုးရ လူတွေက စောင့်ကြည့်နေမလား ဆိုတဲ့ စိုးရိမ် သံသယတွေ ဖြစ်ပေါ် နေတတ်ပါတယ်။ ဒါကြောင့် ယူနီဖောင်း မဝတ်ဘဲ သူလို ကိုယ်လိုပဲ ဝတ်ထားရင် အရေးအကြောင်းမှာ လူထုထဲကို ဝင်ရောက်ပြီး ပုံဖျက်နိုင်တယ်။ လူထုတွေကိုလည်း ကိုယ့်လှုပ်ရှားမှုမှာ ဝင်ရောက်နိုင်ဖို့ တံခါးဖွင့်ပေးထားနိုင်တယ်။

အခုဖြစ်နေတဲ့ လှုပ်ရှားမှုဟာ ၁၉၇၄ ခုနှစ် အလုပ်သမား အရေးအခင်းနဲ့ သွားတူနေတယ်။ ၁၉၇၄ ခုနှစ် အလုပ်သမား အရေးအခင်းက ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကို မခံနိုင်လို့ အလုပ်သမားတွေ စတင် သပိတ်မှောက်မှုက စတင်လာခဲ့တယ်။ ဒါပေမယ့် အလုပ်သမား အရေးအခင်းဟာ အနှိမ်နင်းခံရတယ်။

ဘာကြောင့်လဲ။ မဆလ အုပ်ချုပ်ရေး ယန္တရားဟာ ခိုင်မာနေသေးတယ်။ အလုပ်သမား လှုပ်ရှားမှုက လူထုနဲ့ မပူးပေါင်းနိုင်ခဲ့ဘူး။ ဒီနေရာမှာ လူထုနဲ့ မပူးပေါင်းနိုင်တာက ၁၉၇၄ ခုနှစ်က အလုပ်သမား သပိတ်တွေဟာ စက်ရုံတွေ၊ အလုပ်ရုံတွေထဲမှာပဲ ဖြစ်ခဲ့တယ်။ သပိတ်ကို ဦးဆောင်တဲ့ သူတွေက အလုပ်သမားတွေနဲ့ လူထုနဲ့ ပူးပေါင်းစေနိုင်တဲ့ နည်းနာကို မကျင့်သုံးနိုင်ခဲ့လို့ပဲ ဖြစ်တယ်။

၁၉၇၄ ခုနှစ် ကျောင်းသား လှုပ်ရှားမှုဟာလည်း အလားတူပဲ ဖြစ်ခဲ့တယ်။ ၁၉၈၈ ခုနှစ် ကျောင်းသား လှုပ်ရှားမှုရဲ့ ထူးခြားမှုကတော့ လူထုနဲ့ ပူးပေါင်း နိုင်ခဲ့တယ်။ ဒီလို ပူးပေါင်းနိုင်ခဲ့တာ အမှတ်မထင် တိုက်ဆိုင်မှု တခုတော့ မဟုတ်ခဲ့ပါဘူး။ ဒီလို ပူးပေါင်းနိုင်ဖို့ အတွက် စနစ်ကျတဲ့ နည်းစနစ် တချို့ကို တီထွင်နိုင်ခဲ့လို့ ဖြစ်တယ်။
နောက် တိုက်ဆိုင်မှုတခုက အခု အခြေအနေက ၈၈ အစပိုင်းက အခြေအနေနဲ့ တူနေပါတယ်။ ဒီကာလတုန်းက ကျနော်တို့ဟာ လူထု မလိုက်ပါနိုင် ပါနိုင်ဆိုတာကို ပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ်နိုင်လောက်အောင်ကို ဖြစ်ခဲ့ရတယ်။

ဒီတော့ ကျနော်တို့ဟာ အချက် ၂ ချက်ကို အတိအကျ လုပ်ဆောင်နိုင်ခဲ့တယ်။

၁ - ကိုယ့်ရဲ့ အခြေအနေကို လုံခြုံအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ (တဖက်မှာလည်း မဆလက ထောက်လှမ်းရေး တင်ဦးနဲ့ ဖြုတ်ထုတ် ခံနေရမှုက ကျနော်တို့ကို အခွင့်သာစေခဲ့တယ်။ အခုလည်း ခင်ညွန့်နဲ့ အဖွဲ့ ဖြုတ်ထုတ် ခံနေရတာကို အခွင့်ကောင်းယူနိုင်ဖို့ ကျနော် တိုက်တွန်းလိုတယ်။)

၂ - လှုပ်ရှားမှုကို တပြည်လုံး ပြန့်နှံ့အောင် ကျနော်တို့ လုပ်ဆောင်နိုင်ခဲ့တယ်။ ကျနော်တို့ လူထု တိုက်ပွဲဝင်ခဲ့တဲ့ နည်းနာကတော့ ပြောက်ကျားသပိတ် နည်းနာကို ကျင့်သုံးခဲ့တယ်။ အခြေအနေ ပေးတဲ့ နေရာတွေမှာ အချိန် တော်တော်ကြာတဲ့ ချီတက် ဆန္ဒပြမှုကို ကျနော်တို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်။

အဲဒီကာလ စကားတခွန်း ဖြစ်ခဲ့တယ်။ ဒါကတော့ ပြောက်ကျားသပိတ် ဆိုတဲ့စကားပါပဲ။ ဒါက ဘာလဲဆိုတော့ ကျနော်တို့ဟာ လူစည်ကားတဲ့ နေရာတွေကို ရုတ်တရက် ရောက်လာတယ်။ တရားဟောတယ်။ စာဝေတယ်။ ပိုစတာတွေ ကပ်တယ်။ လုံထိန်းတွေ၊ ထောက်လှမ်းရေးတွေ ရောက်လာရင် လူထုထဲမှာ ကိုယ်ရောက်ဖျောက်ပြီး ထွက်ပြေးကြတယ်။ နောက်တနေ့ နောက်တနေရာမှာ ပြန်ပေါ်လာပြီး ဆက်လိုက် တိုက်ပွဲဝင်ရင်း လူထုကို အဆက်မပြတ် လှုံ့ဆော်ခဲ့တဲ့ နည်းစနစ်တွေကို သုံးခဲ့ခြင်း ဖြစ်ပါတယ်။

နအဖကလည်း ဒီခြေအနေဟာ ၈၈ ကာလတုန်းကလိုပဲ ပြင်ဆင်နေတာ၊ တုံ့ပြန်နေတာကို ကြည့်ခြင်းအားဖြင့် အလေးအနက် ပေးနေတာကို သိနိုင်တယ်။ ခုကာလဟာ ၈၈ တုန်းက ဒေါက်တာ မောင်မောင် ကာလ ၁၉၉ဝ ရွေးကောက်ပွဲ ကာလတုန်းကလို မရောက်သေးဘူး ဆိုတာကို သတိပြုသင့်ပါတယ်။ ဒီကာလတွေတုန်းက ကျနော်တို့ တူညီ ယူနီဖောင်းတွေ ဝတ်ခဲ့တယ်။ ဒီလို တူညီ ယူနီဖောင်းဝတ် ဆန္ဒပြတာကို ကျနော်တို့ ဒီကာလ တွေမှာပဲ လုပ်ခဲ့တယ်။ ဒီလိုဝတ်ထားခြင်းအားဖြင့် အောင်မြင်ခဲ့တာတွေ ရှိသင့်သလောက်တော့ ရှိခဲ့ပါတယ်။

ဆန္ဒပြပွဲ အစပိုင်းမှာ လုံခြုံရေးဟာ အထူး အရေးကြီးလှပါတယ်။ ကိုယ့်ရဲဘော်တယောက် အဖမ်းခံရခြင်းဟာ လှုပ်ရှားမှုအတွက် အောင်ပွဲအတွက် တဆင့် အားနည်းသွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လုံခြုံရေးကို အထူး ဂရုစိုက်ဖို့ လိုပါတယ်။ အဖမ်းမခံရအောင် ရှောင်တိမ်းနိုင်ဖို့ ပြင်ဆင်မှု ရှိစေချင်တယ်။ ၁၉၈၈ ခုနစ် မတ်လ ကနေ ၈၈ လှုပ်ရှားမှုကြီးအထိ ကျနော် အဖမ်းမခံရအာင် အစွမ်းကုန် လုပ်ဆောင်ခဲ့တယ်။ ကိုယ်လွတ်မြောက်နေသမျှ အာဏာရှင် စနစ်ကို နှောင့်ယှက် ဖျက်ဆီးနိုင်ပါတယ်။ ဒီနေရာမှာ အဖမ်းခံရတဲ့ ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်တို့နဲ့ တချို့ ခေါင်းဆောင်တွေကတော့ တက်ကြွ လှုပ်ရှားသူများလို ရှောင်တိမ်း လှုပ်ရှားနေလို့ မရပါဘူး။ သူတို့ဟာ မြေပေါ်မှာ ပြောင်တိုက်ပွဲဝင်ရမယ့် အနေအထားမျိုးကို ရင်ဆိုင် တိုက်ပွဲဝင်နေရသူတွေ ဖြစ်ပါတယ်။ လုံခြုံရေးကို အထူး ဂရုပြု လှုပ်ရှားနေရတဲ့ တက်ကြွ လှုပ်ရှားသူများ အတွက်သာ ဒီအကြံပြုချက်က အကျုံးဝင်ပါတယ်။

လုံခြုံရေးနဲ့ လှုပ်ရှားမှု ဟန်ချက်ညီစေခြင်း
၈၈ တလျောက်လုံး ပေးခဲ့တဲ့ သင်္ခန်းစာအရတော့ လုံခြုံရေး ကင်းမဲ့မှု ဖြစ်တယ်။ ကျနော်တို့ ရဲဘော်တွေဟာ လှုပ်ရှားမှု တခုလုပ်ဖို့ အကြိမ်ကြိမ် ဆွေးနွေးတာ၊ လက်ဖက်ရည်ဆိုင် ထိုင်တာ၊ ကိုယ်က ဘာလဲဆိုတာကို ရန်သူက သိနေမှုဟာ အလွန် စိုးရိမ်စရာ ကောင်းတဲ့အချက် ဖြစ်ပါတယ်။ တချို့ နေရာတွေ ရန်သူက တော်လို့ မဟုတ်ဘဲ ကိုယ်ဘက်က ပေါ့ဆမှုတွေကြောင့် ပေါက်ကြားမှုတွေ ဖြစ်တာ၊ အဖမ်းခံရတာတွေ ဖြစ်ကုန်ကြရတာပါပဲ။

