Monday 31 December 2007

၂၀၀၇ မှာ လူမုန်း အများဆုံး အာဏာရှင်

ကျွန်တော် အမှတ်မထင် သတိထားမိတဲ့ အချက်လေး တစ်ခုပါ။ အာဏာရှင် ၃ ယောက်ကို ပစ်ခတ်တိုက်ခိုက်တဲ့ Online Game တစ်ခုမှာ မြန်မာလူထု အချစ်တော် ဦးသန်းရွှေကတော့ ပထမ ဆုကို အခြားပြိုင်ဘက်၂ ယောက်နဲ့ အပြတ်အသတ် ခွာပြီး လူမုန်းအများဆုံး နေရာကိုရယူထားပါတယ်။

လူထုက ဘယ်လောက်များ ဦးသန်းရွှေကို မုန်းတီးနေသလဲဆိုတာ သက်သေပြချက် တစ်ခုအဖြစ် မှတ်တမ်း တင်လို့ရတဲ့ သက်သေလေး တစ်ခုပါပဲ။ အောက်ကပုံမှာ ကြည့်နိုင်ပါတယ်။

၂၀၀၇ ခုနှစ်ရဲ့ လူမုန်းအများဆုံး အာဏာရှင်ဆုပေးရင် ဦးသန်းရွှေကို ပြိုင်ဘက် မရှိ ပေးရမှာပါပဲ။

Happy New Year To All


နှစ်သစ်မှာ စစ်အာဏာရှင် စနစ်ကို မြန်မာ့ မြေပေါ်မှသာ မက၊ ကမ္ဘာ့မြေပေါ်မှပါ မောင်းထုတ်ကြ။

Sunday 30 December 2007

ဒုက္ခပေးနေသော အဓိက အကြောင်းတရား


မြန်မာ့နိုင်ငံရေး ရှေ့ရေး အတွက် တပ်မတော် ထောက်လှန်းရေးပြုတ် ဗိုလ်ခင်ညွန့် ချမှတ်ခဲ့သော road map (၇) ချက်နှင့် အညီ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ချီတတ်နေပါသည်ဟု ယနေ့ မြန်မာ့တပ်မတော်ကို ဦးဆောင်နေသူများကိုယ်စား ပြန်ကြားရေး ၀န်ကြီး ကျော်ဆန်းက ပြောသွားခဲ့ပါတယ်။

အများပြည်သူက ပြောထား တောင်းဆိုထားသော စစ်မှန်သော ဒီမိုကရေစီစနစ်ကို တည်ထောင်ရမယ့်အစား စစ်ဗိုလ် ၂၅ ကျပ်သားပါတဲ့ အာဏာရှင် စနစ်ကို ပုံပြောင်းထားတဲ့ အာဏာရှင် ဒီမိုကရေစီ တပိုင်းတစကို တည်ထောင်မယ်လို့ ဗိုလ်သန်းရွှေ ဦးဆောင်တဲ့ နအဖက ကြေငြာလိုက်တာပါပဲ။ (ဒီနေရာမှာ စစ်ဗိုလ် ၂၅ ကျပ်သားကို ခဏ ဖယ်ထားလိုက်ပါဦးမယ်။)

ဒီမိုကရေစီဆိုတာကို ကြီးကြီးကျယ်ကျယ် မပြောလိုပါဘူး။ ဒါပေမယ့် ဒီမိုကရေစီရဲ့ အခြေခံ သဘောတရားအရ တရားဥပဒေဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ အဓိက ဒေါက်တိုင်တစ်ခုပါပဲ။ အခု နအဖ လုပ်မှာက အာဏာရှင် ပုံစံ စစ်ဗိုလ် တမတ်သားပါပြီးတော့၊ ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ (သို့) ၀န်ကြီးချုပ်ဆိုတာတွေထက် အာဏာပိုရှိနေတာတွေကို ထည့်သွင်းရေးဆွဲမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ရေးဆွဲဖို့ အမျိုးသား ညီလာခံကနေ ဇွတ်အတင်း အတည်ပြု ပြီးနေပါပြီ။

Road map (၇) ချက်က ထွက်လာမယ့် အာဏာရှင် ဒီမိုကရေစီနဲ့ စစ်မှန်တဲ့ ပြည်သူ့ ဒီမိုကရေစီမှာ အဓိက ကွာခြားချက် တစ်ခုက တရားဥပဒေ ဆိုတာပါပဲ။

အာဏာရှင် ဒီမိုကရေစီကတော့ ဥပဒေဆိုတာ အာဏာရှင်ရဲ့ ပါးစပ်မှာ ရှိပြီး၊ ပြည်သူ့ ဒီမိုကရေစီမှာတော့ တရားဥပဒေဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့ ဖြစ်ပါတယ်။

အာဏာရှင် ဒီမိုကရေစီနဲ့ ပြည်သူ့ ဒီမိုကရေစီမှာ ရလာမယ့် သာမန်ပြည်သူတွေရဲ့ ရပိုင်ခွင့်၊ အခွင့်အရေး၊ ကာကွယ် စောင့်ရှောက်မှု၊ တာဝန် ၀တ္တရား စတာတွေကို ခဏ မေ့ထားလိုက်ပြီး၊ လက်ရှိ စစ်ခေါင်းဆောင်ကြီးတွေနဲ့ သူတို့တွေရဲ့ ရပိုင်ခွင့်တွေကို အဲဒီ စနစ် (၂) ခုမှာ စဉ်းစားကြည့်တာပါ။

ဦးနေ၀င်းက အာဏာရှင် စနစ်ကို ပုံစံပြောင်းပြီး အရပ်သား အုပ်ချုပ်မှု ပုံစံ အရပ်သား အရေခြုံ အာဏာရှင် စနစ်ကို တည်ထောင်လိုက်ပါတယ်။ နောက်ဆုံး ဘာဖြစ်သွားပါသလဲ .. ။ အာဏာရှင် စနစ်ကပဲ သူ့ကို ဒုက္ခပေးလိုက်တာ နောက်ဆုံး လူမသိ၊ သူမသိ သေရပါတယ်။

ဦးနေ၀င်းရဲ့ သမီး ဒေါ်စန္ဒာဝင်း အခု ဘယ်ဘ၀ ရောက်နေပါသလဲ။ သူမြေးတွေ အခု ဘယ်လို ဖြစ်နေပါသလဲ ..... ။ မြန်မာနိုင်ငံသားတိုင်း အသိပါ။ အဲဒါကို ဘယ်သူက လုပ်တာလဲ၊ ဘယ်စနစ်က ဒုက္ခ ပေးလိုက်တာလဲ ... ။ ဘယ်ဒီမိုကရေစီ သမားကမှ လုပ်တာ မဟုတ်ပါဘူး။ ပြည်သူ့ ဒီမိုကရေစီ စနစ်က ဒုက္ခပေးလိုက်တာ မဟုတ်ပါဘူး။

ဒုက္ခ ပေးခဲ့တာက အရပ်သား အရေခြုံ အာဏာရှင် စနစ်က အဲဒီလို ဦးနေ၀င်းနဲ့ သူ့မိသားစု(နောက်ဆုံး မြေးတွေ အထိ) ကို ဒုက္ခ လိုက်ပေးတာပါ။ ပြည်သူ့ ဒီမိုကရေစီ စနစ်မှာ ဒီလောက် ဒုက္ခပေးလိမ့်မယ်လို့ မထင်ပါဘူး။

ထပ်ကြည့်ပါဦး၊ ဦးနေ၀င်း ပြီးတော့ ဦးစောမောင်။ ဦးစောမောင် ပြီးတော့ ဦးမြင်အောင်တို့၊ ဦးကျော်ဘ၊ ဦးထွန်းကြည် ... အစရှိတဲ့ လူတွေ။ ပြီးတော့ ဦးတင်ဦး ... ။ နောက် ဦးဝင်းမြင့်(S3)။ နောက်ဆုံး ဦးခင်ညွန့် ... ။ ဒီလူတွေဟာ ထင်ရှား ကျော်ကြားပြီး ထက်မြတ်ခဲ့တဲ့၊ လူသိများခဲ့တဲ့ ခေါင်းဆောင် ပိုင်းတွေပါ။ အခြား လူမသိပဲ တပ်ထဲမှာတင် လေးစားခံရပြီး ဒုက္ခရောက်သွားတဲ့ လူတွေရှိနိုင်ပါသေးတယ်။

ကဲ .. ဒီလူတွေကို ပြည်သူက တောင်းဆိုတဲ့ ဒီမိုကရေစီ စနစ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူလူထုက ဒုက္ခပေးခဲ့တာလား၊ အရပ်သား အရေခြုံ အာဏာရှင် စနစ်က ဒုက္ခပေးခဲ့တာလား ..... သေချာ စဉ်းစား သုံးသပ်ကြည့်ပါ။ မြန်မာ့ သမိုင်းတလျှောက်လုံးကို ကြည့်လိုက်ပါဦး။ ပြည်သူတွေက တောင်းဆိုတဲ့ ဒီမိုကရေစီ စနစ်က ဒုက္ခပေးလို့ ဘ၀ပျက်သွားတဲ့ ခေါင်းဆောင်နဲ့ မိသားစု ဆိုတာ မရှိသေးပါဘူး။ အရပ်သား အရေခြုံ အာဏာရှင် စနစ်က ဒုက္ခပေးလို့ ဘ၀ ပျက်သွားရတဲ့ ခေါင်းဆောင်တွေ့သာ လက်တွေ့မှာ(မြန်မာ့ သမိုင်းမှာ) ရှိခဲ့တာပါ။

အထက်မှာ ကျွန်တော် ပြောပြခဲ့တဲ့ လူတွေဟာ ခပ်ညံ့ညံ့ လူတွေ မဟုတ်ပါဘူး။ လူတော်တွေ၊ အရည်အချင်းရှိတဲ့ လူတွေပါ။ (လူကောင်း ဟုတ်၊ မဟုတ်ဆိုတာတော့ ကျွန်တော် မပြောလိုပါဘူး။ အဲဒါ သူတို့ သမိုင်းပါ။) အဲဒီလို လူတွေကို မှန်ကန်တဲ့ စနစ်နဲ့ ကောင်းမွန်တဲ့ လုပ်ရပ်တွေကသာ မွန်းမံလိုက်ရင် တိုင်းပြည်အတွက် အရမ်းအကျိုးရှိမှာပါ။ တိုင်းပြည် ရတနာတွေပါ။ အခုတော့ အဲဒီလူတွေကို မိသားစုပါ အပါအ၀င် ဒုက္ခပေး ဖျက်ဆီးလိုက်တာကတော့ အရပ်သားအရေခြုံ အာဏာရှင် စနစ်ပါပဲ။

အခုလည်း အဲဒီလမ်းကြောင်းအတိုင်း road map (၇) ချက်နဲ့ အရပ်သား အရေခြုံ ဒီမိုကရေစီကို သွားဖို့ ခြေလှမ်းပြင်နေပြန်ပါပြီ။ ဒုက္ခ သံသရာထဲ လက်ရှိ နအဖ စစ်ဗိုလ်ကြီးတွေ ဆက်တိုးနေပြီလား။ စဉ်းစားကြည့်ပါ .. ။ အဲဒီ စနစ်က တိုင်းပြည်အတွက်လည်း မကောင်းပါဘူး။ ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင်နဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ မိသားစုတွေ အတွက်လည်း မကောင်းပါဘူး။ ဘာလို့ ဇွတ် မျက်စိမှိတ်သွားနေကြတာလဲ။

တကယ်တမ်း ဗိုလ်ချုပ်ကြီးတွေကို အကာအကွယ်ပေးနိုင်မှာ ပြည်သူ့ ဒီမိုကရေစီစနစ်ကသာ အကာအကွယ် ပေးနိုင်မှာပါ။ ဗိုလ်ချုပ်ကြီးတွေ ချစ်တယ်လို့ ပြောနေတဲ့ တိုင်းပြည်ကို တိုးတတ်အောင် လုပ်နိုင်တာကလည်း အဲဒီ ပြည်သူ့ ဒီမိုကရေစီပဲ ဖြစ်ပါတယ်။ road map (၇) ချက်က ထွက်လာမည့် အာဏာရှင် ဒီမိုကရေစီက တိုင်းပြည်ကို တိုးတတ်နိုင်စွမ်း မရှိတာ သမိုင်းသက်သေတွေရှိပါတယ်။

ဗိုလ်ချုပ်ကြီးတွေက မိမိ မိသားစုဘ၀ အာမခံချက်နဲ့ တိုင်းပြည်ကို အစစ်အမှန် လက်မထောင်စေနိုင်မယ့် ဒီမိုကရေစီ စနစ်ကို သွားမလား၊ မိမိ မိသားစုနဲ့ ကိုယ်တိုင် ဒုက္ခရောက်ပြီး တိုင်းပြည်မွဲပြာကျမယ့် အာဏာရှင် ဒီမိုကရေစီကို အသက်သွင်းမလား .... ဘာကိုရွေးကြမှာလဲ။ အဖြေက တပ်မတော်ထဲက ဗိုလ်ချုပ်ကြီးတွေရဲ့ လက်ထဲမှာ လွယ်လွယ်လေး ဆုပ်ကိုင်ထားပါကြောင်း မြင်သလောက် တင်ပြလိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

P.S နောက်တွင် တိုင်းပြည်ရဲ့ အခက်အခဲတွေကို ဘယ်လို ကျော်လွှားမလဲ၊ တပ်နဲ့ ပြည်သူ၊ တပ်နဲ့ NLD ဘယ်လို ပူးပေါင်း လုပ်ကိုင်နိုင်မလဲ ဆိုတာတွေကို တွေးမြင်ပြီး ရေးပြနိုင်အောင် ကြိုးစားနေပါတယ်။ ထိုကိစ္စကို အခြားအကြံဥာဏ် ရှိသူများလည်း comment တွင်ပါဝင် ဆွေးနွေးကြည့်စေချင်ပါတယ်။

ထောင်တွင်းနောက်ဆုံးအခြေအနေ

Talkyကျော်စိုး (ကိုကျော်စိုး) ကို ၂၇ ရက် ညပိုင်းက သီးသန့်ဆောင် မှ ပင်မဆောင်သို့ပြောင်း ၊
အဖမ်းခံရစဉ် ခေါင်းတွင်ထိခိုက်မှုကြောင့် ဒဏ်ရာရရှိ ၊ အာရုံကြောထိခိုက်နေ ၊
ကိုကျော်စိုး အပါအ၀င် ၆ ဦးမှာ ပါဆယ်သာပေးနိုင် ၊ လူချင်းမတွေ့ရ ။

ကိုမြင့်လွင်ဦး (ခ) သားကြီး ကို (၂၆)ရက်နေ့ က ရုံးထုတ် ။

ငွေကြာယံ ဆရာတော် ၅ ပါး (ဦးနန္ဓ ၊ ဦးဇာနည်ရ ၊ ဦးအဂ္ဂဓမ္မ ၊ ဦးအိန္ဒိယ ၊ ဦးလာသက) တို့ကို ပုဒ်မ - ၅၀၅/ခ ၊ ၂၉၅ ၊ ၁၄၃ နဲ့စွဲ ။

ကိုကျော်စွာဌေး - ပုဒ်မ - ၇ ။ ကိုထွန်းထွန်းနိုင် - ပုဒ်မ - ၅၀၅ ။

ကိုအောင်မင်းနိုင် - ရုံးချိန်းရက်ပေး ၊ ရုံးမထုတ်သေး ။

ကိုလှမျိုးနောင် - ပင်မဆောင်ဆေးရုံတွင်ရှိ ၊ ဆေးကုသမှုညံ့ဖြင်း ။

(၂၆) ရက်နေ့က ရှေ့နေချုပ်များ ၊ တရားသူကြီးများ အစည်းအဝေးလုပ် ၊
တော်တော်များများအား ရုံးမထုတ်ရန် ဆုံးဖြတ် ။

ကိုမင်းကိုနိုင် ၊ ကိုကိုကြီး နှင့် ကိုဌေးကြွယ် တို့ ဆုံးဖြတ်ချက် --
မိမိတို့ကို ထိန်းသိမ်းထားသည်မှာ (၄)လ နှင့် (၈)ရက် (ရက်ပေါင်း ၁၃၀) ရှိပြီ ၊
မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတကာ ဥပဒေ အရ ရက်ပေါင်း (၉၀) အတွင်း တရားစွဲဆိုရမည်ထက်
ပိုမိုကျော်လွန်လာပြီဖြစ်သည် ၊
မိမိတို့ကို တရားမစွဲဆိုပါက မိမိတို့၏ မိသားစုများမှ န.အ.ဖ ကို ပြန်လည် တရားစွဲဆိုပါမည် ၊
မိမိတို့ကို တရားစွဲဆိုမည် ဆိုပါက - ပြည်သူလူထု ရှေ့မှောက်တွင် စစ်မှန်၊တရားနည်းလမ်းကျစွာ
စစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်ရမည် ၊
ထိုသို့မဟုတ်ဘဲ စစ်အစိုရထုံးစံ မမြင်ကွယ်ရာဆုံးဖြတ်ချက်ချပါက မိမိတို့ လုံးဝ လက်မှတ်ထိုးမည်မဟုတ် ။

သီးသန့်ဆောင် နှင့် ပင်မဆောင် မှ နိုင်ငံရေးအကျဉ်းသားအားလုံး ရေချိုးချိန် မှလွဲလျှင် အပြင်ထွက်(အဆောင်ပြင်) ခွင့်မရ ၊
ခေါင်းဆောင်ပိုင်းမှလွှဲလျှင် ကျန်လူငယ်အများစုအား စစ်ကြောရေးတွင် ရိုက်နှိုက်ညှင်းပန်းမှုများရှိ ။
--
Best Regards,
Generation Wave

............................................................................................