လှုံခုံရေးအတွက် ကျနော်အကြံပြုစေချင်တာတွေကတော့

၁ - လက်ကိုင်ဖုန်းနဲ့ သတိထား စကားပြောဖို့ လိုတယ်။ လက်ကိုင်ဖုန်း တခါပြောတိုင်း ရန်သူ နားထောင်နေတယ် ဆိုတာကို သတိပြုပါ။ လက်ကိုင်ဖုန်းက ဈေးကြီးသလောက်၊ ရန်သူကို ဈေးအပေါဆုံး သတင်း ပို့ပေးနေသလို ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲ လက်ကိုင်ဖုန်းက FM ရေဒီယိုစနစ် ပုံစံမျိုးနဲ့ အသံလှိုင်းကို သယ်ယူသွားတာ ဖြစ်တဲ့အတွက် ရန်သူက နေရာအနှံ့ကနေ ကြားဖြတ် နားထောင် နေနိုင်လို့ပဲ ဖြစ်တယ်။ ကြားဖြတ် နားထောင်တဲ့ စခန်းကို အရင်က တိုးကြောင်လေး အနီးနားမှာ ရုံးဖွင့်ပြီး နားထောင်နေကြပါတယ်။
၂ - တနေရာတည်းမှာ အကြာကြီး မဆွေးနွေးကြဖို့ စကားမပြောကြဖို့ လိုတယ်။
၃ - တနေရာတည်းမှာ အမြဲတမ်း မအိပ်ဖို့ လိုတယ်။
၎ - ညအိပ်တဲ့အခါမှာ သတိဝီရိယ အမြဲ ရှိနေဖို့ လိုတယ်။
၅ - ထွက်ပေါက်ကို အမြဲတမ်း ကြိုတင် ကြည့်ထားဖို့ လိုတယ်။
၆ - ကားစီးတဲ့အခါ နောက်ဆုံး ထိုင်ခုံမှာ စီးပါ။ ကိုယ့်နောက်မှာ ဘယ်သူကိုမှ မထားပါနဲ့။
ကိုယ်က အားလုံးကို ကြည့်နိုင်တဲ့ပုံစံ အမြဲ ရှိနေရပါမယ်။
၇ - ခရီးသွားတဲ့အခါ တနေရာရာကို ထွက်တဲ့အခါမှာ လူအုပ်ထဲမှာ အမြဲတမ်းနေပါ။
၈ - မသင်္ကာစရာ လှုပ်ရှားမှု တွေ့တာနဲ့ ခြေရာဖျောက်ပါ။
၉ - စာရွက်စာတန်း၊ စာစောင်၊ သတင်းစာ အဟောင်း နိုင်ငံရေးနဲ့ ပတ်သက်တာ အားလုံး
ကိုယ်နဲ့အတူ မထားပါနဲ့။ အိမ်ထဲမှာ မထားပါနဲ့။ ဝှက်စရာ နေရာတွေ အများကြီးရှိတယ်။ ရအောင် ဝှက်ပါ။
၁ဝ - ဆေးမင်၊ နာရီ၊ လက်စွပ်၊ ဆွဲကြိုးတွေ မဆွဲပါနဲ့။ ဆေးမင်ရှိရင် ဖုံးကွယ်ထားပါ။

အုပ်စု ၂ စု ခွဲပြီးလှုပ်ရှားခြင်း
ဆန္ဒပြတော့မယ် ဆိုတာနဲ့ ကိုယ်အင်အားကို ၂ စုခွဲပါ။ တစုက ပြောင်ဆန္ဒပြမယ့် အဖွဲ့၊ တဖွဲ့က လူထုထဲမှာ ရောနှောပြီး ကိုယ်ရောင် ဖျောက်ထားရမယ့် အဖွဲ့ ဖြစ်ပါတယ်။ ဒီစနစ်ကို ကျနော်တို့ ၈၈ ကတည်းက လုပ်ဆောင်ခဲ့တယ်။ ကျနော်တို့ လုပ်ဆောင်တုန်းက ကိုယ့်မှာ လူအင်အား ၁ဝ ယောက်ရှိရင် သုံးပုံတပုံက ပြောင်ဆန္ဒပြတဲ့ တာဝန်ကို ယူခဲ့တယ်။ ကျန်တဲ့ နှစ်ပုံ ၇ ယောက်ခန့်က လူထုထဲမှာ ရောပြီး ကိုယ်ရောင် ဖျောက်ထားတယ်။

ဒီအဖွဲ့ ၂ ဖွဲ့မှာ သီးခြား တာဝန်တွေကို လုပ်-ကတယ်။ ဆန္ဒပြတဲ့ အဖွဲ့က တရားဟောတယ်။ လှုံ့ဆော်တယ်။ ချီတက်တယ်။ သီချင်းဆိုတယ်။ အလံတွေကိုင်ပြီး ဝှေ့ယမ်းတယ်။ ကိုယ်ရောင်ဖျောက်ထားတဲ့ သူတွေရဲ့ တာဝန်က လူထုထဲမှာ ထောက်လှမ်းရေးတွေက ဘယ်သူတွေလဲ။ လူပ်ရှားမှုကို ထောက်လှမ်းရေးကို သတင်းပို့နေသူ၊ နှောင့်ယှက်မယ့်သူက ဘယ်သူတွေလဲ ဆိုတာကို သတိထား စောင့်ကြည့်တယ်။ အခွင့်အရေးရရင် အနီးကပ်ပြီး တိုက်ခိုက် ပစ်လိုက်တယ်။ ၈၈ မတ်လနဲ့ ဇွန်လ ကျောင်းသား လှုပ်ရှားမှုတုန်းက ကျောင်းသားတွေထဲမှာ မြှုပ်နှံထားတဲ့ ထောက်လှမ်းရေးတွေကို ဒီနည်းနဲ့ ဖော်ထုတ် နိုင်ခဲ့တယ်။ သူတို့ကို အလစ်မှာ ဖမ်းဆီးပြီး အမျိုးသား အိမ်သာထဲမှာ ဖမ်းချုပ်ထားရင်းနဲ့ လှုပ်ရှားမှုကို အသက်ဆက်ပေးနေခဲ့တယ်။

တကယ်လို့ ထောက်လှမ်းရေးတွေ လုံထိန်းတွေက လာရောက် ရိုက်နှက်တဲ့အခါမှာ သူတို့က ပြန်လည် မခုခံရပါဘူး။ သူတို့က လူထုကို ကယ်ပါ ယူပါ အော်ဟစ် အကူအညီ တောင်းကြရမယ်။ ဒီအခါမှာ လူထုထဲမှာ မြှုပ်နှံထားတဲ့ ကိုယ့်လူတွေက စတင်ပြီး လူဆိုးလူမိုက်တွေ၊ ထောက်လှမ်းရေးတွေကို စတင် တိုက်ခိုက်လိုက်တဲ့ အခါမှာ လူထုက မခံမရပ်နိုင် ဖြစ်လာတဲ့ ပုံစံကို ရောက်လာတယ်။ နောက်တော့ တကယ်ပဲ လူထုက ဝင်ရောက် ကူညီလာတော့တယ်။

ဒီနေ့ဖြစ်နေတဲ့ လှုပ်ရှားမှုကိုကြည့်ရင် နအဖက လူဆိုးလူမိုက်တွေကို လူထုထဲမှာ ရောနှော ထည့်ထားတယ်။ ဒီလူတွေက ဘယ်သူတွေလဲ ဆိုတာ ကိုယ့်လူတွေက မသိနိုင်ဘူးလို့ လှုပ်ရှားမှုထဲမှာ ပါဝင်နေတဲ့ သူတဦးက ဆိုတယ်။ ဒီလို ဖြစ်ရတာကတော့ ကိုယ်ဘက်က – ကြိုတင်ပြီး လူထုတဲမှာ ရောနှော မမြှုပ်နှံထားနိုင်လို့ ဖြစ်တယ်။ သေသေချာချာမြှုပ်နှံပြီး လူအုပ်ထဲမှာ အကဲခတ်ကြည့်ရင် သာမဏေန သမဏေဏော၊ ဂေါဏေန ဂေါဏော ဆိုသလို သာမဏေက ဘယ်သူလဲ နွားက ဘယ်သူလဲ ဆိုတာကို ခွဲခြား သိနိုင်လိမ့်မယ်။ လူထုထဲမှာ ကိုယ်ရောင်ဖျောက် လှုပ်ရှားရတဲ့ သူတွေကို ကျနော်တို့ တာဝန်ပေးတဲ့ အခါမှာတော့ အားကောင်းမောင်းသန်တွေ၊ လက်စလက်န ရှိသူတွေ၊ ဆန္ဒပြတာ မလုပ်တတ်ပေမယ့် မတရားမှုတွေကို လက်ပိုက် မကြည့်လိုတဲ့ ရပ်ကွက်ထဲက လူငယ်လူရွယ်တွေဟာ ဒီလို လုပ်ငန်းမှာ အထူး သင့်တော်ကြတယ်။ သူတို့ကို ဦးစားပေးပြီး ကျနော်တို့ ရွေးချယ်ပေးခဲ့တယ်။ တခါတရံမှာ ကိုယ်ရောင်ဖျောက်ပြီး ဝင်ကူမယ့် သူတွေဟာ လေး ငါးဆယ်ခန့်အထိ ကျနော်တို့ သုံးခဲ့တယ်။ သူတို့ကို အုပ်စုလိုက်တွေ ဖွဲ့ပြီး တာဝန်တွေ ပေးခဲ့တယ်။ ဒါကြောင့် ဆန္ဒပြပွဲ လုပ်တော့မယ် ဆိုတာနဲ့ လူအုပ်စု ၂ စုခွဲပြီး လှုပ်ရှားတာဟာ အကောင်းဆုံး နည်းစနစ်တခု ဖြစ်တယ်လို့ အကြံပြုလိုတယ်။

၂။ ဆန္ဒပြချီတက်ခြင်း

က - ချီတက် ဆန္ဒပြရမယ်။

၁ - အရေးအကြီးဆုံးက လူအစည်းကားဆုံး နေရာဖြစ်ရမယ်။ အခြေခံ လူထုတွေ အများဆုံး ရှိတဲ့နေရာတွေ ဖြစ်ရပါမယ်။

၂ - ကြံ့ဖွံ့ သို့မဟုတ် အာဏာပိုင်များက လာရောက် တားမြစ်လျှင် ထိပ်တိုက် မရင်ဆိုင်ပါနဲ့ ထိုင်ပြီး ဆန္ဒပြပွဲ ဆက်လက် မဆင်နွှဲပါနဲ့ ချက်ချင်း လူစု ပြန်ခွဲလိုက်ပါ။ နောက်တကြိမ် ဆန္ဒပြနိုင်အောင် ပြင်ဆင်ပါ။ လူပြန်စု ပြန်ချီတက် ပြန်တိုက်ပွဲဝင်။

၃ - လမ်းဘေးမှ ရပ်ကြည့်နေတဲ့ လူထုတွေကို ပါအောင် စည်းရုံးပါ။ ဒီလို စည်းရုံးနိုင်ဖို့ကတော့ ကိုယ်ဘက်က ခုလို ပြင်ဆင်မှုတွေ လုပ်သင့်ပါတယ်။

က - လမ်းဘေးမှ ရပ်ကြည့်နေတဲ့ လူတွေထဲကို ကိုယ့်ရဲဘော် တချို့က ဝင်ရောက် ရောနှော နေရာယူ ထားဖို့ လိုပါတယ်။
ခ - လူထုတွေကို အလုပ်ပေးပါ။ (တာဝန်ပေးပါ။)
ဂ - အသင့်ပါလာတဲ့ စာရွက်တွေကို လူထုတွေကို ဝေခိုင်းပါ။
ဃ - လူထုတွေထဲကို ခွပ်ဒေါင်း တံဆိပ်ပါတဲ့ နဖူးစည်းများ ရပ်ကြည့်နေတဲ့ လူတွေကို ဖြန့်ဝေပေးဖို့ လိုတယ်။
င - မြေဖြူခဲ၊ မီးသွေးခဲ၊ ဆေးစုတ်တံ၊ ပိုစတာများကို လူထု လက်ထဲ ထည့်ပေးပါ။ ကြွေးကြော်သံတွေကို ရေးခိုင်းပါ။
စ - တိုက်နံရံများ၊ အုတ်နံရံများ၊ ကားလမ်းမများပေါ်မှာ ကြွေးကြော်သံများကို ရေးခိုင်းပါ။ ပိုစတာများ ကပ်ခိုင်းပါ။
ဆ - လူထုထဲမှာ ရှိနေတဲ့ ကိုယ့်လူတွေက လူထုကို ပူးပေါင်း ပါဝင်လာအောင် အနီးကပ် လှုံ့ဆော်ပေးနေရမယ်။
ဇ - တကယ်လို့ ဆန္ဒပြနေတဲ့ ကိုယ့်လူတွေကို ကြံ့ဖွံ့များ၊ လူဆိုးလူမိုက်များက တိုက်ခိုက်လာပါက၊ ဝင်ရောက် ကာကွယ် ပေးနိုင်ရမယ်။ ဟေ့ … ဒါမတရားဘူးကွ၊ ဒို့ လက်ပိုက် ကြည့်မနေဘူး။ သတ္တိရှိရင် ထိကြည့်ကွ စသဖြင့် ကိုယ်လူတွေက စတင် ပြောဆိုရမယ်။ လိုအပ်လာရင် ခွန်အားကို သုံးပြီး ဖြေရှင်းရပါမယ်။
ဈ - တုတ်များ၊ ပုလင်းများ၊ အုတ်နီခဲများနဲ့ တိုက်ခိုက် ချေမှုန်းပစ်ရမယ်။ ဒီအခါမှာ လူထုက မခံမရပ်နိုင် ဖြစ်လို့ မိမိတို့နဲ့အတူ တိုက်ပွဲဝင်လာတဲ့ ပုံစံကို ထွက်လာပါတယ်။
ည - အာဏာပိုင်များက တိုက်ခိုက်လာတဲ့ ကိုယ့်လူတွေကို တုံ့ပြန်ရင်းနဲ့ လူထုကိုပါ တိုက်ခိုက်တဲ့ ပုံစံကို ရောက်လာလေ့ ရှိတယ်။ ဒီအခါမှာ အာဏာပိုင်တွေနဲ့ လူထုတိုက်ပွဲ စတင်လာသလို ဖြစ်လာတော့တယ်။ တိုက်ခိုက် ကာကွယ်ပေးတဲ့ ပုံစံ ဖြစ်လာတယ်။ လူထုတွေကလည်း ငါ့ဘေးက လူတွေတောင် ပါကုန်ပြီ၊ ငါလည်း ပါတော့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဖြစ်ပေါ်စေတယ်။ လူထုတွေမှာ Group Dynamic Behavior ရှိတယ်။ တယောက်က လုပ်ရင် ကျန်တဲ့လူကလည်း လိုက်လုပ်တဲ့ သဘောပဲ။ လုံခြုံမှု ရှိတယ်။ အောင်ပွဲခံမယ် ဆိုရင် လူတိုင်းက အားတက်သရော ပါချင်ကြတယ်။ ဒီတော့ ခေါင်ဆောင် လုပ်တဲ့သူက ဒီအခြေအနေကို မှန်မှန်ကန်ကန် အသုံးချတတ်ရမယ်။
ဋ - တကယ်လို့ ကိုယ့်မှာ အင်အား များလာတယ်ဆိုရင် ချီတက် ဆန္ဒပြနိုင်တယ်။ ဒါပေမဲ့ လူစည်ကားတဲ့ နေရာမှာပဲ ဖြစ်ရမယ်။

ခ - ကြွေးကြော်သံများ
ကြွေးကြော်သံတွေကို ချမှတ်ပေးတဲ့ နေရာမှာ နိုင်ငံရေး အခြေအနေ ဖြစ်ပေါ်ပြောင်းလဲမှုအလိုက် တဆင့်ပြီးတဆင့် မြှင့်တင်ပေးသွားဖို့ လိုတယ်။ လောလောဆယ်မှာ ဓာတ်ဆီ ဈေးနှုန်းတွေ ကျဆင်းရေး စွမ်းအင်နဲ့ ဘဏ္ဍာရေး ဝန်ကြီး နုတ်ထွက်ရေး စတဲ့ ကြွေးကြော်သံကို တင်သင့်တယ်။ အဆင့်မြင့်လာရင် ဗိုလ်ချုပ် သန်းရွှေ နုတ်ထွက် ပေးရေးနဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို ဆက်လက် တင်ရမယ်။ အမြင့်ဆုံးပိုင်းကို ရောက်လာရင် စစ်အာဏာရှင် စနစ် ဖျက်သိမ်းရေးနဲ့ ဒီမိုကရေစီ လူထုအစိုးရ တရပ် ဖွဲ့စည်းနိုင်ရေး အထိ ဆက်လက် တင်ပေးသွားဖို့ လိုတယ်။ လူထုတိုက်ပွဲရဲ့ အမြင့်ဆုံး ကြွေးကြော်သံကတော့ လူထုအစိုးရ ဖွဲ့စည်းရေး (ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးအထိ ဖြစ်ရမယ်။)

ဂ - စည်းကို ကျော်ပေးခြင်း
အာဏာပိုင်တွေက ဟိုဟာ မလုပ်ရဘူး။ ဒီဟာ မလုပ်ရဘူး။ ဟိုနေရာကို မသွားရဘူး။ ဒီနေရာကိုမသွားရဘူး။ လူမစုရဘူး စသဖြင့် မတရားတဲ့ ဥပဒေတွေကို ထုတ်ပြန်တတ်လေ့ ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ‘မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ’ လို့ အမိန့် ရှိခဲ့ဖူးတယ်။ လူထုတိုက်ပွဲမှာ မတရားတဲ့ ဥပဒေတွေကို ထုတ်ပြန်လာတဲ့ အခါမှာ ကျနော်တို့က ဒါကို နည်းမျိုးစုံနဲ့ ချိုးဖောက်ပစ်ဖို့ လိုတယ်။ သူတို့ ဥပဒေတွေကို ဟာသ လုပ်ပစ်ရပါမယ်။ ဒါကို ကျနော်က စည်းကို ကျော်ပေးရတယ်လို့ သုံးချင်ပါတယ်။ အခွင့်အရေးရတာနဲ့ စည်းကို ကျော်ပေးဖို့ ကြိုးစားရပါမယ်။

ဃ - အရေးအကြီးဆုံး အချက်များ
၁ - အလံ
၂ - စကားပြောစက်
၃ - ရန်သူ့လူများ ထိုးဖောက်လာခြင်း

၁ - အလံက ကိုယ်လက်ထဲ သို့မဟုတ်၊ ကိုယ့်ရဲဘော် လက်ထဲမှာပဲ ဖြစ်ရမယ်။
လူတွေရဲ့ ပင်ကိုဗီဇစိတ်က ဘဲတွေနဲ့တူတယ်။ ဆန္ဒပြပွဲတွေမှာ ရှေ့က တယောက်က ဦးဆောင်နေရင် ဦးဆောင်နေသူ နောက်ကိုပဲ တစွတ်ထိုး လိုက်တတ်တဲ့ အကျင့် ရှိတယ်။ ဒီအခါမှာ မသမာတဲ့ သူတွေက အလံကိုရအောင်ယူပြီး ချီတက်တဲ့ လမ်းကြောင်း ပြောင်းအောင် လုပ်လာနိုင်တယ်။ ဒါကြောင့် အလံကို ကိုယ့်လူ လက်ထဲမှာပဲ ရှိစေရမယ်။

၂ - အလံလိုပဲ အရေးကြီးတဲ့ အချက်တခုက အသံချဲ့စက် ဖြစ်တယ်။
အသံချဲ့စက်ကို ကိုယ့်လူကပဲ ကိုင်ထားရမယ်။ တက်ကြွဖွယ် ကောင်းတဲ့ စကားတွေပြောပြီး လူထုကို လိုက်ပါအောင် လှုံ့ဆော်နေချိန်မှာ မသမာသူတွေက အသံချဲ့စက်ကို ရအောင်ယူပြီး ဆန္ဒပြပွဲကို ပျက်စီးစေတဲ့ စိတ်ဓာတ် ကျဆင်းဖွယ်ရာ စကားတွေ၊ အတွေးအခေါ် ရှုပ်ထွေးစေတဲ့ စကားတွေ၊ စည်းပျက်ကမ်းပျက် ဖြစ်အောင်၊ ဆန္ဒပြပွဲကို ထိန်းမနိုင် သိမ်းမရ ဖြစ်အောင် ပြောဆိုတာတွေကို လုပ်ဆောင်လေ့ ရှိတတ်ကြတယ်။

၃ - ရန်သူ့ လူများက ပုံစံအမျိုးမျိုးနဲ့ ထိုးဖောက် ဝင်ရောက်ပြီး အဖျက်လုပ်ငန်းတွေ လုပ်ဆောင်တတ်လေ့ ရှိတယ်။ ကျနော်တို့တုန်းက ရန်သူလူတွေက သပိတ်ကို ဦးဆောင်နေတဲ့ သူတွေကို စာရေးပြီး ခြိမ်းခြောက်တာ၊ လှုပ်ရှားမှုကို ရပ်တန့်ခိုင်းတာ၊ ခေါင်းဆောင်တွေနား ချဉ်းကပ်ပြီး လက်နက်တွေ ရလာပြီ ယူမလားဆိုပြီး လာခေါ်လေ့ ရှိတယ်။ လိုက်မသွားပါနဲ့။ အရေးကြီးတာ တိုင်ပင်ချင်လို့ဆိုပြီး လူပြတ်တဲ့ နေရာတွေကို ခေါ်ဆောင်လေ့ ရှိတယ်။ လိုက်မသွားပါနဲ့။ စစ်သားတွေကို ရန်သူ့လူတွေက ကိုယ့်လူပုံစံ ဖမ်းထားတဲ့သူတွေက စစ်သားတွေကို စတင် တိုက်ခိုက်ပြတာမျိုးတွေလည်း လုပ်လေ့ရှိတယ်။ ချီတက်ရာ လမ်းကြောင်းကို ပြောင်းအောင် လုပ်ဆောင်လေ့ ရှိတယ်။ သတ်ကွင်းကို ချီတက်နေတဲ့ လူထုကို ခေါ်ဆောင်သွားတာ လုပ်တတ်တယ်။ ဒါကြောင့် ချီတက်ရာကို ခေါင်းဆောင်နေတဲ့ သူတွေဟာ ကိုယ်လူတွေပဲ ဖြစ်ရပါမယ်။ အရေးအကြီးဆုံးက လူပြတ်တဲ့ သတ်ကွင်း ဖြစ်စေတဲ့ နေရာတွေမှာ ဆန္ဒပြပွဲ မလုပ်မိဖို့ အရေးကြီးတယ်။ မသွားသင့်ဆုံးနေရာက ရွှေတိဂုံဘုရား ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူပြတ်တဲ့နေရာ ဖြစ်နေလို့ ဖြစ်တယ်။

င - အလုပ်သမားတွေ သပိတ်ထဲ ပါလာအောင် ဘယ်လို လုပ်ခဲ့သလဲ
၈၈ တုန်းက အလုပ်သမားတွေနဲ့ ရန်ကင်းစက်မှု ဝန်ကြီးဌာနက ဝန်ထမ်းတွေကို သပိတ်ထဲ ပါလာအောင် ကျနော်တို့ ကြိုးစားခဲ့တယ်။ ကန်ဘဲ့ အပ်ချည်လုံး စက်ရုံက အလုပ်သမားတွေကို ကျနော်တို့ သပိတ်ထဲမှာပါဖို့ သွားရောက် တရားဟောတယ်။ မပါဘူး။ ကျောင်းသားနဲ့ လူထုတွေ ၁ဝဝ လောက်က အလုပ်သမားတွေကို သပိတ်ထဲပါဖို့ နားချပေမယ့် အလုပ်သမားခေါင်း ၁ ယောက်က အပြင် မထွက်ရဘူး ဆိုပြီး တံခါးတွေ ပိတ်လိုက်တဲ့အခါမှာ အလုပ်သမားတွေဟာ နာခံသွားကြတယ်။