In English translation at comment, thanks to Goldie Shwe who translated this post.


The latest news of Insein Prisons is reported as follows;

Ko Kyaw Soe (aka Talky Kyaw Soe) was moved from a special unit to the main unit on 27 December. His head was badly injured during arrest which has effected his brain and neuro system. Until now, Ko Kyaw Soe and 6 other protesters have not been seen by family members. Instead, they can only send packages to them.

Ko Myint Lwin Oo (aka Thar Gyi) appeared before court on 26 December.

Five monks from Ngwe Kyaryan monastary (U Nanda, U Zarni Ya, U Ega Dama, U Indria and U Lar Thaka) have all been charged under Sections 505 b, 295 and 143

Ko Kyaw Swa Htay has been charged under Section 7, Ko Htun Htun Naing has been charged under Section 505, Ko Aung Min Naing has repeatedly been given court appointments, which have not been kept. Ko Hla Myo Naung is still in the main unit's hospital where treatment is of the lowest standard. Except for shower time, all the political prisoners are banned from going outside their cells. Apart from the famous and well-known leaders, the rest, and especially younger prisoners are subjected to physical and mental abuse and torture.

There was a meeting on 26 December between the judges and attorney generals, who decided not to hold hearings for the time being.

The Decision Issued By Ko Min Ko Naing, Ko Ko Gyi and Ko Htay Kywe

"It has now been 4 months and 8 days (130 days) since we have been arrested and detained.
This waiting time is far longer than permitted under International (including Burmese) Laws, which state that detainees must be put on trial within 90 days. If we are not brought before the Magistrate Courts, our families will file a suit against the SPDC (junta).

If we are to be prosecuted, the court hearing must be held in public and systematically , according to the laws and legislation. If the SPDC is trying to hold the trial in private and the decisions made behind the close doors, we will not agree to sign it".

(Information obtained by Generation Wave)

Saturday 29 December 2007

Action Call to Burmese Patriots in Singapore and around the world

စည်းလုံးကြပါ …

2008 Jan 2 ရက်နေ့တွင် စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှ Mandarin Hotel, Orchard မှာပြုလုပ်မည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကပွဲ၌ Poly ကျောင်းသားဟောင်း/သစ်များ (မျိုးချစ် poly ကျောင်းသား ဟောင်း/သစ်များ မပါ) အပါအ၀င် န အ ဖ ကပ်ဖား ရပ်ဖား အောက်ဆွဲများ၊ မျိုးချစ်စိတ် ကင်းမဲ့သူများ ဖျော်ဖြေကပြ အသုံးတော်ခံရန် ရှိပါသည်။

“ရန်...ငါ မပြတ်လို့
သံဃာ အသတ်ခံရတာ
သွေးကြွေးမှာ
ဆွေးနွေးစရာ အကြောင်းမရှိ....”

န-အ-ဖ တွေကို ကပြဖျော်ဖြေမဲ့ အက၀ါသနာရှင်များ စက်တင်ဘာအရေးအခင်း အပါအ၀င် အရးအခင်းတိုင်းမှာ ကျဆုံးသွားခဲ့တဲ့ ရဟန်း၊ ရှင်လူ ပြည်သူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ န-အ-ဖ စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုကို ဘယ်တော့မှမမေ့ပါနဲ့။ သေတောင် မ မေ့လိုက်ပါနဲ့။ လူတွေအကုန်လုံး ကြေကွဲစွာ ခံစားနေရချိန်မှာ န-အ-ဖလို ကျက်သရေ တစ်စက်မှမရှိတဲ့ လူ့မိစ္ဆာတွေရဲ့ ဖျော်ဖြေခိုင်းမှုကို လက်ခံတာ န-အ-ဖ ရဲ့လုပ်ရပ်တွေကို ထောက်ခံနေတာနဲ့ အတူတူပါပဲ။

ဒီတော့ မိမိတို့ဟာ ဘာလဲ။ န-အ-ဖ အောက်ဆွဲတွေလား။ ဒါဆိုရင်လည်း ရှင်းပါတယ်။ ဒါမှမဟုတ်ဘူးဆိုရင်တော့ မိမိတို့ ဘာလုပ်သင့် တယ်ဆိုတာ အချိန်မနှောင်းခင် သေသေချာချာ စဉ်းစားဆုံးဖြတ်ပါ။ လူ့အသိုင်းအ၀ိုင်းက စက်ဆုပ်ရွံရှာရတဲ့သူ မဖြစ်ပါစေနဲ့။ န-အ-ဖ စစ်အာဏာရှင်အုပ်စုတွေရဲ့ ဒီပွဲကို မပျက်ပျက်အောင်ဖျက်ဖို့ လွတ်လပ်ရေးနေ့ တိုက်ပွဲအနေနဲ့ မျိုးချစ်စိတ်ရှိသူတိုင်း မိမိတတ်နိုင်ရာ နေ ရာကနေ ပါဝင်ဆောင်ရွက်ကြပါ။ ဖိတ်ကြားထားခံရတဲ့ စီးပွားရေးလုပ်ငန်းရှင်များ မျိုးချစ်စိတ်ဓါတ်ရှိတယ်ဆိုရင် ဆန္ဒပြတဲ့အနေနဲ့ မတက် ရောက်ပါနဲ့။ အားလုံးဟာ တစ်သွေးတစ်သားတည်းရှိကြောင်း ပြကြပါ။

We strongly ask Burmese in Singapore and around the world to boycott the junta led ceremony and attend the ceremony organized by Burmese patriots.

Friday 28 December 2007

နအဖနှင့် သူတို့၏ ဆောင်းပါးများ

နအဖနှင့် သူတို့သတင်းစာများတွင် တဖက်သက်ရေးချင်ရာရေးသော ဆောင်းပါးများသည် ပြည်တွင်းမှ တုံပြန်နိုင်စွမ်း မရှိသော မြန်မာ ပြည်သူများကို နအဖ၏ အကာအကွယ်ဖြင့် စွပ်ဆွဲချင်ရာ စွပ်ဆွဲပြီး၊ ရေးချင်ရာ ရေးနိုင်စွမ်းရှိခဲ့ပေမယ့် ကမ္ဘာ့ အသိုင်းအ၀ိုင်းသို့ စွပ်ဆွဲ ပုတ်ခတ်ရေးသားသောအခါတွင် တရားဥပဒေဆိုတာ ရင်ဆိုင်လာနိုင်ရကြောင်းကို အောက်ပါ ဆောင်းပါးမှ သက်သေပြ၍ နေပါတော့သည်။


ကျော်မင်းလူ (ရွှေပြည်သာ)ဆိုသော ကလောင်ဖြင့် မဟုတ်သည်များကို အဟုတ်လုပ်၍ရေးသားကာ ပိုက်ဆံရှာသော လူတယောက်ကြောင့် ယခုအခါတွင် မြန်မာ့အလင်း သတင်းစာနှင့် အဆိုပါ ဆောင်းပါးရှင်ကို မဟုတ်မမှန် သိက္ခာချကာ စည်းမဲ့ကမ်းမဲ့ ရေးသားမှုဖြင့် APF သတင်းဌာနက တရားစွဲရန် ပြင်ဆင်နေကြောင်း သိရပါသည်။

နောင်တွင်လည်း ထိုကဲ့သို့ မဟုတ်မမှန် သိက္ခာချ စည်းမဲ့ကမ်းမဲ့ ရေးသားပါက ယခုကဲ့သို့ တရားစွဲ၍ ရနိုင်ကြောင်းကို APF ဌာနက သက်သေပြရန် ကြိုးစားချက် ဖြစ်ပါသည်။

RFA မှ APF သတင်းဌာနသို့ ဆက်သွယ် မေးမြန်းချက်ကို အောက်တွင် နားထောင်နိုင်ပါသည်။



ကျွန်တော်တို့ မြန်မာ ပြည်သူများ အနေဖြင့်လည်း ထိုကဲ့သို့ မတရားမှုများကို မြန်မာပြည်ထဲတွင် တရားစွဲ တုံပြန်နိုင်စွမ်း မရှိနိုင်ခဲ့လျှင်တောင် အနည်းဆုံး သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (သို့) လွပ်လပ်သော သတင်းဌာနများနှင့် ဆက်သွယ် အကြံဥာဏ်ရယူကာ နအဖနှင့် သူတို့နောက်လိုက်များ၏ မတရားမှုများကို တရားဥပဒေဖြင့် တွန်းလှန်နိုင်ရန် တင်ပြလိုက်ပါသည်။

အဆိုပါ အဖွဲ့အစည်း (သို့) သတင်းဌာနများကို မည်သို့ ဆက်သွယ်ရမည်ကို မသိပါက ကျွန်တော့်ထံတွင် (tzhtike2004@gmail.com) ဆက်သွယ် မေးမြန်းနိုင်ပါသည်။

အောက်တွင် ကျော်မင်းလူ(ရွှေပြည်သာ) ဆိုသူ၏ မူရင်း ဆောင်းပါးကို ဖတ်ရှုနိုင်ပါသည်။

Thursday 27 December 2007

မြန်မာ ပြည်သူတိုင်း အတုယူသင့်သော ကိစ္စတရပ်

အကြမ်းဖက် ဖမ်းဆီးခံရသူက တရားစွဲခံရနေရ ပြည်သူ့ အမည်ခံများကို တရားပြန်စွဲမည်

from DVB

အာဏာပိုင်တွေက ရန်ကုန် လှည်းတန်းမှာ လောင်စာဆီဈေးကျရေး ငြိမ်းချမ်းစွာဆန္နပြသူတွေကို အကြမ်းဖက် ဖမ်းဆီး ချုပ်နှောင်ထားပြီး အခုအခါ ၅ ဦးကို တရားစွဲဆိုလိုက်သလို စွဲဆိုခံရသူများကလည်း အကြမ်းဖက် ဖမ်းဆီးတဲ့ အာဏာပိုင်ဆိုသူတွေကို ပြန်လည်တရားစွဲမယ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

လောင်စာဆီဈေးနှုန်းချပေးရေး ဆန္ဒပြတောင်းဆိုလို့ ပြည်သူအမည်ခံတွေရဲ့ အကြမ်းဖက် ဖမ်း ဆီးမှုကို ခံခဲ့ရပြီး အင်းစိန်ထောင်မှာ အချုပ်ကျနေသူ ၅ ဦးကို အာဏာပိုင်တွေက ပုဒ်မ ၂ ခုနဲ့တရားစွဲ လိုက်ပြီး အခုလ ၃၁ ရက်မှာ ရုံးထုတ်တော့မယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ သူတို့ ၅ ဦးကတော့ သြဂုတ် ၂၈ ရက် ကမာရွတ်မြို့နယ် လှည်းတန်းမှာ ဆန္ဒပြစဉ် အကြမ်း ဖက်ဖမ်းဆီးခံခဲ့ရသူများထဲမှာ အပါအ၀င်ဖြစ်တဲ့ လှိုင်သာယာမြို့နယ်က ကိုသန်းဇော်မြင့်၊ ကိုဆန်းဝင်း၊ ကိုသန့်ဇင်မျိုး၊ ကျော်စိုးဝင်းနဲ့ လှည်းတန်းကတဦးတို့ ဖြစ်ပါတယ်။

သူတို့အပေါ် အစိုးရ သို့မဟုတ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမည့် လုပ်ဆောင်ချက် ဖြစ်ပေါ်စေရန်အလို့ငှာ နှိုးဆော်ကြံစည်လုပ်ဆောင်မှု၊ ပုဒ် ၅၀၅ (ခ)၊ ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇ တို့ နဲ့စွဲဆိုထားတာဖြစ်ပြီး တမှုချင်းစီအရ ထောင်ဒဏ် ၂ နှစ်ကျခံရနိုင်ပါတယ်။ သူတို့ကို လာမယ့် ၃၁ ရက် ကမာရွတ်တရားရုံးမှာ ရုံးထုတ်မယ်လို့ ရှေ့နေတယောက်နဲ့ အမှု ကိုင်အရာရှိတဦးတို့က လာရောက်အကြောင်းကြားတယ်လို့ ဒီနေ့ အင်းစိန်ထောင်မှာ သွားရောက် တွေ့ဆုံပြီးပြန်လာတဲ့ ကိုသန်းဇော်မြင့်ရဲ့ဖခင် ဦးတင်ယုက ပြောပြပါတယ်။

“သူတို့ မလုပ်ခဲ့တဲ့ပုဒ်မတွေလေ၊ နိုင်ငံတော် အကြည်ညိုပျက်အောင် သူတို့လုပ်တာမှ မဟုတ် တာကြီးကို၊ သူတို့ဘာသာ ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်တာ။” သူတို့အတွက် အမှုလိုက်ရှေ့နေရှာပြီး ခုခံချေပသွားမယ်လို့ ဦးတင်ယုက ပြောပါတယ်။ အာဏာပိုင်တွေက လာမယ့် ၃၁ ရက်နေ့ ရုံးထုတ်မယ်ပြောပေမယ့် အင်းစိန်ထောင်တွင်း တရားရုံးကို ထုတ်ကောင်းထုတ်မယ်လို့လည်း ဆိုတဲ့အတွက် မနက်ဖြန်ကစပြီး နေ့စဉ်ရက်ဆက် ထောင်ဗူးဝကို သွားစောင့်ရဦးမယ်လို့ ဆက်ပြောပါတယ်။

အခင်းဖြစ်တဲ့နေ့က သူတို့အပါအ၀င် ဆန္ဒပြသူတွေကို ပြည်သူအမည်ခံ စွမ်းအားရှင်တွေ၊ ပြည်ခိုင်ဖြိုး(ကြံ့ဖွံ့)တွေနဲ့ ဒေသအာဏာပိုင်တွေက အကြမ်းဖက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးစဉ်က အကြမ်းဖက်ခံရမှု အထောက်အထားတွေ တင်ပြပြီး ပါဝင်ကျူးလွန်သူတွေကို ပြန်လည်တရားစွဲဆိုမယ်လို့ ဦးတင်ယုက ပြောပါတယ်။