ဘာဖြစ်လို့လဲ
၁ - ကျောင်းသားတွေ ဦးဆောင် လှုပ်ရှားနေတဲ့ သပိတ်က နိုင်မှာမို့လို့လား
၂ - ငါအလုပ် ပြုတ်သွားရင် ငါ့ မိသားစုကို ဘယ်သူက စောင့်ရှောက်မှာလဲ
၃ - လူသားမှာ ဗီဇ အရိုးစွဲနေတဲ့ အထက်အရာရှိကို နာခံလိုမှု သဘောတရား
တွေကြောင့်ဖြစ်နိုင်တယ်။

ကျနော်တို့က ဘာလိုချင်တာလဲ။ ကျနော်တို့ လိုချင်တာက အလုပ်သမားတွေ အလုပ်သပိတ်ထဲ ပါဝင်ဖို့ အလုပ်မဆင်းဘဲ ကန့်ကွက် ဆန္ဒပြဖို့ ဖြစ်တယ်။ ဒီတော့ ကျနော်တို့က ဘာလုပ်ပေးခဲ့သလဲ။ ဘောက်ထော် ဘူတာနားက မီးရထား သံလမ်းတွေကို ဆွဲဖြုတ် ပစ်လိုက်ကြတယ်။ မော်တော်ကားလမ်းတွေကို ပိတ်ဆို့ပေး လိုက်တယ်။ ဒီတော့ အလုပ်သမားတွေ အလုပ်မဆင်းနိုင်တော့ဘူး။ သပိတ်ထဲ ပါဝင်သလို ဖြစ်လာတယ်။ လမ်းတွေ ပိတ်ကုန်တော့ အလုပ်သမားတွေ လမ်းလျှောက်လာရတယ်။ ဒီတော့ လမ်းပေါ်မှာရှိတဲ့ လူထုတွေ သံဃာတွေ၊ ကျောင်းသားတွေနဲ့ ပေါင်းမိလာတယ်။ (မီးရထား သံလမ်းတွေကို ဖြုတ်ပြီးတဲ့ အခါမှာတော့ ရန်ကုန် ဘူတာကြီးကို ဖုန်းဆက်ပြီး သံလမ်း ပျက်နေတယ်လို့တော့ ကျနော်တို့ အကြောင်းပေးခဲ့ပါတယ်။ မီးရထားနဲ့ ခရီးသွားသူတွေကို အန္တရာယ် မဖြစ်အောင်လို့ပါ။)

၎။ ယန္တရားများကို ဖြိုချပေးခြင်း
အစိုးရ ယန္တရားတွေထဲမှာ ဆက်သွယ်ရေး၊ အုပ်ချုပ်ရေး၊ ရဲစခန်း၊ ရပ်ကွက်ထဲမှာရှိတဲ့ သူတို့ရဲ့ ရုံးခန်းတွေကို ရပ်တန့်သွားအောင် နည်းမျိုးစုံနဲ့ နှောင့်ယှက်ပေးရတာ ဖြစ်တယ်။ ၈၈ တုန်းက စိန်လွင် တက်လာတဲ့ နောက်ပိုင်းမှာ ချီတက် ဆန္ဒပြတာတွေကို လုပ်ဆောင်ဖို့ အတော် ခက်ခဲလာခဲ့တယ်။ ဒါကြောင့် ကျနော်တို့က ကိုယ်နဲ့ အနီးစပ်ဆုံး ရှိနေတဲ့ မဆလ ရုံးခန်းတွေ၊ ရဲစခန်းတွေကို တိုက်ခိုက် ပေးခဲ့တယ်။ ဒီလို ဖြိုချတဲ့ နေရာမှာ အသုံးပြုရတဲ့ နည်းစနစ်ကတော့ ကြံ့ဖွံ့တွေကို နုတ်ထွက်ဖို့ ဖိအားပေးတာ၊ ခြိမ်းခြောက်စာ ရေးတာ။
၈၈ တုန်းက ကျနော်တို့က မဆလ ပါတီဝင်တွေကို နုတ်ထွက်ပေးဖို့ ညဘက်မှာ လော်စပီကာငှားပြီး လိုက်လံ အော်ပြောခဲ့ပါတယ်။ ညဘက်က တိတ်ဆိတ်နေချိန်မှာ အမှောင်ထုကို ဖောက်ပြီး ထွက်လာတဲ့ ကိုယ့်ရဲ့ ကြေညာချက် အသံက မဆလ ဒေါက်တိုင်တွေကို ခြောက်ခြား စေခဲ့ပါတယ်။
ဒီတုန်းက ကျနော်တို့ သုံးခဲ့တဲ့ ကြေညာချက်ကတော့ တိုတိုနဲ့ လိုရင်း ရေးခဲ့ပါတယ်။

ဥပမာပြောရရင် -
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ ရာဇသံ
မဆလ ပါတီဝင် အပေါင်းတို့ … သင်တို့ မဆလ ပါတီဝင် အဖြစ်မှ နုတ်ထွက်ရန် ငါတို့ ပြည်သူ တရပ်လုံးက တောင်းဆိုသည်။
သင့်တို့ မတရားမှု လုပ်ဆောင်ချက်များကို ငါတို့ သည်းခံတော့မည်မဟုတ်။
မနက် နောက်ဆုံးထားပြီး သင့်တို့ မဆလပါတီဝင် ကတ်ပြားများကို ရဟန်းသံဃာများ ကျောင်းသား ပြည်သူများထံ လာရောက် အပ်နှံရမယ်။
မအပ်နှံပါက သင်တို့ အသက်အိုးအိမ် စည်းစိမ်ကို တာဝန်ယူမည် မဟုတ်။
ပုံ
ဗကသများအဖွဲ့ချုပ်

ဆိုပြီး ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ ညဘက်မှာ လော်စပီကာကို ကားပေါ်၊ ဆိုက်ကားပေါ် တင်ပြီး ရပ်ကွက်တွေထဲမှာ လိုက်လံ အော်ခဲ့ကြတယ်။ ဒီအခြေအနေကို လူထုလှုပ်ရှားမှု အမြင့်ဆုံး အပိုင်းမှာ ကျနော်တို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

နောက်တခုကတော့ မဆလအစိုးရ သုံးတဲ့ တယ်လီဖုန်း လိုင်းတွေကို ဖြတ်တောက် ပြစ်လိုက်ခြင်း၊ လမ်းတွေကို ပိတ်ဆို့ပစ်ခြင်းတွေ ပြုလုပ်ခဲ့တယ်။ အဓိက လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ရန်သူရဲ့ အမိန့်ပေးစနစ် Commend and Control ကို ရပ်တန့် သွားအောင်လို့ ဖြစ်တယ်။ ၈၈ တုန်း ဒီလို ယန္တရားကို ထိထိရောက်ရောက် ဖြိုချနိုင်ခဲ့တဲ့ အတွက် မဆလ ပါတီဝင်တွေ သန်းနဲ့ချီပြီး မြို့နယ်တိုင်းမှာ နုတ်ထွက်လွှာတွေ လာရောက် တင်ခဲ့ကြတယ်။ မဆလပါတီ ထိပ်သီး ခေါင်းဆောင်တွေ အိမ်ထဲက အိမ်ပြင် မထွက်ရဲခဲ့ကြဘူး။ အမိန့်ပေး စနစ် တခုလုံး ဖြိုချတာ ခံခဲ့ရလို့ ဖြစ်တယ်။

၅။ လူထု အုပ်ချုပ်ရေး အသစ်ကို အစားထိုးခြင်း
တော်လှန်ရေးတခု အောင်ပွဲခံတယ် မခံဘူးဆိုတာဟာ အုပ်ချုပ်ရေး အသစ်တခုကို တည်ဆောက်နိုင်သလား မတည်ဆောက်နိုင်သလားနဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဗြိတိသျှ ထောက်လှမ်းရေး အကြီးအကဲဟောင်း တခုက တချို့သူပုန်တွေ အောင်ပွဲခံပြီး တချို့သူပုန်တွေ ဘာကြောင့် အောင်ပွဲ မခံရသလဲ ဆိုတာနဲ့ ပတ်သက်လို့ သုတေသန ပြုခဲ့တယ်။ သူရဲ့ တွေ့ရှိချက်အရ တချို့ သူပုန် အဖွဲ့တွေဟာ အစိုးရ အဖွဲ့တခုကို ဖြုတ်ချပစ်ဖို့ ကြိုးစားနေချိန်မှာ သူတို့ဟာ အစိုးရသစ် တခုကို ဖွဲ့စည်းနိုင်ဖို့ ပြင်ဆင်နိုင်ခဲ့ကြတယ်။ ဖွဲ့စည်း နိုင်ခဲ့ကြတယ်။

၈၈ ရဲ့ မဟာသွေး သင်ခန်းစာအရ ကျနော်တို့ဟာ လူထုတိုက်ပွဲရဲ့ အမြင့်ဆုံးအပိုင်းမှာ အစိုးရ တရပ်ကို ကျနော်တို့ မဖွဲ့စည်းနိုင်ခဲ့ပါဘူး။ ဦးနုက အစိုးရတရပ် ဖွဲ့စည်းဖို့ ကြိုးပမ်းခဲ့ပေမယ့် မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့၊ တတ်သိ ပညာရှင်များက မထောက်ခံခဲ့ကြပါဘူး။ ဒါကြောင့် ဦးနုရဲ့ စင်ပြိုင် အစိုးရ ဖွဲ့စည်းရေး စီမံကိန်းက ပျက်စီးသွားခဲ့ပါတယ်။ ဒါဟာ ကြီးမားတဲ့ ဆုံးရှုံးမှု တခုပါ။ ဒီကာလက ကျနော်တို့ အစိုးရ ဖွဲ့စည်းနိုင်ခဲ့ရင် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ထိုင်းနိုင်ငံနဲ့ အိန္ဒိယ နိုင်ငံတို့က ထောက်ခံဖို့ ကတိပြုခဲ့သော်လည်း၊ အမေရိကန် ရေတပ်သင်္ဘောက မြန်မာ့ ရေပိုင်နက်အထိ ရောက်ရှိနေခဲ့ပါသော်လည်း ကျနော်တို့ အောင်ပွဲ လက်တကမ်း အလိုကျမှ အရှုံးကို ရင်ဆိုင်ခဲ့ရတယ်။ ကျနော်တို့ အစိုးရကို မဖွဲ့စည်းနိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။

ဒီနေ့ လူထုတိုက်ပွဲ အမြင့်ဆုံးပိုင်းကို ရောက်လာတဲ့နဲ့ တပြိုင်နက် ကျနော်တို့ဟာ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ ဦးဆောင်ပြီး ကြားဖြတ် အစိုးရ တရပ်ကို ဖွဲ့စည်းဖို့ လိုပါတယ်။ ဒါကို အားလုံးက ဝိုင်းထောက်ခံဖို့ လိုပါတယ်။

ဒါကြောင့် ကျနော်တို့ဟာ ကိုယ့်ရပ်ကွက် ကိုယ့်မြို့ ကိုယ်ရွာတွေမှာ နအဖ အုပ်ချုပ်ရေးတွေကို နည်းမျိုးစုံ သုံးပြီး ဖြိုချဖို့ လိုလာတယ်။ နအဖ အုပ်ချုပ်ရေး နေရာတွေမှာ ဒီမိုကရေစီ လူထု အုပ်ချုပ်ရေးတွေနဲ့ အစားထိုးရမယ်။

ကျေးရွာ ရပ်ကွက်အလိုက် ရဟန်းသံဃာများ၊ ကျောင်းသားများ၊ ရပ်မိရပ်ဖများ ဦးဆောင်တဲ့ ကော်မတီတွေကို ဖွဲ့စည်းရမယ်။ ရပ်ရွာ လုံခြုံရေး၊ ငြိမ်းချမ်းရေးတွေကို ချက်ချင်း ဆောင်ရွက်ပေးရမယ်။ လမ်းပန်း ဆက်သွယ်ရေးကို တာဝန် ယူပေးရမယ်။ တရား ဥပဒေ စိုးမိုးမှုကို အာမခံပေးရမယ်။ လူထုထဲအတွက် စားရေ ရိက္ခာများ ဖြန့်ဖြုး ပေးရမယ်။ ဒါကို ကျေးရွာ ရပ်ကွက် မြို့နယ် ကိုယ်နည်းကိုယ်ဟန်နဲ့ ဆောင်ရွက်ပေးရမယ်။ ရဲစခန်းတွေကို ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေး အောက်မှာ တည်ရှိစေရမယ်။

လူထုတိုက်ပွဲနဲ့ အောင်ပွဲကို အရယူကြ
မိုးသီးဇွန်

ဒီမိုကရေစီ မဟာမိတ်များ အဖွဲ့ချူပ် (ဒမဖ)
moetheezun@hotmail.com
646-413-8631
Skype ID - moetheezun

မကောင်းဆိုးဝါးများအား မောင်းထုတ်ကြ....


ဒီက ကူးယူဖေါ်ပြတာပါ။

Thursday 23 August 2007

မပြောရဲဘူးလား.... မရိုးသားလို့ပေါ့ .... မမှန်ကန်လို့ပေါ့


I made this Flash Music Player at MyFlashFetish.com.

Wednesday 22 August 2007

ဆက်လက်တိုက်ပွဲ ၀င်ကြမည်။

ကျွန်တော်တို့ ခေါင်းဆောင်များ ဖြစ်ကြသော ကိုမင်းကိုနိုင်တို့ကို အာဏာရှင် နအဖတို့မှ ၂၂ ရက် (၀၀း၃၀ နာရီ) တွင် မတရား ဖမ်းဆီးထားပြန်လေသည်။

ကျွန်တော်တို့ လိုချင်သည်မှာ မတရားမှုဆန့်ကျင်ရေး၊ ပြည်သူလူထုကြီး တစ်ရပ်လုံး၏ လူ့အခွင့်အရေးရရှိရေးနှင့် ကျွန်ုပ်တို့၏ မြန်မာနိုင်ငံတော်ကြီး တိုးတတ်ရေးဖြစ်သည်။ အာဏာရှင် နအဖက ထိုသို့သော ဒီမိုကရေစီ၏ အခြေခံ အချက်အလတ်များကို တိုင်းပြည်အတွင်း မဖော်ဆောင် ပေးရုံမျှမက ထိုသို့ ပြည်သူတိုင်း ရသင့်သည့် အခွင့်အရေးများကို တောင်းဆိုသည့် ခေါင်းဆောင်များကို လူဆိုးလူမိုက်များသုံး၍ ခြိမ်းခြောက်ခြင်း၊ ကိုယ်ထိလက်ရောက် အန္တာရယ် ပေးခြင်းတို့ကိုပါ တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။ ယခုနောက်ဆုံးတွင် ဒီမိုကရေစီ အရေးကို ငြိမ်းချမ်းစွာတောင်းဆိုသည့် ခေါင်းဆောင်များကို သူခိုးသူဝှက်များ လုပ်သည့်နည်းဖြင့် အချိန်မတော် ၀င်ရောက် ဖမ်းဆီးသွားခဲ့သည်။

ဤသို့ သူတို့ကိုယ်တိုင်က ဒီမိုကရေစီနှင့် ဆန့်ကျင့်သည့် နည်းလမ်းများဖြင့်ပြည်သူလူထုကို နှိပ်စက်တက်သော နအဖက အမျိုးသားညီလာခံကျင်းပပြီး ဒီမိုကရေစီ စနစ်ကိုချီတတ်နေပါသည်ဟု ခပ်တည်တည်ဖြင့် ဖြီးဖြန်းနေသည်မှာ ယိုသူမရှက် မြင်သူရှက်လှပါသည်။

ယခု လက်ရှိဖြစ်ပေါ်နေသော လောင်စာဆီဈေးကို အဆမတန် တိုးမြှင့်လိုက်သည်ကလည်း ဒီမိုကရေစီ သွားနေသည်ဟုပြောသော နအဖက ဒီမိုကရေစီဆိုတာကို နကန်းတလုံးမှ နားမလည်ဟု ကိုယ့်ဘာသာ ၀န်ခံချက်ဖြစ်နေပါသည်။(ကျွန်တော့်အတွက်တော့ သူတို့တွေ ဒီမိုကရေစီ ဆိုတာကို မသိဘူးဟု သိထားသောကြောင့် နအဖ ဒီမိုကရေစီ စနစ်ကို နကန်းတစ်လုံးမှ နားမလည်သော ထိုအပြု အမူမျိုးလုပ်သည်ကို အထူးတလည် အံသြခြင်း မဖြစ်မိပါ။)

ကဲဒါဆို မောင်ထိုက် မင်းပြောတဲ့ ဒီမိုကရေစီ ဆိုတဲ့ သူများနိုင်ငံတွေမှာ လောင်စာဆီဈေးတွေ မတိုးဘူလားဟု မေးချင်နေပါလိမ့်မယ်။ (ဟုတ်ကဲ့ ခပ်တိမ်တိမ် အတွေးတွေကို ခေါင်းထဲက ဖယ်ထုတ်ဖို့ ကောင်းနေပါပြီလို့ ပြောပါရစေ။) ဒီမိုကရေစီ ကျင့်သုံးသော၊ ပြည်သူ့ကို အလေးထားသောနိုင်ငံတွေမှာ ယနေ့ ကမ္ဘာကြီး၏ တိုင်းပြည်လည်ပတ်ရာတွင် မရှိမဖြစ်လိုအပ်သော လောင်စာဆီကို ဈေးနှုံးတိုးမြှင့်မည်ဆိုလျှင် သတိကြီးစွာ ထားရှိဆောင်ရွက်ကြပါသည်။ မဖြစ်မနေ တိုင်းပြည်၏ စီးပွားရေးအရ၊ (ကမ္ဘာ့ရေနံဈေးအရ) ဈေးတတ်မည်ဆိုလျှင်လည်း တတ်နိုင်သမျှ ပြည်သူလူထုကို မထိခိုက်အောင် သတိကြီးစွာ ဆောင်ရွက်တတ်ပါသည်။ ယခု နအဖကဲ့သို့ သူခိုးသူဝှက်နည်းဖြင့် ဓါတ်ဆီဆိုင်များတွင် ညအချိန်မတော် ဆိုင်းဘုတ်လေးရေးပြီး ဈေးနှုံးတတ်သည့်နည်းကို မည်သည့် သိက္ခာရှိသော အစိုးရကမှ လုပ်ဆောင်ခြင်းမရှိပါ။ ဈေးမတတ်ခင် ပြည်သူလူထုကို ကြိုတင် အသိပေးခြင်း၊ ပြည်သူများ မတတ်နိုင်လောက်သည့် အခက်အခဲဖြစ်မည့် ဈေးများအထိ မတိုးမြှင့်ခြင်းတွေကို လုပ်ကြပါတယ်။ တကယ် တိုးပြီဆိုလျှင်လည်း သိက္ခာရှိရှိ သတင်းတွေထုတ်ပြန်ကြေငြာပြီးမှ တိုးကြပါတယ်။ (ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ ပြည်သူ့အစိုးရတွေဖြစ်ပြီး ပြည်သူကို အလေးထားလို့ပါပဲ၊ လူမိုက် နအဖ အစိုးရက သူတို့ကို သူတို့ လူမိုက်တွေပါလို့ ပြည်သူကို ကြေငြာရုံသက်သက်လုပ်တာဆိုလျှင်တော့လည်း ကျွန်တော် မတတ်နိုင်ပါ။)

လောင်စာဆီဈေး တတ်တာနဲ့ ပက်သက်လို့ ကျွန်တော့်ကိုယ်တွေ့ ဥပမာတစ်ခုပြောပြပါ့မယ်။ ဗြိတိန်နိုင်ငံမှာ ၂၀၀၂ ခုနှစ်က လောင်စာဆီတွေကို တစ်လီတာလျှင် ဆယ်ပြားခန့် ရုတ်တရက် တိုးမြှင့်ဖို့အရေးကို ပါလီမာန်မှာ အကြိတ်အနယ် ဆွေးနွေးကြပါတယ်။ (၁ ဂါလံ = ၄ လီတာ၊ ဖြစ်သဖြင့် ၁ ဂါလံကို ပြား၄၀ ဈေးတတ်တာပါ။) အဲဒီအချိန်က လောင်စာဆီဈေးက သူတို့နိုင်ငံမှာ တစ်လီတာ ပြား ၆၀ ကျော်ကျော်ရှိပါတယ်။) ဈေးမတတ်ခင် ပြည်သူတွေက သတင်းစာတွေထဲမှာ ရင်ဖွင့်ရေးသားကြပါတယ်။ တိုင်းပြည်အုပ်ချုပ်တဲ့လူတွေနဲ့ ပြည်သူတွေ တိုက်ရိုက် စကားပြောဆိုမူတွေ ပြုလုပ်ကြပါတယ်။ ပြီးမှ ပြည်သူတွေအတွက် အထိမနာမဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြပါတယ်။ ယခုနအဖလုပ်ပုံနှင့် ယှဉ်ကြည့်သိနိုင်ပါတယ်။

ဒီတော့ ထိုအရေးကို ပြည်သူတွေကိုယ်စား၊ ပြည်သူ့အကျိုးအတွက် ၈၈ မျိုးဆက် ကျောင်းသားတွေက တောင်းဆိုမူတွေ ပြုလုပ်တဲ့ အခါ ပြည်သူ့ရန်သူ နအဖက ပြည်သူ့ခေါင်းဆောင်တွေကို ယခု ဖမ်းဆီးလိုက်ပါတယ်။ (ထုံးစံအတိုင်း သူခိုးသူဝှက်နည်းပါပဲ။)

ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ ကိုယ်စား တောင်းဆိုပေးတဲ့ ခေါင်းဆောင်တွေ ခင်းပေးတဲ့ လမ်းအတိုင်း ဆက်လက် တောင်းဆိုတိုက်ပွဲဝင်ခြင်းဖြင့် သူတို့၏ ကိုယ်ကြိုးစွန့် အနစ်နာခံခြင်းကို လေးစာဂုဏ်ပြုကြပါစို့။