“ပြည်သူအမည်ခံထားတဲ့ စွမ်းအားရှင်တို့ ကြံ့ဖွံ့တို့ကို ကျနော်တို့ကဖော်ထုတ်ပေးရမှာလေ။ သူတို့ ဖမ်းမိန့်ကိုမရှိဘူး၊ ကျနော့်သားတွေကို။ ကျနော့်သားတွေကိုထိုးတဲ့ပုံတွေ၊ ကျနော့်သားတွေကို ကားပေါ်မတရားဆွဲတင်နေတဲ့ပုံတွေ၊ နောက်ပြီးတော့ ကြံ့ခိုင်ရေးကားတွေတန်းစီပြီး လူအုပ်တွေကို ချလာပြီးတော့ ၀ိုင်းရိုက်တဲ့ပုံတွေ၊ ကျနော့်မှာ ဓာတ်ပုံတွေရှိတဲ့ဟာကြီးကို။ အဖမ်းခံရတာတောင်မှ ရုန်းရင်းဆန်ခတ် အတင်းဆွဲပြီး လက်သီးနဲ့ထိုးတာ၊ ကားပေါ်အတင်မှာ သံလက်သီးနဲ့ထိုးတာ၊ စွမ်းအားရှင်တွေက။

“သူတို့ပြောတာ ပြည်သူတွေ၊ ပြည်သူတွေ၊ ပြည်သူ့အယောင်ဆောင်တွေ၊ ဒါ မတရားအသင်း အဖွဲ့အစည်းတွေ၊ အဲဒါနဲ့ ကျနော်တရားပြန်စွဲမှာ၊ သူတို့က လုပ်ပိုင်ခွင့်လည်း မရှိဘူးလေ။ ကျနော့် သားတွေ ဆန္ဒပြတောင်းဆိုလို့ ထိန်းသိမ်းတယ်ဆိုရင် ပြည်ထဲရေးက ထိန်းသိမ်းရမှာပေါ့။ လုံထိန်းရှိ တယ်၊ အပိုင်ရဲစခန်းကလူတွေရှိတယ်၊ ထောက်လှမ်းရေးတွေရှိတယ်လေ။ သူတို့ ထိန်းသိမ်းပေါ့။ ”

တရားဥပဒေမဲ့လုပ်ရပ်တွေကို မြန်မာတပြည်လုံး ခံစားနေရတယ်လို့ ကိုသန်းဇော်မြင့်ရဲ့ဖခင် ဦးတင်ယုက ပြောပါတယ်။ ဒီ တရားဥပဒေမဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သီး သန့်လိပ်မူတပ်ပြီး စာရေးတိုင် ကြားဦးမယ်လို့လည်း ဦးတင်ယုက ပြောပါတယ်။

Tuesday 25 December 2007

စက်တင်ဘာ လူသတ်ပွဲ မှတ်တမ်း သစ်တခု

Another new record of september massacre in Rangoon(Yangon).


ကိုမိုးသီး ထံမှ ရယူထားပါသည်။
download here 80.41 MB

Well Mr Hun Sen,.. mind your own business and deal with your people first, before you put your hand into Myanmar and UN. Let UN do it's own job.

Cambodian Buddhist nuns march to the Khmer Rouge Tribunal headquarters in Phnom Penh [Photo: AP]

Cambodian Protesters Urges Quick Trial of Khmer Rouge Leaders

Some 600 hundred protesters, including Buddhist nuns and Cambodian Muslims, marched in the capital Tuesday to urge a speedier trial for former leaders of the murderous Khmer Rouge.

A long-delayed, United Nations-backed tribunal is seeking accountability for atrocities during the Khmer Rouge's 1975-79 rule, under which an estimated 1.7 million people died from starvation, disease, overwork and execution.

The marchers, with students and Buddhist monks also among them, walked some five kilometers (3 miles) to the tribunal's office on Phnom Penh's outskirts.

"If the process of the trial continues to be too slow, then the aging former Khmer Rouge leaders will be die before facing trial," said Yin Kean, a 72-year-old nun. "I wish to see these leaders taken to court soon so that they will reveal who is responsible for the deaths of Cambodians under their regime."

The genocide trials are scheduled to begin next year. Five high-ranking former leaders are in detention after being charged with crimes against humanity and other charges.

Tribunal spokesman Reach Sambath welcomed the marchers.

"Their presence here is a very significant step, showing that this court has received support from the entire Cambodian population," he said.

.............................................................................

Cambodian leader blasts report, says UN should leave Myanmar alone


The U.N. should leave Myanmar alone and stop disrupting the junta's progress toward democracy by issuing critical reports on human rights abuses, Cambodia's leader said Wednesday.

"Myanmar has been moving smoothly ahead," Prime Minister Hun Sen said, becoming perhaps the first national leader to publicly praise the country's military junta since its bloody September crackdown on pro-democracy protests.

Hun Sen, whose government is regularly criticized for human rights abuses, lashed out at a report released Friday by U.N. human rights investigator Paulo Sergio Pinheiro.

The report found that at least 31 people were killed during the Myanmar crackdown, twice the toll acknowledged by the junta. It also said that 650 people remained in custody and another 74 people were missing.

Hun Sen said the report did nothing but "disturb" Myanmar's efforts toward reform.

"If you just keep opposing and pressuring (Myanmar), how can it solve its own problems?" Hun Sen said during a speech at the inauguration of a government women's dormitory.

"Leave them some space to work," Hun Sen said, adding that he believed the junta's goals for the future match the U.N.'s. "They also want to have national reconciliation, democracy and respect for human rights."

Saturday 22 December 2007

VCD Political Comedy Draws Laughter in Rangoon

(from Irrawaddy)

The generals who run Burma don't like it when the joke's on them, but political satire and humor are alive in military-ruled Burma.

A popular VCD depicting a traditional anyein performance is now selling like hot cakes in Burma. An anyein is like a variety show with comedians, singing and dancing.

The performance took place at Myaw Zin Gyun near Rangoon’s lake Kan Daw Gyi on November 24.

Well-known comedians including Godzilla, King Kong and Kyaw Htoo and four comedians known as “Thee Lay Thee" performed live in spite of a warning from authorities.

Before going on stage, Godzilla was asked to sign a document saying he would not make political jokes.

The comedian troupe is known as “Say Young Sone” (The Colorful).

The comedians quickly ignored the authorities and began cracking jokes about the military and the September uprising, drawing laughter and cheers from the audience.

The comedians targeted the September uprising, the regime’s municipal policy, the junta-backed Union Solidarity Development Association, religion and UN envoy Ibrahim Gambari.

A VCD of the performance is now widely available in Rangoon despite a ban imposed by the government.

One youth in Rangoon said that since last week the VCD has been on sale on the streets. He said he bought 10 copies to share with his friends.

One of the most popular bits is when two comedians portray UN Special Envoy Ibrahim Gambari and Minister of Information Brig-Gen Kyaw Hsan, who is dubbed as “Comical Ali.”

Kyaw Hsan begins touching the legs of Gambari—the duo then gradually begin to touch mouths, eyes, ears and heads.

Gambari finally says he knows what Kyaw Hsan’s up to.

“This man does not know about “Myanmar!” [Burma],” says Kyaw Hsan.

Finally, the two stand up and can not touch each other any more.

“Your dollars are falling out!” says Kyaw Hsan, pointing to the floor.

Gambari quickly bends over and picks up a US dollar. Kyaw Hsan kicks Gambari in the rear, shouting “This is Myanmar!”

Recently, the UN special envoy’s budget of more than $800,000 was approved for 2008 to work toward national reconciliation. The Nigerian diplomat has a Burmese nickname, “kyauk yu pyan,” which means “one who takes gems and then leaves.”

The performance also touched on Bagan Airline, which is owned by Burmese business tycoon Tay Za.

Snr-Gen Than Shwe was satirized as a man who acted like a king and who treated his "servants" (comedians) like slaves. The servants finally punished the king by beating him.

The Norway-based Democratic Voice of Burma began broadcasting the VCD performance on its satellite television network on Thursday.


Wednesday 19 December 2007

အရင်းအမြစ် ရှာဖွေခြင်း

တပ်မတော်၊ အထူးသဖြင့် မြန်မာ့ တပ်မတော်ပေါ့ဗျာ။ မြန်မာ့လွတ်လပ်ရေးအတွက် အရေးပါတဲ့ နေရာက လုပ်ဆောင်ပေးခဲ့သော တပ်မတော် ... ။ ဂုဏ်ပုဒ်တွေ မနည်းပါဘူး။

ကျွန်တော်တို့ ငယ်ငယ်က တော်လှန်ရေးနေ့မှာဆို တော်လှန်ရေးပန်းခြံနား သွားပြီး စစ်ချီလာတဲ့ တပ်မတော်သားတွေကို မနက် အစောကြီး အိပ်ယာကထ ကြိုဆိုလိုက်ရတာ။ ကျွန်တော့် ဦးလေးတစ်ယောက်ကလည်း (၁၀) တန်းအောင်လို့ ဗိုလ်သင်တန်းတတ်ချင်တာ၊ အဖွားက မခွဲနိုင်၊ အဘိုးက သဘောမတူတာကြောင့် DSA ဆိုတာကို မတတ်ရလို့ မစားနိုင်မသောက်နိုင်ဖြစ်နေရတာ တွေကို ပြန်မြင်ယောင်မိပါတယ်။ အခုတော့ .. အဲဒီ ဦးလေးက မိဘကျေးဇူးကို ကောင်းကောင်း နားလည်သဘောပေါက်သွားပါပြီ။ ၈၈ ပြီးကတည်းကပေါ့။ မကောင်းတာကို တားမြစ်ပြီး၊ ကောင်းတာကို ညွှန်ပြတတ်တဲ့ မိဘပါလားလို့ မိဘတွေကို ကျေးဇူး အထူး တင်တတ်နေပါပြီ။

နောက်ပြီး တော်လှန်ရေးနေ့မှာ ဘယ်သူကမှ တကူးတက မနက်စောစော အိပ်ယာက ထပြီး စစ်ချီလာတဲ့ စစ်ကြောင်းတွေကို ကြိုမနေကြတော့ပါဘူး။ တိုက်ရိုက်လွှင့်တဲ့ TV တောင် ဖွင့်မကြည့်ဘူး။ အဓမ္မခေါ်ခံထားရတဲ့ လူတွေနဲ့ ရပ်ကွက်လူကြီး ဖေါ်လံဖားတွေကတော့ သွားကြရတာပေါ့။

ခရီးသွားရင်း လမ်းမှာ ကားရပ်နေတုန်း လုပ်အားပေးနေတဲ့ စစ်သားလေးတွေကိုမြင်ရင် ရေတိုက်၊ မုန့်ကျွေး၊ စကားပြောနဲ့ မိတ်ဆွေဖွဲ့ခဲ့တဲ့ ကျွန်တော်တို့တွေ၊ အခု အချိန်လမ်းမှာ စစ်သားတွေ မြင်တာနဲ့တင် *&^*%$ ဆိုပြီး ကားပေါ်မှာ ရေရွတ် ပြောသွားခဲ့ကြပါတယ်။ ပါလာတဲ့ရေတွေ၊ မုန့်တွေကို ကျွေးဖို့ကတော့ စိတ်ထဲတောင် မထည့်တော့ပါဘူး။

၈၈ မတိုင်ခင်တုန်းက တော်လှန်ရေး ပန်းခြံနားမှာ စောင့်နေတဲ့ စစ်သား အစောင့်ကို ကျွန်တော် သူငယ်ချင်းရဲ့ ညီမလေးက(၃ နှစ်ကျော်ကျော် ကလေးလေးပါ။) လက်ထဲက ကစားစရာလေး သွားပေးတာကို မိဘတွေက ဘေးကရပ်ကြည့်ပြီး ပြုံးနေကြတာကို တွေ့ခဲ့ဖူးပါတယ်။

အခုကတော့ စစ်သားက ဒီဘက် ပလက်ဖောင်းမှာ ကင်းစောင့်နေလျှင် မိသားစုတွေက ဟိုဘက် ပလက်ဖောင်းကို လမ်းကူးသွားပါတယ်။ ကလေးတွေကို အဲဒီနားမှာ လမ်းပေးမလျှောက်တော့ပါဘူး။ အဲဒါတွေက ကျွန်တော် နိုင်ငံခြားထွက်မလာခင်က စစ်သားနဲ့ ပြည်သူတွေရဲ့ ဆက်ဆံရေးပါ။ အခု သံဃာတွေကို သတ်ပြီးတဲ့ အခါမှာ ကြုံတွေ့ရမယ့် စစ်သားနဲ့ ပြည်သူ ဆက်ဆံရေးကတော့ ဘယ်လို အခြေအနေဖြစ်လာနေလဲဆိုတာ ပြည်တွင်းက လူတွေမှ သိနိုင်ပါမယ်။

တပ်မတော်ဆိုတာ အရင်ကလည်း တပ်မတော်ပဲ၊ အခုလည်း တပ်မတော်ပဲ။ ကျွန်တော့် သူငယ်ချင်းညီမလေးက ကစားစရာ အရုပ်လေး သွားပေးခဲ့ဖူးတဲ့ စစ်သားလည်း အခု အချိန်အထိ တပ်မတော်ထဲမှာ ရှိနေနိုင်ပါသေးတယ်။ ဒါပေမယ့် သူ အစောင့်တာဝန်ထပ်ကျတဲ့ အခါတွေမှာ အဲဒီလို အဖြစ်မျိုး ထပ်ကြုံရမှာ မဟုတ်တာတော့သေချာပါတယ်။

တပ်မတော်ခြင်း တူပါလျှက်နဲ့ တပ်မတော်ကို ဦးဆောင်နေတဲ့ လူတွေ၊ တပ်မတော်ရဲ့ လုပ်ရပ်တွေကို ဖေါ်ဆောင်နေတဲ့ လူတွေရဲ့ လုပ်ငန်းစဉ်တွေက ပြည်သူတွေအတွက် ရွံစရာ ဖြစ်လို့ပါပဲ။ နည်းနည်းလောက် အသေးစိပ် လေ့လာကြည့်ကြရအောင်။ ကျွန်တော် အချက်တွေကို ခွဲခြမ်းလေ့လာကြည့်ပါတယ်။

တပ်မတော်ထဲက တပ်မတော်သားတွေရဲ့ ရပ်တည်ချက်

ဒီနေ့ မြန်မာနိုင်ငံက စစ်သား တစ်ယောက်က စစ်သင်တန်းမှာ တိုင်းပြည်ရဲ့ ပြည်ပရန်ကို ကာကွယ်ဖို့ ဆိုပြီး စစ်ပညာကို လေ့လာသင်ယူနေရပါတယ်။ ဒါပေမယ့် တကယ်တန်းမှာ သူတို့တွေဟာ ဗိုလ်ချုပ်မှုးကြီးရဲ့ ကတော် ဈေးဝယ်တာကို အစောင့် လုပ်ပေးနေရတာ၊ ဗိုလ်ချုပ်မှုးကြီးရဲ့ မြေးလေး ကျောင်းကြိုပို့ လုပ်နေရတာ၊ ဗိုလ်ချုပ်မှုးကြီးရဲ့ သမီး မင်္ဂလာဆောင်အတွက် အောက်ခြေသိမ်း လုပ်ပေးနေရတာတွေ စတဲ့ အလုပ်တွေကိုသာ လုပ်နေကြရပါတယ်။