ထိုကြောင့် ပြည်သူလူထုကြီး တစ်ရပ်လုံးက မိမိတို့၏ အခွင့်အရေးများကို တောင်းဆိုခြင်းဖြင့် မတရားတဲ့ နအဖကို တိုက်ပွဲဝင် ဖြုတ်ချရန် ပြည်သူ့ခေါင်းဆောင်တွေနှင့် အတူ မဆုတ်မနစ်(မိမိတတ်နိုင်သမျှ) ဆက်လက်တိုက်ပွဲဝင်သွားကြပါရန် တိုက်တွန်းလိုက်ပါတယ်။

ကိုထိုက်

ကိုမင်းကိုနိုင်အပါအ၀င် ခေါင်းဆောင်များ အဖမ်းခံရခြင်း

Sunday 19 August 2007

တိုက်ပွဲခေါ်သံ

အားလုံး သိကြတဲ့အတိုင်း ၂၀၀၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ၊ နအဖတွေက ဘာမှ ကြိုတင် အသိပေးထားခြင်း၊ ကြိုတင် စီစဉ်ထားခြင်း မရှိပဲ ရုတ်တရက် လောင်စာဆီဈေးတွေကို အဆ မတန်ဈေးတတ်လိုက်ပါတယ်။ တိုင်းပြည်ရဲ့တာဝန်နဲ့ အာဏာကို ယူထားတဲ့ နအဖတွေ အနေနဲ့ ဒီလို လုပ်လိုက်ခြင်းဟာ ပြည်သူတွေကို စော်ကားလိုက်တာပါပဲ။ နေ့စဉ် စားဝတ်နေရေး ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူလူထုကြီးဟာ အခု ဆိုရင် သွားရေးလာရေးက စပြီး အခက် အခဲတွေ ရင်ဆိုင်ကြရပါပြီ။

မြန်မာ တစ်နိုင်ငံလုံး နေရာအနှံ ရေကြီးနေပြီး ပြည်သူလူထုမှာ အတိ ဒုက္ခရောက်နေကြတာကို အစိုးရလို့ ကိုယ့်ကိုကိုယ် နာမည်ခံနေတဲ့ နအဖ လူစုကတော့ လူမဆန် ရက်စက်စွာ အကူအညီမပေးရုံမက ဘူးလေးရာ ဖရုံဆင့်ဆိုသလို အခုလို ဆီဈေးတွေ တတ်လိုက်ပါတယ်။ နေ့စဉ် လမ်းတွေမှာ၊ ဈေးမှာ၊ ကျောင်းတွေမှာ ပြည်သူလူထုရဲ့ ညည်းငြူသံတွေကို ကြားနေရပါပြီ။

ကျွန်တော်တို့ ပြည်သူတွေက ရက်စက်တဲ့ အစိုးရရဲ့ ဖြည်းဖြည်းခြင်း ညှင်းသတ်နေတာကို ခါးသီးစွာ ခံစားနေကြရပါပြီ။ ဒီတော့ ပြည်သူတွေ ဘာလဲ၊ ဘယ်လဲဆိုတဲ့ နအဖ သတင်းစာတွေထဲက ရေးသလို မေးရမယ့် အချိန်အခါကို ရောက်နေပါပြီ။

ရက်စက်တဲ့ အစိုးရလို့ ခေါ်တဲ့ လူတစ်စုရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေဟာ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံလို့ ခေါ်ရမှာတောင် မ၀ံမရဲ ဖြစ်နေပါပြီ။ လူသား အားလုံးကို မေတ္တာရှေ့ ထားပြီး လူသားတွေရဲ့ ဒုက္ခငြိမ်းရာကို လမ်းပြတဲ့ ဗုဒ္ဓသာသနာကို စော်ကားရာရောက်နေလို့ပါ။

ပြည်သူလူထူ တစ်ရပ်လုံးနဲ့ ဒီဆီဈေးတတ်တာ ဘာဆိုင်လို့လဲ မောင်ထိုက်ရလို့ မေးစရာ ပေါ်လာနိုင်ပါတယ်။ ဟုတ်ကဲ့ ကျွန်တော် ဖြေပေးကြည့်ပါမယ်။ ပြည်သူထုတစ်ရပ်လုံးဆိုတာ .....
၁။ အလုပ်အမား၊
၂။ လယ်သမား၊
၃။ကျောင်းသား၊
၎။ စီးပွားရေး လုပ်ငန်းရှင်များနဲ့
၅။ သာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ ဆိုပြီး အကြမ်းဖျင်းခွဲလို့ရပါတယ်။

အလုပ်အမားနဲ့ စီးပွားရေးလုပ်ငန်းရှင်များက တိုက်ရိုက်ဆက်နွယ်ပါတယ်။ ဆီးဈေးတတ်လို့ ကားခတွေ ဈေးတတ်ပါတယ်။ ကားခတွေ ဈေးတတ်တာကြောင့် အလုပ်သမားတွေ အလုပ် မဆင်းနိုင်တော့ပါဘူး။ အလုပ်သမားတွေ ၀င်ငွေရပ်ပြီး အလုပ်သမားရဲ့ မိသားစုတွေ ဒုက္ခရောက်ရပါတယ်။ အလုပ်သမားတွေ အလုပ် မဆင်းနိုင်တာကြောင့် စီးပွားရေးလုပ်ငန်းတွေ ကုန်ထုတ်လုပ်မူရပ်ပြီး စီးပွားရေးတွေ ထိခိုက်ပါတယ်။ အလုပ်သမားတွေထဲမှာ တပ်မတော်က တမ်မတော်သားတွေလည်း ပါဝင်ပါတယ်။

လယ်သမားတွေရဲ့ ကုန်စည်တွေကို သယ်ယူရောင်းချဖို့ ဆီဈေးတတ်တာကြောင့် အခက်အခဲ မျိုးစုံရင်ဆိုင်ရပါတယ်။

ကျောင်းသားတွေအတွက်ကတော့ တက္ကသိုလ်တွေကို မြို့စွန်တွေမှာ ရွှေ့ထားတာကြောင့် ကားခတွေ ဈေးတတ်လို့ တိုက်ရိုက် ထိခိုက်မယ်ဆိုတာ ပြောစရာမလိုပါဘူး။ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ သံဃာတော်တွေဟာ ပြည်သူလူထုရဲ့ သဒ္ဓါကြည်ညိုတဲ့ ဆွမ်းကွမ်းကို အလှူခံပြီး သာသနာတော်ကြီးကို စောင့်ရှောက်နေရတာပါ။ ပြည်သူတွေ ဒုက္ခရောက်ရင် သံဃာတော်တွေ သာသနာတော်ကို စောင့်ရှောက်မှုတွေ လုပ်နိုင်တော့မယ် မထင်ပါဘူး။ ဒီတော့ အခုလို ဆီဈေးတတ်ရတာက အခြားသောနည်းနဲ့ ဗုဒ္ဓသာသနာကို တိမ်ကောအောင် ဖျက်ဆီးနေကြတာပဲ။ သာသနာဖျက်ဆီးတဲ့ နအဖလို့တောင် ပြောလို့ရနေပါပြီ။

ကျွန်တော်ကတော့ နအဖကို ဦးဆောင်နေတဲ့ ဦးသန်းရွှေဟာ ဟိုတခါ သတင်းစာထဲမှာ ပါလာသလို လူသတ်သမား သန်းရွှေလို့ မပြောချင်ပါဘူး။ လူသတ်သမား သန်းရွှေဆိုတဲ့ စကားဟာ သူရဲ့ ဂုဏ်ပုဒ်ကို တိကျသေချာစွာ ဖေါ်ပြနိုင်စွမ်း မရှိတော့ပါဘူး။ သူရဲ့ တကယ်တန်း ဂုဏ်ပုဒ်အစစ်အဖြစ် သွေးအေး လူသတ်သမား သန်းရွှေ လို့ ပြောင်းခေါ်ရမှာပါ။

ဒီတော့ ပြည်သူတွေအနေနဲ့ နိုင်ငံနဲ့ ဘာသာသနာကို ဖျက်ဆီးစော်ကားနေတဲ့ သွေးအေးလူသတ်သမား သန်းရွှေ
ဦးဆောင်တဲ့ နအဖကို တွန်းလှန်ဖို့ အချိန်တန်နေပါပြီ။ ကိုထင်ကျော်တို့ ပြောခဲ့သလို ၂၁ ရက်နေ့မှ နအဖက ဘာမှ လုပ်ဆောင် ပေးခြင်း မရှိလျှင် ၂၂ ရက်နေ့မှာ ပြည်သူလူထုကြီးက အကြမ်း မဖက်ဘဲ လမ်းလျှောက် အလုပ်သွားခြင်းဖြင့် ပါဝင်ဆန္ဒ ဖေါ်ထုတ်သွားကြပါစို့လား ခင်ဗျာ။

အထက်ပါ ကျွန်တော် ပြောခဲ့တာတွေနဲ့ သက်ဆိုင်တဲ့ ကျွန်တော်နဲ့ ရင်းနှီးတဲ့ ကိုတတ်စလာနဲ့ ကိုမိုးတိမ်တို့ရဲ့ ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီး ဆီဈေးတတ်ရတဲ့ နောက်ဆက်တွဲ မြင်ကွင်းတွေကို ဖတ်ကြည့်ပါဦး....

ကိုမိုးတိမ်က ဒီလို မြင်ခဲ့ရပါတယ်။

ကိုတတ်စလာကလည်း ဒီလို မြင်ခဲ့၊ ပြောခဲ့ပါတယ်။

ကိုထိုက်

Friday 17 August 2007

ရသမဲ့ စကားဝိုင်း

အတုတွေကြားထဲမှာ ငါဟာ အတုပါ
ခင်ဗျားပြောလိုက်တာ အမြီးထောင်တိုင်း ခွေးကောင်း မဟုတ်ဘူးဆို
ဘာဖြစ်လို့ သိက္ခာတွေ ဆွဲချနေရတာလဲ
အတ္တမှာ အားမာန်တော့ရှိတယ်
ဒါဟာ ပုလင်းထဲကို ထည့်ထားတဲ့ ဇာတ်ဝင်ခန်းပါကွာ
စိတ်အာဟာရအတွက် ဆာလောင်ခြင်းကို ဖူးပွင့်ပေးရမယ်
လက္ဘရည်တစ်ခွက် မှာရတာထက်
ဆိုက်ကြားတစ်ကြောင်းပဲ ဆွဲလိုက်ချင်တယ်
ညတုန်းက အိမ့်ရှေ့ က တံခါးကို လာခေါက်နေတာ
ငါတို့အားလုံး သိချင်နေတဲ့ ပန်းချီကား ဖြစ်မယ်ထင်တယ်
ဒါဆိုရင် ကျွန်တော်တို့ ဘ၀ကို
ပေါ့ပေါ့လေး တွေးမနေသင့်တော့ပါဘူး။

Wednesday 15 August 2007

ရိုးသားစွာနဲ့ တိုင်းပြည်ကို ချစ်ပါရဲ့လား

အာဏာရူးနေတဲ့ စစ်ဗိုလ်ချုပ်တစ်စုအား တပ်မတော်နဲ့ ပြည်သူလက်တွဲပြီး ရိုးသားစွာ တိုင်းပြည်ချစ်တဲ့ တပ်မတော်သားတွေကို ပါဝင်တော်လှန်နိုင်အောင်၊ တိုင်းပြည်အတွက် စစ်မှန်စွာ စေတနာနဲ့ အလုပ်လုပ်ကြဖို့ တပ်မတော်သားဟောင်းတစ်ဦးရဲ့ နှိုးဆော်သံပါ။ လမ်းကြုံလို့ ကျွန်တော့် ဘလော့ကို ၀င်ရောက်လာတဲ့ တပ်မတော်သားတွေ၊ နားထောင်ကြည့်စေချင်ပါတယ်။ သင်ဟာ ရိုးသားစွာ တိုင်းပြည်ကို ချစ်ပါရဲ့လား..........