စစ်ပညာ မသင်ဘဲ အထွေထွေ အလုပ်ကြမ်းသမား ပညာသင်ရုံနဲ့ အဆိုပါ အတတ်တွေကို တတ်မြောက်နိုင်ပါတယ်။ အခုဟာကတော့ ... ။

သူတို့ရဲ့ အိမ်ထောင်ဘက် အမျိုးသမီးတွေကလည်း ဗိုလ်ချုပ်မှုးကြီးရဲ့ ကတော်ကို ထမင်းဟင်းချက်ကျွေးရတာ၊ ဗိုလ်ချုပ်မှုးကြီးရဲ့ သမီးကို နင်းနှိပ်ပေးနေရတာ၊ အ၀တ်အစားတွေကို လျှော်ဖွတ်၊မီးပူ တိုက်ပေးနေရပြီး၊ (၂၁) ရာစုမှာ ကျွန်လုံးလုံးကို ဖြစ်နေရတဲ့ ဘ၀တွေလည်း မနည်းပါဘူး။ (ဒီနေရာမှာ ကျွန်တော်ပြောတာ မဟုတ်ဘူးဆိုလျှင် သက်သေနဲ့ တကွငြင်းဆိုနိုင်ပါတယ်။)

ပြည်သူကို အလုပ် အကျွေးပြုဖို့ ပြည်သူ့ရန်ကို ကာကွယ်ဖို့ ပြည်သူ့တပ်မတော်က အခုအချိန်မှာ ပြည်သူကို အန္တရာယ်ပေးပြီး၊ ဗိုလ်ချုပ်မှုးကြီး မိသားစုကို အလုပ်အကျွေးပြုဖို့ ဖြစ်နေတာကို တပ်မတော်သားတွေ သတိထားမိပါစ။ အဲဒါကတော့ တပ်မတော်ထဲက တပ်မတော်သားတွေ ဒီနေ့ ရပ်တည်နေရတဲ့ ရပ်တည်ချက်။

အဲဒီလို ရပ်တည်နေရတဲ့ ရပ်တည်ချက်တွေကို လက်ရှိတပ်မတော်သားတွေ ဆက်လက် လုပ်ဆောင်ရပ်တည်နေဦးမှာလား .... မေးစရာ မေးခွန်းတခုပါ။ အဖြေကတော့ တပ်မတော်သားတွေရဲ့ ရင်ထဲမှာ ကိုယ်စီ ရှိကြပါတယ်။

ကိုယ်ကိုတိုင်လည်း ဗိုလ်ချုပ်မှုးကြီးရဲ့ မြေးလေး စားသောက်ဆိုင်မှာ သွားစားသောက်နေတာကို အပြင်ကနေ ဘယ်နေ့ စောင့်ပေးရမလဲ။ ကိုယ် ချစ်မြတ်နိုးလို့ ယူထားတဲ့ မိန်းမ ဘယ်နေ့မှာ ဗိုလ်ချုပ်မှုကြီးမိသားစုရဲ့ (၂၁) ရာစု ကျွန်ဖြစ်လာမလဲ။ တွေးပူနေရတော့မှာလား။

လက်ရှိ တပ်မတော် ခေါင်းဆောင်ကြီးတွေ တရားဝင်မှု ရှိ၊ မရှိ

တပ်မတော်သားတယောက်က ဘယ်အချိန်မှာ စစ်စည်းကမ်းအရ အငြိမ်းစား ယူရပါသလဲ။ တပ်မတော်သားတိုင်း ဖြေဆိုနိုင်တဲ့ မေးခွန်းလေးပါ။ ဓမ္မဒိဌာန် မေးခွန်းလေးပါ။ စစ်းသားတိုင်း သိပါတယ်။ ကျွန်တော်တခါ ရုရှားရောက် စစ်သားတစ်ဦးနဲ့ အမေး အဖြေလုပ်ခဲ့ဖူးပါတယ်။ သူဖြေထားခဲ့ပါသေးတယ်။

ဒါဆို အခုလက်ရှိ တပ်မတော်ကို ခေါင်းဆောင်နေတဲ့ ခေါင်းဆောင်ကြီး ၂ ယောက် ဖြစ်တဲ့ ဦးသန်းရွှေနဲ့ ဦးမောင်အေးဟာ တပ်မတော်ရဲ့ စစ်စည်းကမ်းအရ တရားဝင် တပ်မတော်ခေါင်းဆောင်တွေ ဟုတ်ပါသလား ဆိုတာကို တပ်မတော်သားတွေ သိကြမှာပါ။

တပ်မတော်သားတွေက တရားမ၀င်တော့တဲ့ လူတွေရဲ့ အမိန့်ကို ဆက်လက် နားထောင်နေရမှာလား။ တရားမ၀င်တော့တဲ့ လူတွေရဲ့ ပြောချင်ရာပြောနေတဲ့ အမိန့်ကို နာခံနေရတာဟာ တိုင်းပြည်အတွက် အသက်ပင်ပေးထားတယ်ဆိုတဲ့ စစ်သားတွေရဲ့ ဂုဏ်သိက္ခာ အတော့်ကို ပွန်းပဲ့ပါတယ်။ တပ်မတော်လည်း အရှက်ရပါတယ်။

ထိုင်းက အာဏာသိမ်းခေါင်းဆောင် ဆွန်သီဟာ အသက် ၆၀ မှာ စစ်တပ်က အနားယူသွားခဲ့ပါတယ်။ ထိုင်း စစ်တပ်ဟာ တရားမ၀င်တဲ့ လူဆီက အမိန့်ကို မနာခံပါဘူး။ ထိုင်း စစ်သားတွေလောက်မှ မြန်မာစစ်သားတွေ သိက္ခာမရှိတော့ဘူးလား။

ကျွန်တော် ဒီလို ပြောတာကို တပ်မတော်ကို သွေးခွဲတယ်လို့ ပြောဆိုမယ့် လူတွေရှိပါတယ်။ အမှန်တရားအတွက် သွေးခွဲတယ်ဆိုလျှင်လည်း ကိုယ်ခန္ဓာထဲက မကောင်းတဲ့ သွေးပုပ်တွေကို ခွဲထုတ်ဖို့ ဆရာဝန်က လူနာကို အကြံပေးသလိုမျိုး ဆိုတာကို အသိရှိတဲ့ လူတိုင်း နားလည်မှာပါ။ ဦးနှောက်နည်းတဲ့ အသိမရှိတဲ့ လူတွေကတော့ သွေးခွဲတယ်လို့ ပြောတာကို ကျွန်တော်နားလည်နိုင်ပါတယ်။

တရားမ၀င်တော့တဲ့ စစ်ခေါင်းဆောင်တွေ လုပ်ချင်ရာလုပ်နေတာကို မြန်မာ့တပ်မတော်က တပ်မတော်သားတွေ ဘယ်လို ဆုံးဖြတ်ကြမှာလဲ။ အဲဒါကတော့ တပ်မတော်ရဲ့ လက်ရှိခေါင်းဆောင်ကြီးများ တရားဝင်မှု ရှိ၊ မရှိ ဆိုတာပါပဲ။

စစ် စည်းကမ်းနဲ့ အထက်အမိန့်

စစ် စည်းကမ်းနဲ့ အထက် အမိန့် ..... အဲဒီ ၂ ချက်က လက်ရှိ မြန်မာ့ တပ်မတော်သားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာလို့ ကျွန်တော် မြင်ပါတယ်။ ပြည်သူတွေ ရွံမုန်းလာအောင် လုပ်နေတဲ့ အဓိက တရားခံလို့ ပြောရမလိုတောင် ဖြစ်နေပါတယ်။ စစ် စည်းကမ်းမှာ အထက်အမိန့်ကို နာခံရမယ်လို့ အသေချာ ပြဌာန်းထားပါတယ်။ ကျွန်တော်က စစ်သားမဟုတ်လို့ ဘယ်လို အထက်အမိန့်ကို နာခံရမယ်ဆိုတဲ့ ပြဌာန်းချက် အသေးစိပ်ကို မသိပါ။ မတရားတဲ့ အထက်အမိန့်ကို နာခံရမယ်လို့တော့ ပြဌာန်းထားပုံ မရှိလောက်ပါဘူး။ တရားမ၀င်တော့တဲ့ စစ်ခေါင်းဆောင်တွေရဲ့ အမိန့်ကို နာခံရမယ်လို့ ပြဌာန်းထားပုံလည်း မရှိနိုင်ပါဘူး။

တပ်မတော်ရဲ့ အခြေခံ ကျင့်စဉ်ကိုက ပြည်သူတွေကို ကာကွယ်ဖို့ပါတဲ့။ ပြည်သူတွေ၊ သံဃာတွေကို သေနတ်နဲ့ ပစ်လို့ ပေးတဲ့ အမိန့်ဟာ တပ်မတော်ရဲ့ အခြေခံ ကျင့်စဉ်နဲ့ ဖြောင့်ဖြောင့်ကြီး သွေဖီနေပါတယ်။ လူအုပ်တွေများလို့ အခြားလူတွေ အန္တရာယ်ဖြစ်မှာစိုးရိမ်လျှင်တော့ ပခုက္ကူသံဃာတွေနဲ့ ခုနက တပ်မတော်က တရားမ၀င် ခေါင်းဆောင်ကြီးတွေ စကားသွားပြောလျှင်တောင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်နိုင်ပါတယ်။ သံဃာတွေကို သတ်စရာ မလိုပါဘူး။ သံဃာတွေကို ထိုင်ကန့်တော့ရလို့လည်း အဲဒီ တရားမ၀င် တော့တဲ့ ခေါင်းဆောင်ကြီးတွေ သိက္ခာကျစရာ မရှိပါဘူး။ ငယ်ငယ်ကတည်းက သံဃာတွေကို ကန့်တော့ပြီးကြီးပြင်လာခဲ့တဲ့ လူမျိုးတွေပါ။

သူတို့တွေက သံဃာတော်တွေကို မကန်တော့လိုတာနဲ့ စစ်သားတွေကို လူသတ်ခိုင်းတာလို့ ပြောရင် မမှားပါဘူး။ အဲဒီလို တရားမ၀င်တော့တဲ့ ခေါင်းဆောင်တွေရဲ့ မတရားတဲ့ အမိန်ကို စစ်သားတွေ နာခံရမှာလား ။ အဲဒီ မတရားတဲ့ အမိန့်ကြောင့် တပ်မတော်သားတွေ လူသတ်သမား တွေ အဖြစ်နာမည် ပျက်နေရတော့မှာလား။ စစ် စည်ကမ်းနဲ့ အမိန့် နာခံရမှုက တပ်မတော်ကို ပြည်သူ့ရန်သူ ဖြစ်စေတာလား၊ တရားမ၀င်တော့တဲ့ ခေါင်းဆောင်တွေရဲ့ မတရားတဲ့ အမိန့်တွေက တပ်မတော်ကို ပြည်သူရန်သူ ဖြစ်စေတာလား။ အဲဒီလို မတရားတဲ့ စည်းကမ်းတွေနဲ့ မတရားတဲ့ အမိန့်တွေတပ်မတော်မှာ ဖြစ်ပေါ်လျက်ရှိနေပါတယ်။

အထက်ပါ တပ်မတော်သားတွေရဲ့ ရပ်တည်ချက်၊ လက်ရှိခေါင်းဆောင်တွေရဲ့ တရားမ၀င်မှု့၊ စစ် စည်းကမ်းနဲ့ အမိန့် နာခံမှုတွေက ပြည်သူချစ်တဲ့ တပ်မတော်ကနေ၊ ပြည်သူတွေ ရွံမုန်းတဲ့ တပ်မတော်နဲ့ တပ်မတော်သား ဘ၀ကို ပြောင်းလဲစေတယ် ဆိုတာ တပ်မတော်သားတွေ ကိုယ်စား ကျွန်တော်ဒီနေရာကနေ တင်ပြဆွေးနွေးကြည့်တာပါ။

ဒါတွေကို ပြည်ချစ်တပ်မတော်နဲ့ တပ်မတော်သားကောင်းတွေ အဖြစ် ဘယ်လိုပြောင်းလဲကြမလဲ ဆိုတာ တပ်မတော်သားတွေ ဖြေရှင်းရမယ့် တာဝန်ပဲ ဖြစ်ပါတယ်။ ဖြေရှင်းနိုင်တဲ့ တချို့ အချက်တွေကိုတော့ ကျွန်တော် တွေးမိသလောက် ရေးခဲ့ဖူးတဲ့ ရောဂါ ကုစားခြင်း(သို့) Think Tank မှာ တင်ပြခဲ့ဖူးပါတယ်။ ဖတ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။

လေးစားစွာဖြင့်
ကိုထိုက်

What is UN's role on international, nowadays?



U.N. weak in Myanmar
(from www.tribune-chronicle.com)


U.N. Secretary General Ban Ki-moon warned Myanmar’s military leaders last week that the international community’s ‘‘patience is running out.’’ He referred to vicious crackdowns against those involved in pro-democracy movements in Myanmar.

Indeed, leaders in many countries have expressed their disgust with what is happening in Myanmar. But don’t look for military leaders there to bow to Ban’s demands. They have no reason to do so, simply because they have watched during recent years as the United Nations time after time failed to back up similar ultimatums.

The United Nations has become a toothless tiger, in many respects. Regimes such as that in Myanmar will heed its warnings only if the U.N. growls are backed up by at least some bite.

...............................................................................................
United Nations: Assembly Calls for Freeze on Death Penalty
(from www.nytimes.com)

In a vote that made for unusual alliances, the General Assembly passed, 104 to 54 with 29 abstentions, a nonbinding resolution calling for a moratorium on the death penalty. Among the countries joining the United States in opposition to the European-led measure were Iran, Myanmar, North Korea, Sudan and Zimbabwe. Opponents argued that the resolution undermined their national sovereignty. Two similar moves in the 1990s failed, and Secretary General Ban Ki-moon said the new vote was “evidence of a trend toward ultimately abolishing the death penalty.”

Tuesday 18 December 2007

'No progress' in Burma says NLD

BBC News
The Burmese opposition has said that there has been no sign of any dialogue with the military government for the past month.


National League for Democracy (NLD) spokesman Nyan Win told the BBC he had not been allowed to speak to detained opposition leader Aung San Suu Kyi.

Mr Win said he knew nothing of any further contact between Ms Suu Kyi and the military government.

The UN has repeatedly called for talks between the government and Ms Suu Kyi.

Dialogue offer

UN envoy Ibrahim Gambari has made two visits to Burma since tens of thousands of people joined massive street demonstrations led by monks, in Rangoon and other cities, in an outpouring of anger at the military government.

After his second visit early in November he read out a statement from Ms Suu Kyi in which she offered to take part in a dialogue with the military.
Ms Suu Kyi is under house arrest and this was the first time her words had been made public in years.

"I am committed to pursue the path of dialogue constructively, and invite the government and all relevant parties to join me in this spirit," she said.

While she insisted she would only take part in a serious and time-limited process, Mr Gambari presented this as an opening for talks to begin.

The generals had offered talks, but under conditions which the NLD felt were unacceptable, including renouncing support for sanctions against the Burmese government.

The fact that Ms Suu Kyi felt able to engage in talks suggested to some optimists that perhaps these terms had been relaxed.

But it seems these hopes have been dashed.

Only one meeting took place between Ms Suu Kyi and the government minister appointed negotiate with her, Aung Kyi. That was a month ago.

Mr Win told the BBC's Burmese service that he had not been allowed to speak to Ms Suu Kyi since before that meeting.

Symbolic action

Meanwhile, the outside world continues to try to put moral pressure on the Burmese government.

On Monday the American House of Representatives voted unanimously to award Ms Suu Kyi a Congressional Gold Medal.

The award must yet be confirmed by the Senate.

The same award was given to the Dalai Lama earlier this year, much to China's fury.