Get this widget | Share | Track details

Thursday 9 August 2007

အမျိုးသား ညီလာခံ အခြေခံမူ ၁၀၄ ချက်

အမျိုးသားညီလာ၏ အခြေခံမူ ၁၀၄ ချက် နှင့် ၄င်းတို့၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များကို မြန်မာလူမျိုးတိုင်း လက်ရှိတိုင်းပြည်၏ အခြေအနေအရ သိသင့်သည် ထင်သောကြောင့် အပိုင်း ၄ ပိုင်းခွဲ၍ ကျွန်တော်တင်လိုက်ပါသည်။ ယခု အပိုင်းသည် နောက်ဆုံး အပိုင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် နိုင်ငံသူ၊ နိုင်ငံသားတိုင်း၏ အနာဂါတ် ကံကြမ္မာကိုအာဏာသိမ်း စစ်အစိုးရ အနေဖြင့် ဤအမျိုးသားညီလာခံကို ယခုကဲ့သို့ လုပ်ချင်တိုင်းလုပ်ပြီး ရေးဆွဲချင်တိုင်း ရေးဆွဲ၍ မရပါ။ နိုင်ငံ၏ အခြေခံဥပေဒသည် တဖက်သက် စိတ်ကူးယဉ်ပြီးရေးဆွဲနေပါက တကယ်တမ်း နစ်နာမည်မှာ ကျွန်တော်တို့၏ မိခင်တိုင်းပြည်နှင့် ပြည်သူများ အားလုံးပင်ဖြစ်သည်။ (ထိုအထဲတွင် တပ်မတော်ပါ ပါဝင်သည်။) တိုင်းပြည်ကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာသွားမည့် လူများကတော့ တပ်မတော်ကို အလွဲသုံးစားလုပ်နေသော အာဏာရှင် လူတန်းစား တရပ်သာ ဖြစ်ကြောင်း ဤအခြေခံမူ ၁၀၄ ချက်က သက်သေပြနေသည်ဖြစ်သည်။

မြန်မာ ပြည်သူတရပ်လုံး မတရားသည်ကို မတရားဘူးဟု သိရှိနိုင်ရန် အခြေခံမူ များကို ကျွန်တော် တတ်နိုင်သည့်ဘက်မှ စာပြန်ရိုက်၍ တင်ပြပေးခဲ့ခြင်းဖြစ်ပါသည်။ (သေချာဖတ်ကြပါရန် နှိုးဆော်ချင်ပါသည်။) ဤ မတရားမှုများကို မတရားဘူးဟု သိရှိကာ မတရားမှုများကို မိမိတို့ တတ်နိုင်သည့်ဘက်မှ တစ်ထောင့်တစ်နေရာ (အနည်းဆုံး အာဏာရှင်များ၏ ဘောလုံးကွင်း နိုင်ငံရေးပွဲများ လုပ်ကြသည့်အခါ မထောက်ခံခြင်း (သို့) ကန့်ကွက်ခြင်းဖြင့်) ပါဝင်၍ တော်လှန်ကြပါရန်လည်း တိုက်တွန်းချင်ပါတယ် ခင်ဗျာ။

ကိုထိုက်



အပိုင်း (၄)

( ) မြေ၊ ရေ၊ လေ သယံဇာတပစ္စည်းများနှင့် စပ်လျဉ်းပြီး - -

-၈၇- ( ) နိုင်ငံတော်သည် နိုင်ငံတော်ရှိမြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်။

-၈၈- ( ) နိုင်ငံတော်သည် နိုင်ငံပိုင် သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေပြဌာန်းမည်။

-၈၉- ( ) နိုင်ငံတော်သည် နိုင်ငံသားများ ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဌာန်းချက်နှင့် အညီခွင့်ပြုမည်ဟု အခြေခံမူများ ချမှတ်ပါတယ်။
အခြေခံမူ (၈၇- ၈၈- ၈၉) အရ သယံဇာတ အားလုံး၏ ပိုင်ရှင်မှာ မြေကြီးသာလျှင်ဖြစ်ပါသည်။ ပြည်ထောင်စု ဆိုသည်မှာ ပြည်နယ်များကို စုပေါင်းဖွဲ့စည်းထားသောကြောင့် ယင်းသယံဇာတ ပစ္စည်းများကို ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့ စုပေါင်းပိုင်ဆိုင်ပေသည်။ ထို့ကြောင့် ထိုသယံဇာတပစ္စည်းများကို ထုတ်ယူသုံးစွဲပါက မူလပိုင်ရှင်ဖြစ်သော ပြည်နယ်အာဏာပိုင်များကို အကျိုးခံစားခွင့် ရရှိစေရန် ဥပဒေတွင် အတည့်အလင်းပြဌာန်း ပေးထားရမည်။
သယံဇာတ ဆိုသည်မှာ မိမိမျိုးဆက် တစ်ခုတည်းအတွက်သာမဟုတ်ဘဲ နောင်သားစဉ်မျိုးဆက်များ အတွက်ပါဖြစ်သောကြောင့် ထုတ်ယူသုံးစွဲရာတွင် အကန့်အသတ်ဖြင့် ထုတ်ယူသုံးစွဲရမည်။

( ) ရွေးကောက်တင်မြောက်ခြင်းနှင့် စပ်လျဉ်းပြီး - -

-၉၀- ( ) နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိရမည်။

-၉၁- ( ) ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်ကို သက်ဆိုင်ရာ မဲဆန္ဒရှင်များက နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားချက်များနှင့်အညီ တာဝန်မှပြန်လည်ရုပ်သိမ်းခွင့်ရှိသည်ဟု အခြေခံမူများချမှတ်ပါတယ်။

( ) နိုင်ငံရေးပါတီများနှင့် စပ်လျဉ်းပြီး - -

-၉၂- နိုင်ငံတော်သည် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျ ဖွဲ့စည်းနိုင်ရန် လိုအပ်သည့် ဥပဒေပြဌာန်း ဆောင်ရွက်မည်ဟု အခြေခံမူချမှတ်ပါတယ်။
အခြေခံမူ (၉၂) အရ လူတိုင်းသည် မိမိ၏အခွင့်အရေး၊ ယုံကြည်ချက်ပေါ်တွင် မူတည်၍ လွတ်လပ်စွာ ပါတီထူထောင်ခွင့်ရှိသည်။ အများအတွက်အကျိုးမပြုသော ပါတီများသည် အစိုးရကိုယ်တိုင်မှ ဖျက်သိမ်းရန်မလိုဘဲ သူ့အလိုကျပျောက်ကွယ် သွားမည်။ ပါတီ များလွန်းလျှင် အလွန်အကျွံ ဒီမိုကရေစီ ဖြစ်ခြင်းနှင့် ပါတီနည်းလွန်းလျှင် အာဏာရှင် ဖြစ်သွားနိုင်ခြင်းကို နိုင်ငံတော်မှ ထိန်းညှိပေးရမည်။

( ) အရေးပေါ်ကာလနှင့် စပ်လျဉ်းပြီး - -

-၉၃- ( ) တိုင်းဒေသကြီး တစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတွင်ဖြစ်စေ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကိုနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်း မရှိသည့် အရေးပေါ် အခြေအနေပေါ်ပေါက်လျှင် နိုင်ငံတော်သမ္မတသည် ထိုတိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု၌ အုပ်ချုပ်ရေးဆိုင်ရာ အခွင့်အာဏာကို သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။ ထိုသို့ဆောင်ရွက်ရာ၌ လိုအပ်လျှင် ထိုတိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် သက်ဆိုင်သည့်ဥပဒေပြု အခွင့်အာဏာများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်များနှင့် အညီ နိုင်ငံတော်သမ္မတက သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။

-၉၅- ( ) နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှု စသော အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စု ပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာ အာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် နိုင်ငံတော် အာဏာကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိသည်ဟု အခြေခံမူများ ချမှတ်ပါတယ်။
အခြေခံမူ (၉၃) (၉၄) (၉၅) အရ နိုင်ငံတော်သမ္မတသည် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် နိုင်ငံ့အာဏာကို ရယူသုံးစွဲခွင့်ရှိသည်ဟု ဖော်ပြထားသည်။ စစ်အာဏာသိမ်းခြင်းကို တရားဝင် ပြဌာန်းပေးထားခြင်းကြောင် ဒီမိုကရေစီနှင့် ဆန့်ကျင်နေပါသည်။ တကယ်တမ်း အရေးပေါ် အခြေအနေ ပေါ်ပေါက်ခဲ့သော် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ပြည်ထောင်စုလွှတ်တော်နှင့် ညှိနှိုင်းရမည့် အပြင် ပြည်ထောင်စုလွှတ်တော် အပေါ်တွင် သစ္စာစောင့်သိရပေမည်။ ဗဟိုအစိုးရ အနေဖြင့် ပြည်နယ်များ၏ ကိစ္စရပ်များအပေါ် မလိုအပ်ဘဲ ၀င်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန် ပြဌာန်းပေးရမည်။

( ) နိုင်ငံခြားရေးနှင့် စပ်လျဉ်းပြီး - -

-၉၆- ( ) နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဖက်မပျက် ပေါင်းဖက်းဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်ထိန်းသည်။

-၉၇- ( ) နိုင်ငံတော်သည် မည်သည့်နိုင်ငံကိုမှ စတင်ကျူးကျော် တိုက်ခိုက်ခြင်းမပြု။

-၉၈- ( ) နိုင်ငံတော်အတွင်း မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြုဟု အခြေခံမူများ ချမှတ်ပါတယ်။
အခြေခံမူ (၉၈) အရ မည်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြုဟု ဆိုရာ၌ လက်ရှိမြန်မာ့ပင်လယ် ထွက်ပေါက်နှင့် ကိုကိုးကျွန်းများပေါ်ရှိ တရုတ်စစ်ဖက်ဆိုင်ရာ တပ်စခန်းများကို ဖျက်သိမ်းရမည်။ တရုတ် အားကိုးမှု ကင်းရှင်းစေရမည်။

( ) ပြစ်မူ ပြစ်ဒဏ်နှင့် စပ်လျဉ်းပြီး

-၉၉- ( ) မည်သည့် ပြစ်မူဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဌာန်းခွင့်မရှိ။

-၁၀၀- ( ) လူ့သိက္ခာ ညှိုးနွမ်းသေးသိမ်စေသည့် ပြစ်ဒဏ်ပြဌာန်းခွင့်မရှိဟု အခြေခံမူများ ချမှတ်ပါတယ်။

( ) သဘာဝ ပတ်ဝန်းကျင်နှင့် စပ်လျဉ်းပြီး

-၁၀၁- နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မည်ဟု အခြေခံမူ ချမှတ်ပါတယ်။
အခြေခံမူ (၁၀၁) အရ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောက်ရှောက်ရမည့်အပြင် သစ်တောသယံဇာတများကို ထုတ်ယူရာတွင် အကန့်အသတ်ဖြင့်ထုတ်ယူရမည်။ လက်တွေ့အားဖြင့် သက်ဆိုင်ရာ စစ်တိုင်းမှုးများနှင့် အပေါင်းအသင်းစီးပွားရေးသမားများ စည်းကမ်းမဲ့ ထုတ်လုပ်နေသောကြောင့် ပြုန်းတီးနေပြီဖြစ်သော မြန်မာ့သစ်တောများကို တတ်ကျွမ်းသော ပညာရှင်များအား အချိန်မှီ ခေါ်ယူ၍ ထိန်းသိမ်းစောင့်ရှောက်ရမည်။

( ) အထွေထွေပြဌာန်း ချက်များနှင့် စပ်လျဥ်းပြီး

-၁၀၂- ( ) မြန်မာစာသည် ရုံးသုံးစာဖြစ်သည်။
ဗမာစာသည် နိုင်ငံတော်၏ ရုံးသုံးစာဖြစ်သော်လည်း သက်ဆိုင်ရာလူမျိုးစုများ၏ စာကိုလည်း သက်ဆိုင်ရာလူမျိုးစုများ သင်ကြားခွင့်ရှိအောင် ပြဌာန်းပေးရမည်။

-၁၀၃- ( ) နိုင်ငံတော် အခြေခံမူများသည် ဥပဒေပြုလွှတ်တော်များက ဥပဒေပြဌာန်းရာတွင်လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အခြားဥပဒေများပါ ပြဌာန်းချက်များကို အနက်အဓိပ္ပါယ်ဖွင့်ဆိုရာတွင်လည်းကောင်း လိုက်နာရမည့် လမ်းညွန်များဖြစ်သည်။

-၁၀၄- ( ) နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များကို အနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်များနှင့် ပြည်နယ်လွှတ်တော်များက ပြဌာန်းသည့် ဥပဒေများသည်လည်းကောင်း၊ ပြည်ထောင်စုတိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်ချုပ်အုပ်ခွင့်ရစီရင်စုများ၏ အုပ်ချုပ်မူဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည်လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်မူ ရှိ၊ မရှိ စီစစ်ခြင်း၊ ပြည်ထောင်စုနှင့်တိုင်းဒေသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအကြား၊ ကိုယ်ပိုင်ချုပ်မူရ စီရင်စု အချင်းချင်း ဖြစ်ပေါ်သည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမူများကို ကြားနားဆုံးဖြတ်ခြင်းနှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကအပ်နှင်းသည့် အခြားတာဝန်များ ဆောင်ရွက်ခြင်းတို့ ပြုလုပ်နိုင်ရန် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး တစ်ရုံးကို ဖွဲ့စည်းမည်ဟု အခြေခံမူများ ချမှတ်ပါတယ်။

အားလုံးအပေါ် ခြုံငုံသုံးသပ်ချက်

( က ) သမိုင်းဝင် ပင်လုံစာချုပ်ကြီး ပေါ်ပေါက်ခဲ့သောကြောင့်သာ ပြည်ထောင်စုကြီး ဖြစ်လာခြင်းဖြစ်သည်။ ထိုပင်လုံစာချုပ်၏ အနှစ်သာရမှာ ( ) တန်းတူ၊ ( ) ပြဌာန်း၊ ( ) ခွဲထွက် ဟူ၍ ဖြစ်သည်။


( ) တန်းတူး။ ။အမျိုးသားနိုင်ငံရေး တန်းတူညီမျှမူရှိရေး(ဗမာတစ်ကျပ် - ရှမ်းတစ်ကျပ်)
(
) ပြဌာန်း။ ။ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး၊
( ) ခွဲထွက်။ ။ခွဲထွက်လိုက ခွဲထွက်ခွင့်ပြုရန် - - - ဖြစ်သည်။

( ) ညောင်နှစ်ပင် အမျိုးသားညီလာခံတွင် အခြေခံ ဥပဒေရေးဆွဲရေးအတွက် ချမှတ်ထားသော ဦးတည်ချက် ( ) ရပ်သည် လမ်းလွဲသို့ ဦးတည်နေပါသည်။ ပြည်သူလူထုသည် သမိုင်းတောင်းဆိုချက်အရ အလိုရှိနေသည်မှာ ( ) ပါတီစုံ ဒီမိုကရေစီနှင့် ( ) စစ်မှန်သော ပြည်ထောင်စု စနစ်ဖြစ်သည်။ ချမှတ်ထားသော ဦးတည်ချက်နှင့် အခြေခံမူ ( ၁၀၄ ) တို့သည် - - -

( ) တပ်မတော်က အာဏာကို ချုပ်ကိုင်ထားမည့် အချုပ်အချယ်ခံ ဒီမိုကရေစီဖြစ်သည်။
( ) ပြည်ထောင်စုမဟုတ်ဘဲ တစ်ပြည်ထောင် စနစ်( သို့ ) တိုင်းနှင့် ပြည်နယ်သာ ဖြစ်သည်။
ဤသည်ကား စစ်အာဏာရှင် မဟာဗမာနိုင်ငံတော် တည်ထောင်ခြင်းဖြစ်၍ ပြည်သူအားလုံး တပြေးညီနစ်နာမည်။ တိုင်းရင်းသား လူမျိုးများအဖို့ ခေါင်းမဖေါ်နိုင်သည့် ဘ၀မျိုးကျဆင်းသွားလိမ့်မည်။

( ) ညီလာခံ ဖွဲ့စည်းထားပုံသည် ဒီမိုကရေစီနှင့် ဆန့်ကျင်သည်။ တကယ်ဖြစ်သင့်သည်မှာ ပြည်သူလူထု ရွေးချယ်တင်မြှောက်ထားသောကိုယ်စားလှယ်များကို အမာခံထားပြီး အခြားကိုယ်စားလှယ်များကို အရံထား၍ ဖွဲ့စည်းရမည်။ ယခု ဖွဲ့စည်းထားသည်မှာ ဖြစ်သင့်သည်နှင့် ပြောင်းပြန်ဖြစ်နေပါသည်။ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမျိုးတွင်မှ မရှိသောဖွဲ့စည်းပုံ အခြေခံဥပဒေမျိုး ဖြစ်သည်။

( ) ၁၉၆၂ ခုနှစ်မှစ၍ ယနေ့အချိန်အထိ နှစ်ပေါင်း ( ၄၀ ) ကျော်ကြာ အာဏာရှင် စစ်အစိုးရသည် လက်တွေ့အားဖြင့် အာဏာယူထားသော အစိုးရ (De Facto Government) အဆင့်သာရှိရာ လက်ရှိ တစ်ဖက်စောင်းနင်းရေးဆွဲနေသော အခြေခံမူ အတည်ဖြစ်သွားပါက နောင်နှစ်ပေါင်း (၄၀၀) အထိ တရားဝင် အစိုးရ (De jure Government)အဖြစ် ဆက်လက် အာဏာ တည်မြဲသွားမည်ကို တိုင်းရင်းသား ပြည်သူလူထုကြီး ရှင်းလင်းစွာ သိမြင်ဖို့ အရေးကြီးပါသည်။ ယခုအချိန်အခါသည် တိုင်းပြည်ချောက်ထဲသို့ ကျရန် လက်နှစ်လုံးသာလိုပါတော့သည်။ ထိုကြောင့် ချောက်ထဲမကျအောင် အချိန်မီ ကာကွယ်ရပေမည်။ ချောက်ထဲသို့ ကျသွားပြီးလျှင် ပြန်တတ်ဖို့ မလွယ်ကူကြောင်း နိုင်ငံရေး သတိရှိဖို့လိုမည်။

( ) ပြည်သူလူထု အနေဖြင့် အမျိုးသားညီလာခံတွင် ချည်ပြီးတုတ်ပြီး ဖြစ်နေသည့်တိုင်အောင် နောက်ဆုံး ရုန်းကန်ထွက်နိုင်သည့် အခွင့်အရေးရှိပါသေးသည်။ ဤသည်မှာ `လူထု ဆန္ဒခံယူပွဲ´ ဖြစ်ပါသည်။ အခြေခံဥပဒေကို အာဏာပိုင်များက အပိုင်စီးထားရေးအတွက် ကြံဖွတ်လူတစ်စုကို အသုံးပြု၍ ဘောလုံးကွင်း ဒီမိုကရေစီနည်းဖြင့် အတည်ပြုရန်ကြိုးပမ်းကြပေလိမ့်ဦးမည်။ ထိုအစည်းအဝေးပွဲများကို တတ်ရောက်ခြင်း မပြုမိအောင် ရှောင်ကျဉ်ခြင်းဖြင့် ရန်သူအားပေး မလုပ်မိကြစေရန် အရေးကြီးပါသည်။ ထိုသို့ ဘောလုံးကွင်း ဒီမိုကရေစီမျိုးကိုလည်း ကမ္ဘာကလက်ခံမည် မဟုတ်ပေ။ သို့ဖြစ်ရာ လူထု ဆန္ဒ ခံယူပွဲကို မလွှဲမသွေ လုပ်ရပေမည်။ ပြည်သူလူထုက ထို အခွင့်အရေးကို လက်မလွတ်တမ်း အသုံးချနိုင်ရန် လိုအပ်ကြောင်း ယခုကပင်ကြိုတင်၍ အသင့်ပြင်ထားကြရလိမ့်မည်။

( ) လွတ်လပ်ရေး သက်တမ်းနှစ် ( ၆၀ ) တိုင်ရှိခဲ့ပြီဖြစ်သော်လည်း ဗမာ အပါအ၀င် တိုင်းရင်းသား အပေါင်းတို့သည် နယ်ချဲ့ အင်္ဂလိပ် ကျွန်ဘ၀မှ ပခုံးပြောင်းကာ စစ်တပ်၏ ကျွန်ဘ၀အောက် ရောက်ခဲ့ရပါသည်။ အဖိနှိပ်ခံ ပြည်သူများအနေဖြင့် မိမိတို့ ကံကြမ္မာကို မိမိသာလျှင် ဖန်တီးနိုင်ရေးအတွက် တစ်ဦး တစ်ယောက်ချင်းသော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း၊ လူမျိုး အသီးသီးအလိုက်သော်လည်းကောင်း၊ တောင်တန်းမြေပြန့် မခွဲခြားဘဲ စုပေါင်းလက်တွဲခြင်းဖြင့် လာမည့်လူထု ဆန္ဒခံယူပွဲတွင် ဆန့်ကျင် ကန့်ကွက်မဲပေးနိုင်ခြင်းသည် မိမိအခွင့်အရေးအတွက်သာမက နောင်မျိုးဆက်အတွက်ပါ ကာကွယ်သမှုပြုရာရောက်သည်။

( ) ညောင်နှစ်ပင်ညီလာခံသည် ဗမာအပါအ၀င် တိုင်းရင်းသားအားလုံး၏ ကံကြမ္မာကို ဖန်တီး၍ ချောက်ထဲသို့ တွန်းချနေခြင်းကို ကာကွယ်နိုင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ မကြာမီကျင်းပတော့မည့် လူထု ဆန္ဒခံယူပွဲတွင် တစ်ခဲနက် ကန့်ကွက်မဲများ ထည့်ပေးရန်သာ ဖြစ်ပါကြောင်း တပ်လှန့်နိုးဆော်လိုက်ရပါသည်။

(မြန်မာနိုင်ငံသူ နိုင်ငံသားများ မိမိကံကြမ္မာမိမိ ဖန်တီးနိုင်ကြပါစေ။)
စစ်မှန်သောနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးသည် ကျွန်ုပ်တို့ နိုင်ငံသား အားလုံး၏
အဓိက တာဝန်ဖြစ်သည်။

စ၀်ပြည်ငြိမ်း (မောသျှမ်းပြည်)
attack2007@gmail.com