However, this sort of symbolic action has had little effect on China's policies in Tibet.

Sceptics will say it is hardly likely to have a greater influence on the military government in Burma.

မီဒီယာ တိုက်ပွဲတွင် နအဖနှင့် နအဖ နောက်လိုက်များ သုံးလေ့ရှိသော ဝေါဟာရများ

နအဖနှင့် သူ၏ နောက်လိုက်များ သုံးလေ့ရှိသော လက်သုံးစကားများမှာ သိပ်များများစားစား မရှိပါ။ စကားလုံးများကို ကြည့်၍ သူတို့ ပြောနေသော အခြေအမြစ်မရှိ စွပ်ဆွဲနေသည်ဆိုသည်မှာ နအဖကိုယ်တိုင်ပင် ဖြစ်ကြောင်း လွယ်လွယ်ကူကူ ခံစား သိရှိနိုင်ပါသည်။

အောက်တွင် နအဖနှင့် နအဖ နောက်လိုက်များမှ သုံးလေ့ရှိသော စကားစုများကို စုစည်းထားပါသည်။ (သတိမထားမိပဲ ကျော်သွားသော၊ ကျန်ခဲ့သော စာလုံးများကို နောင်တွင် ထပ်မံ ဖြည့်စွက်ပါမည်။ ဖြည့်စွက်ပေးလိုသူများကလည်း comment တွင်ရေးသား ဖြည့်စွက်နိုင်ပါသည်။)

  • တပ်မတော်ကို ဖြိုခွဲရန်ကြံသည်။
  • တပ်မတော် စိတ်ဝမ်းကွဲပြားအောင် လုပ်သည်။
  • တိုင်းပြည်ဆူပူအောင် လှုံဆော်သည်။
  • နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို နှောက်ယှက်သည်။
  • ပြည်ပ အတိုက်အခံများ၏ လက်ဝေခံ များဖြစ်သည်။
  • နိုင်ငံတော်ကို အကြည်အညိုပျက်စေသည်။
  • ၀ါဒ ဖြန့်ချီသည်။
  • ပြည်ပ အဖျက် အမှောက်များမှ သွေးထိုးလှုံဆော်သည်။
  • အနောက်နိုင်ငံကြီးများ၏ ဗိုလ်ကျစိုးမိုးရေးဝါဒ ဖြစ်သည်။
  • လုံခြုံရေးအရ လုပ်ဆောင်ရသည်။
  • ပြည်ပနိုင်ငံကြီးများနှင့် NGO တို့၏ ထောက်ပံကြေးများရယူသည်။
  • လူထု လှုပ်ရှားမှုဖြစ်အောင် သွေးထိုးလှုံဆော်သည်။
  • ပြည်တွင်းရေး မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်သည်။
  • အချိန်မီ တားဆီးရသည်။
  • နိုင်ငံတော် အစိုးရအား အပုပ်ချသည်။
  • နိုင်ငံတော် အစိုးရက စေတနာထား လုပ်ဆောင်သည်။
  • အဖျက်အမှောင့် လုပ်ငန်းများ လုပ်ကိုင်ကြသည်။
  • ပြည်ပ သြဇာခံများဖြစ်သည်။
  • လေလှိုင်းများမှ သွေးထိုးလှုံဆော်သည်။
  • အလုပ်အကိုင်မရှိသော နိုင်ငံရေး သမားများဖြစ်သည်။
  • မဟုတ်မမှန် လုပ်ကြံအသံလွှင့်သည်။
  • တိုင်းပြည် အစိတ်စိတ် အမွှာမွှာဖြစ်အောင် ကြံစည်လုပ်ဆောင်သည်။
  • မဟုတ်မမှန် ချဲ့ကားရေးသည်။
အထပ်ပါ စကားစုများကို ပြန်ချုံ့ ကြည့်လိုက်လျှင် စကားလုံး အနည်းငယ်သာ သုံးနိုင်သည်ကို တွေ့ရပါသည်။ ၄င်းတို့မှာ-
  • နိုင်ငံတော်
  • ပြည်ပသြဇာခံ
  • အဖျက်အမှောက်
  • သွေးထိုး
  • လှုံဆော်
  • လုံခြုံရေး
  • တိုင်းပြည်အေးချမ်းသာယာရေး
  • မဟုတ်မမှန် လုပ်ကြံ
  • အခြေအမြစ်မရှိ
  • တိုင်းပြည်ပျက်စီးအောင်
  • တည်ငြိမ်ရေးကို နှောက်ယှက်
ဤစကားလုံးများကိုကြည့်ပါ။ နအဖနှင့် သူတို့၏ နောက်လိုက်များ စာရေးရာတွင် စကားလုံးရှားပါးမှုကို တွေ့ရပါသည်။ စကားလုံးရှားပါးရခြင်း အကြောင်းအရင်းမှာ သူတို့၏ အရေးအသားများသည် အမြင်ကျဉ်းမြောင်းခြင်း၊ အကြောင်းအရာ မမှန်ကန်ခြင်းအပေါ် ဖုံးကွယ်ပုံဖျက်ခြင်းနှင့် သူတပါးအား လက်ညိုးထိုး စွပ်ဆွဲ အရေးယူနိုင်ရန် ကြိုးစားခြင်းတို့သာ ရှိနေသောကြောင့် ဖြစ်ကြောင်းကို၊ နအဖနှင့် နအဖ နောက်လိုက်များ၏ စကားစုများက သက်သေခံ ဖေါ်ပြနေကြောင်း တွေ့ရှိရပါသည်။

Monday 17 December 2007

မီဒီယာ တိုက်ပွဲ

အခု တလော သတိထားမိလာတဲ့ ကိစ္စတစ်ခုကတော့ ကျော်ဆန်း ပြောနေသလို၊ မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်ကြတဲ့ မီဒီယာ တိုက်ပွဲဆိုတာပါ။

နအဖက ပြည်တွင်းက သတင်းစာတွေ၊ တီဗွီတွေ၊ ရေဒီယိုတွေကို ချုပ်ကိုင် ၀ါဒ ဖြန့်တယ်။ ပြည်ပက လူတွေကလည်း စာစောင်တွေ၊ ရေဒီယိုတွေ၊ တီဗွီ အစီအစဉ်တွေနဲ့ ပြန်ပြီး သတင်းတွေ ထုတ်လာကြတယ်။ အဲဒါက ကြာခဲ့ပါပြီ။ အဲဒီမှာ စဉ်းစားစရာ ကောင်းတဲ့ ကိစ္စ တစ်ခုက၊ နအဖက ငွေတွေ၊ သေနတ်တွေ၊ အခွင့်အရေးတွေ ပုံအောပြီး သုံးပါတယ်။ ဒီလောက် လုပ်ကိုင်လာတာတောင် သူတို့ရဲ့ အချို့သော နအဖ လူများကိုယ်တိုင်က မီဒီယာတိုက်ပွဲမှာ ပြည်ပက လူတွေက အသာစီး ရပါတယ်တဲ့။

ပြည်ပက မီဒီယာမှာ လုပ်နေတဲ့ လူတွေကို ပြန်ကြည့်တော့ အချို့သော သတင်းဌာနမှာ လုပ်နေတဲ့ လူတွေက လစာ ရပါတယ်။ အများစုကတော့ မရကြပါဘူး။ ရတဲ့လူတွေကိုလည်း ပြန်ကြည့်လိုက်ရင် အဲဒီနေရာတွေမှာ မလုပ်ဘဲ အခြားနေရာမှာ လုပ်လဲ ဒီလောက် လခကတော့ ရမှာပါပဲ။ (ဥပမာ .. BBC ၊ RFA စတဲ့ ဌာနတွေက ၀န်ထမ်းတွေပါ။) သူတို့က လစာက လွဲရင်၊ ဘာ အခွင့်အရေးမှ မရကြပါဘူး။ သေနတ် ထောက်ခိုင်းတာလည်း မခံကြရပါဘူး။ အခွင့်အရေး ဆိုတာတွေ၊ အကြောက် တရားဆိုတာတွေ မရှိ၊ မရကြတဲ့ လူတွေနဲ့ အခွင့်အရေးတွေရနေတဲ့ နအဖ ဘက်ကလူတွေရဲ့ မီဒီယာ တိုက်ပွဲမှာ ဘာကြောင့်နအဖက အသာမရကြတာလဲ။ ကျော်ဆန်းကိုယ်တိုင်တောင် အခု နိုင်ငံခြားက သတင်းဌာနတွေကို အားကိုးတကြီး သူတို့ဘက်လိုက်ပြောဖို့ ပြောရတဲ့ ဘ၀ကို ရောက်လာရပါပြီ။

အားလုံးရဲ့ အခြေခံကို ပြန်ကြည့်လိုက်ရင် မနိုင်ရတဲ့ အကြောင်းအရင်းတွေမှာ ငွေတွေ၊ အခွင့်အရေးတွေ၊ အကြောက်တရားတွေ မဟုတ်ဘဲ ဖြစ်ရပ်မှန်မှု၊ စေတနာမှန်မှုနဲ့ တိုင်းပြည်ချစ်စိတ်ဆိုတာကို အခြေခံနေတာ တွေ့ရပါတယ်။ ကိုယ်က ငွေရယူ၊ အခွင့်အရေး ရယူပြီး ပြောဆိုနေတဲ့ ဘက်က မှန်လား၊ မှားလား ဆိုတာ အသိစိတ်နဲ့ ပြန်လည် စဉ်းစားကြည့်ဖို့ လိုအပ်လာပြီ ဆိုတာကို နည်းနည်းလောက် ထောက်ပြကြည့်တာပါ။ အမှန်တရားနဲ့ တရားမျှတမှုဘက်က အမှန်တကယ် အားကြီးတယ် ဆိုတာ သက်သေပြနေတာပါပဲ။

အခု နောက်ဆုံး မီဒီယာ တိုက်ပွဲထဲကို ဘလော့ဆိုတာတွေကလည်း ၀င်ရောက်လာတာကို တွေရပါတယ်။ ဘလော့ဆိုတာကတော့ သူရဲ့ အခြေခံကိုက ကိုယ်ရေးချင်တာ ရေးဖို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ်ရေးချင်တာ ရေးဖို့ ဘလော့ တခု လုပ်ခဲ့တာပါ။ ဒီတိုက်ပွဲကို နည်းနည်း ပြန်ကြည့်ချင်ပါတယ်။ ဘလော့ တော်တော်များများက မီဒီယာ တိုက်ပွဲဝင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးနေကြတာ မဟုတ်ပါဘူး။ ကျွန်တော်ကိုတိုင်လည်း တိုက်ပွဲ မ၀င်ပါဘူး။ မြန်မာနိုင်ငံ အကြောင်း ဖြစ်ပျက်နေတာတွေကို လူတွေ သိအောင် အသိပေးချင်တာနဲ့ ကိုယ်ရေးချင်တာလေးတွေ ရေးနေတာပါ။

မြန်မာနိုင်ငံက ဖြစ်ပျက်တဲ့ အကြောင်းတွေကိုရေးတော့ သူတို့ လုပ်ရပ်တွေကို လူသိမခံချင်တဲ့ နအဖကတော့ ရန်သူ အဖြစ် မြင်လာတော့တာပါပဲ။ နအဖက သူတို့ လုပ်ရပ်တွေ လူသိ မခံချင်တာဟာ ဘာကြောင့်လဲဆိုတာတော့ အားလုံး သိကြမှာပါ။ ဒီတော့ ဒီကိစ္စတွေကို တာဝန်ယူရတဲ့ ကျော်ဆန်းက ဘလော့ရေးတဲ့ လူတွေကို မီဒီယာ တိုက်ပွဲ အမှတ် (၂) လို့ ခေါ်မလား မသိ တိုက်ပွဲဝင်ဖို့ လူမွေးပါတော့တယ်။ ဘလော့ ရေးခိုင်းပါတော့တယ်။

နဂိုကတည်းက သူတို့ လက်သပ်မွေးထားတဲ့ ဘလော့ပေါ်က ၀ါဒဖြန့်သမား အချို့နဲ့ ရုရှားရောက် အမှန်၊ အမှား သေချာ ခွဲမသိတဲ့ စစ်သား တယောက်၊ နှစ်ယောက်လောက်ကလွဲရင် ဘလော့ပေါ်မှာ(သို့) မီဒီယာတိုက်ပွဲ အမှတ် (၂) ပေါ်မှာ နအဖ ဘက်တော်သား သိပ်မရှိပါဘူး။

အင်တာနက် ပေါ်မှာ လူတွေ အားလုံး တော်တော် များများက သိထားကြတဲ့ ပုံသေနည်း တွေရှိနေပါတယ်။ ရုရှားရောက် မြန်မာတွေ အတွက်ပါ။

  • ရုရှားရောက် မြန်မာ = စစ်သား(ကျောင်းတတ်နေသော စစ်သား)
  • ရုရှားရောက် မြန်မာ စစ်သား = အွန်လိုင်းပေါ် မိန်းကလေးတွေကို ရည်းစားစကား လိုက်ပြောတတ်သူ(အရပ် အခေါ်) နှာဘူး
  • ရုရှားရောက် မြန်မာစစ်သား နှာဘူး = နအဖ နောက်လိုက် အမှန်၊အမှားမသိသော တိုင်းပြည်ဖျက်မည့် လူများ

ဆိုပြီး အဲဒီလောက် အထိကို နာမည် ပျက်ပါတယ်။ တချို့ လူတွေရဲ့ မှားယွင်းသော လုပ်ရပ်ကြောင့် နာမည် ပျက်နေရတာပါ။ အားလုံးကို မဆိုလိုပါဘူး။ ဒါပေမယ့် အွန်လိုင်းပေါ်က လူတွေကတော့ အားလုံးလို့ ထင်မြင်လာတဲ့ အထိအောင် နာမည်ဖျက်သူတွေက စွမ်းဆောင်နိုင်ခဲ့ပါတယ်။

(ကျွန်တော် ရေးသမျှကို တပ်မတော်နဲ့ နအဖကို ခွဲမြင်ပါရန်။ စစ်သားကောင်း တွေကိုလည်း အခု လုပ်ရပ်တွေ လုပ်တယ်လို့ မပြောပါဘူး။ နအဖ နောက်လိုက်စစ်သားနှင့် တပ်မတော်သားကိုခွဲရေးပါသည်။)

တပ်မတော်သားတွေကို နာမည် ဖျက်နေသော နအဖ နောက်လိုက် စစ်သား တယောက်စ နှစ်ယောက်စကတော့ ဘလော့ရေးပြီး နအဖကို ကာကွယ်ရန် မီဒီယာ တိုက်ပွဲထဲ ဘုမသိ၊ ဘမသိ ၀င်တိုက်ပါတော့တယ်။ ဒီတော့ တပ်မတော်သားတွေ ဆက်လက် သိက္ခာကျနေရပါတော့တယ်။ ဘလော့ မီဒီယာတိုက်ပွဲမှာ နိုင်လားလို့ ဆိုပြန်တော့လည်း မနိုင်ပါဘူး။ မျိုးချစ် တပ်မတော်သားတွေကလည်း အခု အချိန်မှာ အဲဒီလို နအဖ နောက်လိုက် စစ်သားတွေကြောင့် အရှက်ရလို့ဆိုပြီး နအဖ နောက်လိုက် စစ်သားတွေကို တပ်မတော်သားတွေက မသိမသာ ကျဉ်လာကြတယ်လို့ သတင်းအချို့ အရ သိရပါတယ်။

အဲဒီလို အချိန်မှာပဲ ဘလော့ မီဒီယာ တိုက်ပွဲက အရှိန်ရနေပါပြီ။ ဘယ်သူမှ ငွေကြေး အခွင့်အရေး မပေးရဘဲ နအဖ ဘလော့တွေရဲ့ လုပ်ရပ်တွေကို စောင့်ကြည့်ဖို့ myanmar media watch ဆိုဒ်တခုကို မျိုးချစ် ပုဂ္ဂိုလ်တွေက တည်ထောင်ပြီး နအဖနောက်လိုက်တွေကို စောင့်ကြည့်နေကြပါတယ်။ နယ်ခြားမဲ့ မြန်မာဘလော့ဂါများ ဆိုပြီး ဘလောဂါတွေ စုစည်းထားတဲ့ ဆိုဒ်တစ်ခုလည်း ပေါ်လာပါတော့တယ်။

နအဖကလည်း ဘလော့ရေးနည်း သင်တန်းပေးပြီး ပြန်လည် တိုက်ပွဲဝင်ရန် ဆိုပြီး၊ ပြင်ဆင်နေလျက်ရှိပါတယ်။ သို့သော် နအဖ မသိသော အချက် တခုမှာ အင်တာနက်ဆိုတာ လွတ်လပ်သော ကမ္ဘာ့ပြည်သူများ၏ ကျင်လည်ရာ နေရာ ဖြစ်တယ်ဆိုတဲ့ အဓိက အချက်ကို မေ့နေပုံရပါတယ်။ ဘယ် အာဏာပိုင်၊ အစိုးရကမှ အာဏာ(သို့) လက်နက်ဖြင့် အင်တာနက်ထဲက လူများကို ချုပ်ကိုင်လို့ မရသေးပါဘူး။ နအဖတွေကဲ့သို့ အတွေးအခေါ်ပိုင်းမှာ မိမိအတွက်သာဆိုတဲ့ အပိုင်းသာ တွေးခေါ်နိုင်သော နအဖ ပေါ်လစီဖော်ဆောင်သည့် ဗိုလ်ချုပ်ကြီးများနှင့် နအဖ နောက်လိုက်များက ဘယ်လိုပုံစံနဲ့ အင်တာနက် စာမျက်နှာတွေကို ချုပ်ကိုင် ချယ်လှယ်မှာလည်း၊ ..... စိတ၀င်စားစရာပါ။ ဒီနေရာမှာ မြန်မာပြည်တွင်း အင်တာနက် ဖျက်တောက်ခြင်းသည် အင်တာနက်ကို စာမျက်နှာပေါ်က မီဒီယာကို ပြန်တိုက်ခြင်း မဟုတ်ပဲ သူရဲဘောကြောင်စွာ ထွက်ပြေးချင်းသာ ဖြစ်ပါတယ်လို့ ကျွန်တော် မှတ်ချက်ပေးလိုပါတယ်။

နအဖ မီဒီယာတိုက်ပွဲကို စိတ်ဝင်စားသော၊ ရုရှားမှ နအဖ နောက်လိုက်များအကြောင်း အတွင်းသိဖြစ်သော မျိုးချစ် မြန်မာတချို့ က၊ သရော်စာ အရေး အသားမျိုးတွေ ရေးလာကြပါတယ်။ ဆဲချင်၊ ပြောချင်၊ နှောက်ယှက်ချင်ရင် အခြားကောင်းကောင်းမွန်မွန် ရေးနေတဲ့ လူတွေဆီသွားမဆဲနဲ့ ငါတို့ဆီမှာ လာခဲ့ဆိုပြီး နအဖ နောက်လိုက်တွေကို အတိုက်အခံလုပ်ပြီး အမြင်မှန်ရအောင်နဲ့ အခြား ဘလော့တွေ အေးအေးချမ်းချမ်း ရေးနိုင်အောင် ဘလော့ အသီးသီး ပေါ်လာကြပါတယ်။ ဥပမာ ... ကိုလျှာရှည်၊ မောင်ဒိုင်း၊ နေနတ်နွယ်၊ လူမော်၊ ပြောင်ရှည်၊ xyz အစရှိတဲ့ ဘလော့ဂါ တွေပါပဲ။

အခု နောက်ဆုံး သရော်စာရေးတဲ့ လူတွေက စုစည်းပြီး နအဖ နောက်လိုက် ဘလော့ ရေးတဲ့ လူတွေကို သေချာ စိန်ခေါ်ကာ ခွတ်ဒေါင်းတို့ရဲ့ ဘုံယံသာ ဆိုတဲ့ ဘလော့ကိုဖန်တီးကာ၊ cbox ကိုလည်း ဒေါင်းကွင်းခေါ်ဆိုထားပြီး၊ အဲဒီမှာ လာရောက် တိုက်ခိုက် ပြောဆို ဆွေးနွေးနိုင်ပါကြောင်း ကြေငြာ တိုက်ပွဲဝင်လျက်ရှိနေကြပါတယ်။

မျိုးချစ်သော၊ တိုင်းပြည်ကောင်းစေချင်သော အခြားသော ဘလော့ဂါများ အေးချမ်းစွာ မိမိတို့ ရေးချင်သော တိုင်းပြည်အတွက် ပို့စ်များကို ရေးသားနိုင်ကြရန် အဆိုပါ မျိုးချစ်သောသူများက မီဒီယာ တိုက်ပွဲ အမှတ် (၂)ကို တာဝန်ယူထားကြပါတော့တယ်။ (အင်တာနက် ယူဇာ များအနေဖြင့် တိုက်ပွဲအကြောင်း သိလို၊ ပြောလိုလျှင် အဆိုပါ ဆိုဒ်များတွင် သွားရောက် ကြည့်ရှု၊ ပြောဆိုနိုင်ပါတယ်။)

တိုင်းပြည်ချစ်သော အင်တာနက်ဘလော့ဂါများ၏ စုစည်း ညီညွတ်မှု (သို့) မီဒီယာ တိုက်ပွဲ အမှတ်(၂)ကို တိုက်ပွဲဝင်ရင်း မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် အားလုံး ညီညွတ်စွာ လုပ်ဆောင်လျှင် အောင်ပွဲရယူနိုင်ကြောင်း ဘလော့သမားများမှ သက်သေပြ လုပ်ကိုင်လိုက်ခြင်း ဖြစ်ပါတယ်။

အမှန်တရားသည် ရှုံးနိမ့် ဖူးတယ် ဆိုတာ ကြားဖူးပါရဲ့လား ဆိုတဲ့ ဘလော့ဂါ တယောက်ရဲ့ စကားကို ဒီနေရာမှာ quote လုပ်လိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုထိုက်

P.S .. အခြားသော အွန်လိုင်း ယူဇာများ အနေဖြင့်လည်း မီဒီယာ တိုက်ပွဲကို အဆဲ မပါဘဲ ထိထိမိမိ ၀င်ရောက် တိုက်ပွဲ ၀င်နိုင်မယ်ဆိုလျှင်ဖြင့် ကျွန်တော်တို့ မြန်မာတွေ ယဉ်ကျေးကြောင်းသက်သေ ပြနိုင်ပါလိမ့်မယ်။ ဆဲဆိုခြင်းသည် ဒီမိုကရေစီနှင့် မသက်ဆိုင်၊ လူ့ အဖွဲ့ အစည်း၏ ပြဌာန်းချက်များနှင့်သာ သက်ဆိုင်ပါသည်။

Sunday 16 December 2007

Saturday 15 December 2007

ရှောင်လွှဲမရနိုင်တဲ့ မြန်မာ့ ရှေ့ရေး

ကျွန်တော့် စိတ်ထဲမှာ မြန်မာ့ ရှေ့ရေးနဲ့ ပက်သက်တဲ့ ကိစ္စကို တွေးမိတိုင်း ဘ၀င်မကျနေတဲ့ အကြောင်း တခုက အမြဲရှိနေတယ်။ ကြီးမားတဲ့ ပြဿနာ တစ်ခု ဖြစ်လာမယ်လို့ တွေးထင်နေတဲ့ ဘ၀င် မကျမှုပါ။

ရှေ့ရေးဆိုလို့ အလွန်ဝေးတဲ့ တိုင်းပြည် အနာဂါတ်ဆိုတာကြီးကို အဝေးကြီးလှမ်းပြီး မပြောပါဘူး။ လာမယ့် ၂ နှစ် ထက် မကျော်နိုင်တဲ့ ကာလမှာ ဖြစ်နိုင်ချေရှိတဲ့ ရှောင်လွှဲလို့ မရမယ့် အရေးကို တွေးနေမိတာပါ။

အခြေခံ logic လေးပါပဲ။ အားလုံးနဲ့ သက်ဆိုင်နေပါတယ်။ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ လူအားလုံးနဲ့ပါ။ အတော်များများက မမြင်ဘဲ ကျော်သွားတဲ့ နေတဲ့ ကိစ္စ တစ်ခုလဲ ဖြစ်နိုင်ပါတယ်။

နအဖ ပြောနေတာ၊ UN က ကူညီပြောဆိုနေတာ၊ ပြည်သူက တောင်းဆိုနေတာ ဒီမိုကရေစီပေါ့ဗျာ။ အဲဒီ ဒီမိုကရေစီဆိုတာကြီးကို ခဏ ဖယ်ထားလိုက်ပါဦးလို့ ပြောပါရစေ။ ပြီးခဲ့တဲ့ သံဃာတော်တွေ ပါဝင်ခဲ့တဲ့ စက်တင်ဘာ တော်လှန်ရေးကို မေ့ထားလိုက်ပါဦး။ နအဖ လူသတ်ခဲ့တာတွေ၊ ထောင်ချ နှိပ်စက်ခဲ့တာတွေ၊ လူ့အခွင့်အရေးဆိုတဲ့ စကားတွေ ခဏ မေ့ထားလိုက်ပါဦး။

ဖယ်ထားလို့်မရ၊ မေ့ ထားလို့ မရတာက လာမည့် ( ၂ ) နှစ် အတွင်းမှာ တကယ်လက်တွေ့ ကြုံတွေ့ ရမယ့်၊ ရှောင်လွှဲလို့ မရတဲ့ ပြည်သူလူထု ဆင်းရဲ မွဲတေမှု ပါပဲ။

ပြည်သူတွေမွဲတာ အရင်ကတည်းကပါ။ မှန်ပါတယ်။ ဒါပေမယ့် သြဂုတ်လ ၁၅ ရက် ၂၀၀၇ နောက်ပိုင်းမှာ ပြည်သူတွေရဲ့ စားဝတ်နေစရိတ် ၂ ဆ လောက်နီးနီး ထိုးတတ်သွားတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး။ ၀င်ငွေက ဘာမှ မတိုးလာပါဘူး။ အရင် အတိုင်းပါပဲ။(နည်းနည်း တိုးတာတွေတော့ ရှိပါတယ်။) အရင် ၀င်ငွေ၊ အရင် ထွက်ငွေတွေနဲ့တောင် မျက်လုံးပြူးနေရတဲ့ ပြည်သူတွေ အနေနဲ့ ၂ ဆ တိုးလာတဲ့ ထွက်ငွေကို ဘယ်လို ရင်ဆိုင်ကြမှာလဲ၊ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ...။

ဆင်းရဲတဲ့ လူတွေက ဆင်းရဲတာပါပဲ။ ဘယ်လိုမှ ရှာဖွေလို့ မရနိုင်အောင်ကို ဆင်းရဲပါတယ်။ သုံးနိုင်၊ စားနိုင်၊ သွားနိုင်၊ လာနိုင် တဲ့ လူတွေကို မေ့ထားလိုက်ပါ။ မြန်မာ့ လူဦးရေးနဲ့ ယှဉ်လိုက်ရင် မပြောပလောက်တဲ့ ရာခိုင်နှုန်းပါ။

ဘယ်လိုမှ ရှာဖွေနိုင်စွမ်း မရှိနိုင်တော့တဲ့ ပြည်သူတစ်ယောက် အနေနဲ့ ဆာလောင်နေတဲ့ မိသားစုကို ဘယ်လို ကျွေးမွေးမလဲ။ တောနယ်တွေမှာတော့ မျှစ်ချိုး၊ မှိုခူး စားသောက်လို့ ရနိုင်ပေမယ့် ရန်ကုန်၊ မန္တလေးရဲ့ ဆင်ခြေဖုံးမှာ နေတဲ့ ဆင်းရဲတဲ့ ပြည်သူတွေအတွက်တော့ ဘယ်လို ရင်ဆိုင်ကြမလဲ ... ။

ဒီနေ့ မငတ်နိုင်သေးပေမယ့် မနက်ဖြန်က မသေချာပါဘူး။ မိတ်ဆွေအပေါင်း အသင်းတွေဆီက ချေးငှား စားသောက်နေရတာ ဘယ်နှစ်လ၊ ဘယ်နှစ်ရက် တောင့်ခံနိုင်မှာလဲ။ အဲဒီမိတ်ဆွေတွေကရော အမြဲ ချေးငှားနိုင်ပါ့မလား။ အိမ်မှာရှိတဲ့ အတွင်း ပစ္စည်း၊ အပြင် ပစ္စည်းတွေက ဘယ်အချိန်အထိ ပေါင်နှံ ရောင်းချ စားသောက်နိုင်မှာလဲ...။

ဒါဆို အဲဒီလို မွဲလာတဲ့ ပြည်သူတွေဟာ ဘာလုပ်မလဲ ... ။ အဆိုပါ ပြည်သူနေရာမှာ ကိုယ်တိုင်ဝင်ရောက် တွေးခေါ် ခံစားကြည့်ပါ။ ၂ နည်းပဲ ကျန်ပါတယ်။ တောင်းရမ်း စားသောက်နည်းနဲ့၊ ခိုးဆိုး လုယက်နည်းပါပဲ။ တောင်းစားတာက မသေချာပါဘူး။ မလောက်င နိုင်ပါဘူး။ ဒီတော့ ခိုးဆိုး၊ လုယက် တဲ့ နည်းကိုသာ ရွေးချယ်ရပါတော့မယ်။ ဒါဆို တိုင်းပြည် အနာဂါတ်ဟာ လာမည့် ၂ နှစ် အတွင်း (၂၀၁၀ မရောက်ခင်) မှာ ဘယ်လို အခြေအနေ ဖြစ်လာနိုင်ပါသလဲ ...။ ဒုစရိုက် တိုင်းပြည် ဖြစ်လာပါတော့မယ်။

မြန်မာနိုင်ငံထဲမှာ ၂ နှစ် အတွင်း ပြည်သူတွေရဲ့ စီးပွားရေးကို ပြေလည်အောင် ဖြေရှင်းနိုင်တဲ့ နည်း တစ်ခုခုကို နအဖက လုပ်မပေးနိုင်ဘူး ဆိုရင်တော့ တိုင်းပြည်ဟာ (နအဖ ပြောနေတဲ့ စကားလုံးငှားပြီး) အလုံးစုံ ပျက်သုဉ်းရေးဆီ ဦးတည်နေပါပြီ ဆိုတာ ကောက်ချက် ချနိုင်ပါတယ်။

ပြည်သူတွေ ဆင်းရဲတာ သူတို့ အလုပ်မလုပ်လို့၊ စီးပွားရေး ပိတ်ခံထားရလို့ ဆိုပြီး နအဖက ဆင်ခြေပေးမှာပါ။ တိုင်းပြည်မှာ တိုင်းပြည်ခေါင်းဆောင်၊ (သို့) နိုင်ငံတော်လို့ ကိုယ့်ဘာသာ နာမည်ခံထားတဲ့ နအဖ လူကြီးတွေ အနေနဲ့ ပြည်သူတွေ စီးပွားရေး ကောင်းအောင်၊ လုပ်ငန်းခွင်တွေ ပေါ်လာအောင် လုပ်ရမှာပါ။ တိုင်းပြည်ခေါင်းဆောင်တွေမှာ လုံးဝ တာဝန်ရှိပါတယ်။ မလုပ်နိုင်ရင် လုပ်နိုင်မယ့် လူတွေကို တိုင်းပြည် အုပ်ချုပ်စီမံခွင့် အာဏာပေးလိုက်ပါ။

ကျွန်တော် စိုးရိမ် ဘ၀င် မကျတဲ့ ဆင်းရဲမွဲတေမှုရဲ့ နောက်ဆက်တွဲ ဒုစရိုက်မှုတွေကို စားရင်းကောက်နိုင်အောင် ကြိုးစားနေပါတယ်။ စက်တင်ဘာ အပြီး ဘယ်လောက် အထိ ဒုစရိုက်မှုတွေ တိုးလာနေပြီလဲ .... ။

တိုင်းပြည်ဟာ အလွန်ကြောက်စရာ ကောင်းတဲ့ ခြောက်ထဲကို နအဖက ဦးတည်နေပါပြီ။ သိပ်မကြာတဲ့ ၂ နှစ် ဆိုတဲ့ အချိန်ပါဘဲ။ ဒါ ဒီမိုကရေစီကို ပြောတာ မဟုတ်ပါဘူး။ သံဃာ လှုပ်ရှားမှုကို ပြောတာ မဟုတ်ပါဘူး။ ဆင်းရဲ မွဲတေမှုပါ။ ဆင်းရဲ မွဲတေမှု .....။

မြန်မာ ပြည်သူတွေ ဘ၀က လုံခြုံမှု လုံးဝ မရှိနိုင်တော့ပါဘူး။ လမ်းသွားတာတောင် အန္တရာယ်တွေ မထင်ပဲ အချိန်မရွေး ကျလာနိုင်ပါတယ်။

ကဲ .... တိုင်းပြည်အခက် အခဲတွေကို ဗိုလ်ချုပ်ကြီးတွေ ဘယ်လို ဖြေရှင်းကြမလဲ..။ လူတွေ ငတ်လာရင် တပ်မတော်လည်း ငတ်နေတာပါပဲ။ တပ်မတော် ငတ်တယ်ဆိုတာ တပ်သားတွေ ငတ်တာပါ။ တပ်သားတွေ ငတ်လာရင်တော့ တပ်သားတွေရဲ့ သေနတ်ထဲက ကျဉ်ဆံတွေက ဘယ်ကို သွားမှာလဲ ...... ။

လူတွေ သံဃာတွေကို သတ်ပြီးတာတောင် ဆင်းရဲမှု မပျောက်လျှင်တော့ နောက်ထပ် ငတ်လာတဲ့ စစ်သားတွေ သတ်ရမှာက ကိုယ့်ဘာသာ သတ်သေတာဖြစ်မလား၊ ချမ်းသာ ကြွယ်ဝနေပြီး အမိန့် ပေးနေတဲ့ ဗိုလ်ချုပ်ကြီးတွေလား ဆိုတာကတော့ ဗိုလ်ချုပ်ကြီးတွေ တွေးတောနိုင်ပါစေ .. ။

အောက်မှာတော့ စက်တင်ဘာ လှုပ်ရှားမှု အပြီး ရန်ကုန်မြို့ မှာမြင့်မားလာနေတဲ့ ဒုစရိုက်မှုတွေကို ဧရာဝတီက သတင်းတစ်ခုမှာ တွေ့ရမှာပါ။

လေးစားစွာဖြင့်
ကိုထိုက်


Crime Rate Increases in Rangoon
(from irrawaddy)

Crime in Rangoon has reportedly increased since fuel price increases in August cut deeply into living standards. The release in a recent amnesty of more than 8,000 prisoners, most of them convicted criminals, is also being blamed by local people for an evident rise in street crime. The latest incident, reported by The Mirror and The Myanma Alin, occurred this week when a taxi driver was robbed at knife point in Rangoon’s North Okkalapa Township. Robberies at Saw Bwar Gyi Gone Market and in Lanmadaw Township in downtown Rangoon were also reported by local residents. A car was stolen while its owner was absent for three hours. A Rangoon-based journalist reported that three police officers had been killed by a man wielding a knife in Thingangyun Township. Observers said one additional possible reason for the rise in crime could be that security forces are concentrating on the political dissident movement instead of normal policing duties.

Rage against the machine

by The Guardian

Three months after crushing pro-democracy demonstrations, Burma's military junta are in confident mood. Last week Senior General Than Shwe expelled Charles Petrie, the head of the United Nations' Development Programme in Burma, after he accused the government of failing to meet the basic human needs of its people.

The UNDP said the average household was forced to spend three quarters of its budget on food. One in three children under five suffered from malnutrition and fewer than half of all children were able to complete their primary education. Up to 700,000 people were suffering from malaria and 130,000 from tuberculosis, while 60,000 HIV sufferers were denied access to anti-retroviral drugs. This was not what the junta wanted to hear, intent as they are on rewriting the history of September's demonstrations as the work of foreign plotters. Last week the government summoned diplomats to its new capital Naypyidaw, claiming to have uncovered a plot to bring down the regime, involving bogus monks, a little known exile group and George Soros's Open Society.

But as the Guardian reports today from Mandalay, the grievances which fuelled the mass protest are still bubbling away below the surface. And the purges of the monastries are still continuing. Just before World Aids Day on December 1, Maggan monastery in Yangon which serves as a hospice for HIV/Aids patients was sealed by the military and all the monks were expelled. Most of the monks who have been arrested and released have returned to the villages, fearful that their families will suffer retribution. If the regime has scared the opposition into silence, it has done so at a cost. The 81-year-old former guerilla fighter Thet Pyin claims the conflict has changed. It is no longer between the government and its people, but between the religion and the government. As 80% of the population and all of the army are Buddhist, that will be its downfall.

No one can predict the next crisis. It could well be an internal one, if significant sections of the army do indeed support an increased role for Aung San Suu Kyi's National League for Democracy (NLD). She is Burma's Nelson Mandela, the only figure with the moral authority to reunite the nation when the junta falls. But this will have to happen with the army's support and officers reluctant to carry out orders against the monks have been purged. The generals are skilled in terrorising a nation into submission. Many of their victims draw consolation from the prospect that they will face the Buddhist equivalent of divine retribution. One opposition leader in hiding told us the junta are in for a nasty surprise in their afterlife.

Friday 14 December 2007

ပြန်ပေးဆွဲခံထားရတဲ့ ဒုက္ခသည်စခန်းကြီးတစ်ခု

ကဗျာဆရာတွေ ကဗျာမှ ရေးလို့ မရတဲ့ ငါ တို့ မြန်မာ ပြည်သား ဘ၀၊ လူအခွင့် အရေးဆိုတာ လုံးဝ သုံးမရတာ သေချာနေတော့တယ်။


ကျွန်တော်က ကဗျာကို နှစ်သက်သူ တစ်ယောက်ပါ။ ငယ်ငယ်ကတည်းက ကဗျာရေးတဲ့ လူ တစ်ယောက် အရမ်း ဖြစ်ချင်ခဲ့ပါတယ်။ ဆရာမင်းသုဝဏ် ကဗျာတွေနဲ့ ကြီးလာခဲ့ပြီး၊ ဆရာဇော်ဂျီရဲ့ ကဗျာတွေနဲ့ လူလား မြောက်ခဲ့ရပါတယ်။ နောက်ဆုံး မော်ဒန် ကဗျာ အထိ အားလုံးကို ပုံစံမခွဲ အမျိုးအစား မခွဲဘဲ ကြိုက်နှစ်သက်ခဲ့ပါတယ်။

တတ်သလောက်၊ မှတ်သလောက်လည်း နည်းနည်းပါးပါး ရေးလေ့ရှိပါတယ်။ ဒီ လက်ရှိ ကျွန်တော့် ဘလော့ကို စတင်ရေးဖို့ ရည်ရွယ် ပြုလုပ်ခဲ့ရတာကလည်း စာတို၊ စာရှည်၊ ကဗျာအတို၊ အရှည်လေးတွေ ရေးဖို့ ရည်ရွယ်ချက်သက်သက်ပါ။ ဒါပေမယ့် အခြေအနေ အရ ကျွန်တော့် ဘလော့ဟာ နိုင်ငံအတွက် ဦးစားပေးရတဲ့ ဘလော့ တစ်ခု ဖြစ်မှန်း မသိ ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် ရေးချင်သော ကဗျာများကို အခြားသော နေရာများမှာသာ ရေးနိုင်ရန် အားထုတ်နေရပါတော့တယ်။ အဲ ... ကဗျာမြင်ရင် မနေနိုင်တာနဲ့၊ ကဗျာတွေ လွတ်လပ်စွာ ရေးသားခွင့် ပိတ်ခံရတယ် ကြားတော့ စိတ်ထဲ အတော့်ကို မခံ မရပ်နိုင်ဖြစ်ပါတယ်။

အဲဒီလို ဟိုဟို ဒီဒီ တွေးရင်းနဲ့ အရင်က ကြိုက်ခဲ့ဖူးပြီး နိုင်ငံအတွက်လည်း ထိထိမိမိ ခံစားချက်ရှိရှိရေးထားတဲ့ နှင်းခါးမိုး(ကဗျာဆရာ နာမည် ကျွန်တော် အမှတ်မှားရင် ပြင်ပေးပါ။) ရေးတဲ့ `ပြန်ပေးဆွဲခံထားရတဲ့ ဒုက္ခသည်စခန်းကြီးတစ်ခု´ ကို ဒီနေရာမှာ အမှတ်တရ တင်လိုက်ပါတယ်။ ခံစားကြည့်ကြပါ။

ပြန်ပေးဆွဲခံထားရတဲ့ ဒုက္ခသည် စခန်းကြီးတစ်ခု

အဲဒီမှာ... ကလေးတွေအတွက် ....စာသင်ခုံတွေ အလုံအလောက်မရှိပေမယ့်
အလုပ်လက်မဲ့တွေအတွက် ဘိလိယက်ခုံတွေ အလုံအလောက်ရှိတယ်။

အဲ့ဒီမှာ... ကမ္ဘာကြီးနဲ့ ၀င်ဆန့်ဆက်ဆံဖို့ အင်တာနက်ကဖေးတွေ မရှိပေမယ်.
ကိုယ့်နွားခြေရာခွက်ထဲမှာ တကိုယ်တော်ရွက်လွင့်ဖို့ စည်ဘီယာဆိုင်တွေ ရှိတယ်။

အဲ့ဒီမှာ... အိပ်မက်တွေအတွက် မနက်ဖြန်မရှိပေမယ့်
ဒီနေ့အတွက် နှစ်လုံးထီရှိတယ်။

အဲ့ဒီမှာ... ရိုးရိုးကျင့် မြင့်မြင့်ကြံဖို့ ရောင်းကောင်းရောင်းဝယ် ဈေးကွက်မရှိပေမယ့်
ဒီကွေ့ ဒီတက်နဲ့ လှော်ဖို့ အပေါင်ဆိုင်တွေ ရှိတယ်။

အဲ့ဒီမှာ... (မရှိပေမယ့် ).............( ရှိတယ်)
ခေတ်မှီ တိုက်လေယာဉ်ကြီးတွေရှိတယ်...ကြံ့ဖွံ့ရှိတယ်...ဖယောင်းတိုင်ရှိတယ်။
ကြားကားရှိတယ်... ဂြိုလ်တုလောင်းကစားရှိတယ်။
ဘောလုံးနဲ့ ဘင်လာဒင်ကို ဘုရားစင်မှာ တင်ထားတဲ့ ဂျာနယ်တွေရှိတယ်။
ဖွင့်ထားတဲ့..ကြယ်ငါးပွင့် ဟော်တယ်ကြီးေးတွရှိတယ်။

ပြီးတော့...သေနတ်နဲ့ ပိုက်ဆံပေါင်းထားတဲ့ တရားဥပဒေရှိတယ်။
ရေဒီယိုနဲ့ ကောလဟာသပေါင်းထားတဲ့ မျှော်တလင့်လင့် နိုင်ငံရေးရှိတယ်။
စာပေစီစစ်ရေးနဲ့ ထောင် ပေါင်းထားတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ရှိတယ်။

ပြီးတော့... ဗိုလ်ချုပ်ကြီးတွေက... အပီခိုးသွားတယ်...
လူအုပ်ကြီးတွေက...ဆီတိုးစားတယ်...
အမှားတွေ ပျောက်မလားလို့ တံတားတွေ ဆောက်ထားတာရှိတယ်။
မြို့ပြင်လယ်ကွင်းပြင်ကြီးထဲ ထုတ်ထားတဲ့ တက္ကသိုလ်ကောလိပ်ကြီးတွေနဲ့
ဆရာတွေ လက်ပတ်ဝတ် ကင်းစောင့်နေတဲ့ အေးချမ်းစွာပင်ညာသင်ကြားရေးရှိတယ်။

ပြီးတော့ ...အိမ်ထဲက... အိမ်ပြင်မထွက်ရဲတဲ့ လူတစ်ယောက်နဲ့
အိမ်ထဲက... အိမ်ပြင်မထွက်ရတဲ့ လူတစ်ယောက်ရှိတယ်။

ပြီးတော့ ... တရုတ်တန်းဖြစ်သွားတဲ့ နန်းတော်တစ်ခုရှိတယ်...ရှိတယ်............

Thursday 13 December 2007

ရောဂါ ကုစားခြင်း(သို့) Think Tank


ကျွန်တော် အတွင်းသတင်း တချို့အရ သိထားရတာတွေ ရှိပါသည်။ လူထုကို အကြောက်တရားတွေ ကြီးဆိုးအောင် လုပ်ပြီး တိုင်းပြည်အာဏာကို ချုပ်ကိုင်ဖို့ နည်းအမျိုးမျိုးနဲ့ ရှာကြံနေကြတဲ့ စစ်ဗိုလ်(အထူး သဖြင့် နအဖ အဖွဲ့ဝင်) တွေမှာ အကြောက်တရားတွေ ပြန်ပြီးကြီးဆိုးနေကြတယ် ဆိုတာပါပဲ။

လက်ရှိနအဖ အဖွဲ့ခေါင်းဆောင် သန်းရွှေရဲ့ သတင်းနဲ့ သူ့မိသားစုကတော့ ဘယ်လို ခံစားနေရသလဲဆိုတာ ကျွန်တော် သေခြာ မသိ၊ မကြားရပေမယ့် သူ့လက်အောက်က အတော်ကြီးမားတဲ့ ရာထူးကို ရယူ လုပ်ကိုင်နေကြသော အချို့ စစ်ခေါင်းဆောင်တွေမှာ လိပ်ပြာ မလုံတဲ့ ရောဂါ တမျိုးခံစားနေကြရပါတယ်။ အထူးသဖြင့် စက်တင်ဘာ သံဃာ့ လှုပ်ရှားမှုကို အကြမ်းဖက်မှု အပြီးမှာ ပိုဆိုးရွားလာကြပါတယ်။

အခုမှ ဒုက္ခရယ်လို့ ကိုယ့်ဘ၀ကို ကိုယ်ပြန်သနားနေကြရတာပါ။ သိန်းထောင်ချီတဲ့ အိမ်တွေ၊ ကားတွေ ဇိမ်ခံ ပစ္စည်းတွေ၊ စည်းစိမ် ဥစ္စာတွေ ခံစားနေကြရပေမယ့် ညဘက် အိပ်မရတာ ကိုယ့် အရိပ်ကိုယ် ရန်သူထင်နေရတဲ့ ဘ၀တွေကို ခံစားနေကြရပါတယ်။ အဆိုပါ အရာရှိကြီးတွေရဲ့ ကတော်တွေလည်း စိတ်ခြာက်ခြားတဲ့ ဘ၀တွေရဲ့သားကောင်တွေ ဖြစ်နေကြရပါပြီ။ ငိုကြွေးနေကြရတဲ့ ညတွေကို ဖြတ်သန်းခဲ့ရတာလည်း အကြိမ်ကြိမ်ပါပဲ။

အထက်ပါ အရာရှိကြီးတွေ ခံစားနေကြရတဲ့ စိတ်ဖိစီးမှု ဝေဒနာတွေကို ၃ ပိုင်းတွေ့မြင်နိုင်ပါတယ်။
  1. ပြည်သူလူထုနဲ့ ဆက်ဆံတဲ့ အခါ
  2. ကိုယ်လက်အောက် ငယ်သားများနှင့် ဆက်ဆံသည့်အခါ
  3. အထက်အရာရှိနှင့် ဆက်ဆံရသည့်အခါ(အထူးသဖြင့် သန်းရွှေနှင့် တိုက်ရိုက်ဆက်ဆံခြင်း(သို့)သန်းရွှေ၏ တိုက်ရိုက် အမိန့်ကို နာခံ ဆက်ဆံရခြင်း)တွေမှာ စိတ်ဖိစီးမှုတွေကို ခံစားကြရပါတယ်။
သို့သော် ထို အချက် ၃ ခုမှ ခွဲ၍ မနေဘဲ တခုနှင့် တခု ဆက်တိုက် ဖြစ်ပေါ်၍နေပါသည်။

ပြည်သူလူထုကို ဆက်ဆံရသည့်အခါမျိုးတွင် မိမိကို ကြောက်နေကြရသော်လည်း(အမှန်က သူ့နောက်တွင် တစောက်ကန်း လုပ်တတ်သော စစ်တပ်နှင့် စစ်သားများကို ကြောက်သောကြောင့် ဖြစ်ပါသည်။) ရင်ထဲတွင် မိမိကို အမုန်းပွားနေသည်ကို သိသောကြောင့် စိတ်ပညာအရ မသိစိတ်တွင် စိတ်ကျဉ်းကြပ်နေကြရပါသည်။ ထို့အပြင် သူကိုယ်တိုင်တွင်လည်း ထို တစောက်ကန်းလုပ်တတ်သော စစ်သားများက မိမိအတွက် အန္တရာယ် ပြန်ဖြစ်နေသည်ကိုလည်း စိတ်၏ မသိစိတ်တွင် ကိုယ့်ဘာသာ ပြန်ကြောက်နေတတ်ပါသည်။ အဘယ်ကြောင့်ဆိုသော မိမိ အမှား အယွင်း တစ်ခုခုကို လုပ်မိလျှင်(တကယ်က တပ်ချုပ်ကြီး စိတ်ဆိုးအောင် လုပ်မိလျှင်) အဆိုပါ စစ်သားများက မိမိကို ဒုက္ခ ကောင်းကောင်း ပေးနိုင်မည် ဆိုတာ သိနေသောကြောင့် ဖြစ်ပါသည်။


မိမိက ပေးလိုက်သော တာဝန်ကို အောက်လက်ငယ်သားများက မည်သို့ အကောင်အထည် ဖေါ်ကြသနည်း၊ ထို အောက်လက်ငယ်သားများက မိမိပေးလိုက်သော တာဝန်များကို မိမိ နာမည်ခံ၍ လုပ်ချင်ရာ လုပ်ကြသောအခါ မိမိ အလုပ်ကို ထိခိုက်လာနိုင်သောကြောင့် ပူပန်ရပါသည်။
ဥပမာ .. အဆိုပါ အမိန့်ကို တာဝန်ယူ လုပ်ကိုင်သော သူက အမှားအယွင်း လုပ်မိလိုက်သောအခါ၊ အဆိုပါ အမှား အယွင်းသည် ပြင်ဆင်၍ မရနိုင်ဘဲ တပ်ချုပ်ကြီးမှ စိတ်ဆိုးသည်အထိ ထိခိုင်လာနိုင်သောအခါ .. ။

အထက်လူကြီးနှင့် ဆက်ဆံရသည့်အခါတွင်လည်း မိမိကို ပေးအပ်လာသည့် တာဝန်မှာ မဖြစ်နိုင်မှန်း၊ လူမုန်းပိုများလာနိုင်မှန်း၊ အန္တရာယ် ကြီးမှန်း(စစ်သား ဖြစ်သောကြောင့် စစ်တိုက်ရသော အန္တရာယ်ကို မမှုပေမယ့် ဘ၀နှင့် နာမည်နှင့် ရင်းရသော အန္တရာယ်မျိုးကိုတော့ နောက်တွန့်တတ်ကြပါသည်။) သိပေမယ့် ပြန်မပြောနိုင်သော၊ မပြောရဲသော စိတ်ဒုက္ခမျိုး ရင်ဆိုင်နေကြရပါသည်။ အကယ်၍ မနာခံပြန်လျှင်လည်း တစောက်ကန်းလုပ်တတ်သော စစ်သားများကို အထက်အရာရှိက အမိန့်ပေးပြီး မိမိကို လာဘ်စားမှုဖြင့် အရေးယူလာနိုင်ဖွယ်ရာ ရှိနေပါသည်။(ဥပမာ .. ဗိုလ်ချုပ် ခင်ညွန့်)

ထိုကဲ့သို့ စိတ်ဒုက္ခ ကြီးမားလှစွာ ခံစားနေကြရသော နအဖ စစ်ဗိုလ်ချုပ်တွေ အတွက်၊ ညဘက် ကောင်းကောင်း မအိပ်နိုင်တာ၊ ကိုယ့်အရိပ် ကိုယ်ပြန်လန့်နေတတ်တာ၊ ဗိုလ်ကတော်တွေ လူကွယ်ရာမှာ အကြိမ်ကြိမ် ငိုနေကြရတာဟာ ယနေ့ မြန်မာ့ တပ်မတော်ထဲက အရာရှိ ကြီးကြီးတွေရဲ့ မထူးဆန်းတဲ့ အဖြစ်တွေလို့ ပြောရရင် မမှားပါဘူး။

ကဲ .. ဒါတွေကို ဘယ်လို ဖြေရှင်းကြမလဲ ....
အဖြေကို ရှာရင် မြတ်စွာ ဘုရားဟောခဲ့သလို လောကမှာ ဖြစ်သမျှ အရာ အားလုံးရဲ့ အဓိက ပြဿနာတွေဟာ မိမိကိုယ်တွင်းမှာရှိနေပြီး၊ မိမိကိုယ် ကိုယ် ဖြေရှင်း အောင်နိုင်ရင် ပြဿနာတွေကို အောင်နိုင်သူ ဖြစ်ပါတယ်။ (မြတ်စွာဘုရားကတော့ အတွင်း အောင်ခြင်းလို့ ဆိုပါတယ်)

ဗိုလ်ချုပ်ကြီးတွေရဲ့ ပြဿနာတွေကို ၀ိုင်းကူပေးဖို့ ကျွန်တော် ဒီနေရာကနေ Think Tank လေး လုပ်ပြီး ဆွေးနွေးကြည့်တာပါ။ အဲဒီ ပြဿနာတွေဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြဿနာအားလုံးရဲ့ အဖြေလို့ ဆိုရင်လည်း မမှားပါဘူး။

ကျွန်တော်တို့ နိုင်ငံနဲ့ ပြဿနာ အားလုံးရဲ့ အခြေခံဟာ စိတ်ဓါတ်ရေးရာနဲ့ တော်သက်ဆိုင်နေတာ တွေ့ရပါတယ်။ နောက်ပြီး နိုင်ငံရဲ့ လည်ပတ်နေတဲ့ လှုပ်ရှားမှု စက်ဝန်း(Life Circle) ဟာ အမှားဘက်ကို (တနည်း) အကျ (Negative) ဘက်ကို သွားနေပါတယ်။ ဒီနေရာမှာတော့ တိုင်းပြည်က Down Circle ထဲရောက်နေတာကို မဆွေးနွေးလိုပါဘူး။ ဗိုလ်ချုပ်ကြီးတွေ ပိတ်မိနေတဲ့ Down Circle ကိုသာ ဆွေးနွေးလိုပါတယ်။

ပထမဦးဆုံး သတိထားမိတဲ့ အရာတစ်ခုကတော့ တပ်မတော်သား တစ်ယောက်ဟာ မိမိနဲ့ စကားပြောနေတဲ့ သာမန်မြန်မာနိုင်ငံသား တစ်ယောက်နဲ့ ယှဉ်လိုက်လျှင် မိမိကသာ အဆိုပါ တပ်မတော်သား မဟုတ်သော မြန်မာနိုင်ငံသားထက် တိုင်းပြည်ကို ပိုပြီး ချစ်တယ်လို့ စိတ်ကြီးဝင်နေမှု တခုကို တွေ့ရပါတယ်။ ရာထူး ပိုကြီးတဲ့ တပ်မတော် အရာရှိပိုင်းဆို ပိုပြီး စိတ်ကြီးဝင်မှုတွေ များလာနေတတ်ပါတယ်။

တပြိုင်နက်ထဲမှာပဲ တခါတလေ ငယ်ငယ်က သိလာခဲ့တဲ့ အမှန်၊ အမှား အကောင်းအဆိုး ခွဲခြား ဝေဖန်တတ်တဲ့ အသိစိတ်၊ မိဘ ဘိုးဘွား မျိုးရိုး စဉ်ဆက်က သိရှိလာတဲ့ စိတ်ဓါတ်တွေက မိမိ လုပ်ရပ်အမှားတွေကို မသိစိတ်ရဲ့ ကွယ်ရာကနေ ပြန်လည် ခြောက်လှန့်နေတတ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် တပ်က ပေးလာတဲ့ အမိန့်က ပြည်သူလူထု ဘက်က ကြည့်ရင် မှားနေတတ်ပါတယ်။ စက်တင်ဘာ အကြမ်းဖက်မှုက သက်သေပါ။ တပ်မတော်သား ဖြစ်လို့ တိုင်းပြည်ချစ်စိတ်က တပ်အမိန့် အတိုင်း လုပ်ရတယ်။ ပြည်သူ တွေအားလုံးက မိမိကို မှားတယ်လို့ ဝေဖန်တယ်။ ဒီသဘောနှစ်ခုဟာ ဆန့်ကျင်ဘက် လားရာကို သွားနေတဲ့ မြှားနှစ်စင်း ဖြစ်လို့ နေပါတယ်။

ဒီတော့ စည်းမျဉ်း ဥပဒေသ ( ၁ ) (Rule No. 1) အခြားသူများလည်း မိမိလို တိုင်းပြည် ချစ်တယ်ဆိုတာကို ခံစား နားလည်ပါ။ အထက်က အမိန့်ကို သေချာစွာ စေ့စပ် သုံးသပ်ပြီးမှာ နာခံပါ။ မှားတယ်လို့ ထင်မိလျှင် အထက် အရာရှိကို ရင်းရင်းနှီးနှီး ဆွေးနွေးတိုင်ပင်ကြည့်ပါ။ နည်းနည်းပါးပါး အမှား၊အမှန် ဝေဖန်ရုံနဲ့ ဘ၀ ပျက်မသွားနိုင်ပါဘူး။ အခုလို မျက်ကန်း အမိန့်နာခံနေရတာသာ ဘ၀ ပျက်ဖို့ လမ်းစ အမှန် ဖြစ်ပါတယ်။

ကိုယ်တိုင်က မိမိ အရည် အချင်းကို မိမိသိပါတယ်။ ငါ ဘာတတ်မြောက်တယ်၊ ဘာကျွမ်းကျင်တယ် ဆိုတာမျိုးပါ။ လူတိုင်းက အရာအားလုံးကို တတ်မြောက် မကျွမ်းကျင်နိုင်ပါဘူး။ ဒါက သဘာဝ တရားပါ။ အဲဒီ သဘာဝကို ဘယ်သူမှ မလွန်ဆန်နိုင်ပါဘူး။ စစ်သားလဲ သဘာဝထဲက လူပါပဲ။ သဘာဝ တရားကို လက်ခံပါ။ ဒီတော့ မိမိနဲ့ မသက်ဆိုင်တဲ့ရာထူး၊ မထိုက်တန်တဲ့ ရာထူးမှာ အခြေအနေအရ ရယူထားမိရင် သေချာ ပြန်လည် သုံးသပ်ရန် လိုအပ်လာပါတယ်။

စည်းမျဉ်း ဥပဒေသ ( ၂ ) (Rule No.2) မိမိနဲ့ မထိုက်တန်သော ရာထူးကို ရယူထားလျှင်သော်လည်းကောင်း၊ မိမိ မကျွမ်းကျင်သော နေရာကို ရယူထားလျှင်သော်လည်းကောင်း ထိုက်ထန်အောင်၊ ကျွမ်းကျင်အောင် လေ့လာပါ။ ပြောချင်ရာ ပြောနေခြင်းကို စွန့်လွှတ်ပြီး ကိုယ့်ကိုကိုယ် အမြဲဝေဖန် သုံးသပ် သင်ယူပါ။ ထိုသို့ လေ့လာ သင်ယူရခြင်းသည် ရှက်စရာ မဟုတ်ပါ။ သဘာဝ တရားသာ ဖြစ်ပါသည်။ ဤသို့ မလုပ်ပဲ ပြောချင်ရာ ပြောနေတာသာလျှင် ရှက်စရာ ဖြစ်နေသည်ကို သတိပြုပါ။

လာဘ်စားခြင်းဆိုင်ရာ ကိစ္စရပ်တွေမှာတော့ ယခုအခါ တနိုင်ငံလုံး အတိုင်းအတာနဲ့ အစိုးရ ၀န်ထမ်းတိုင်း လာဘ်စားနေကြတာ ဖြစ်ပါသည်။ ရာထူးကြီးလေ လာဘ်ပိုစားလေ ဆိုတဲ့ သဘောတရားတစ်ခုကို မြန်မာနိုင်ငံထဲမှာ တည်ဆောက်နေသလို ဖြစ်နေပါသည်။ ရာထူးကြီးသော နအဖ ခေါင်းဆောင်များ အဖို့ ယခု အခါ မိမိရယူထားသော လာဘ်ငွေပမာဏနှင့် တော်တော်လေး ချမ်းသာနေကြသည်မှာ လူတိုင်း အသိပင်၊ မိမိကိုယ်ကို အသိပင် ဖြစ်ပါသည်။ လာဘ်စားခြင်းတွေကို ယခု အချိန်မှာ ရပ်တန့်လိုက်ပါက မိမိပိုင်ဆိုင်မှုများ ဆုတ်ယုတ် မွဲတေ သွားမည် မဟုတ်ပါ။ ထိုသို့ မရပ်တန့်ပဲ ဆက်လက် လုပ်ကိုင်နေပါက အမှန်တကယ် မွဲမည့်လမ်းကို မိမိက ဦးတည်နေပါသည်။ ဥပမာ .. ဗိုလ်ချုပ် ခင်ညွန့်

စည်းမျဉ်း ဥပဒေသ ၃ (Rule No.3) လာဘ်ပေး လက်ယူ၊ လာဘ်စားရသော အခြေအနေကို လက်ရှိ အတိုင်းအတာတွင် ရပ်ပစ်နိုင်ရန် ကြိုးစားပါ။ မဟုတ်ပါက ယခု လက်ရှိ ရရှိထားသော စည်းစိမ် ဥစ္စာများပင် အလုံးစုံ ကုန်ဆုံးခြင်းသို့ ရောက်ဆုံးမည်ဖြစ်ပါသည်။ လာဘ်စားခြင်းကို ရပ်တန့်ခြင်းမှာ မိမိစည်းစိမ်ကို မွဲအောင် လုပ်နေသည်မဟုတ်။ ရေရှည်တည်တန့်အောင် ပြုလုပ်နေခြင်းသာ ဖြစ်ကြောင်း သတိပြုမိပါရန်။

ယနေ့ မိမိသည် တိုင်းပြည်ကောင်းကျိုး အတွက် ဘာတွေ လုပ်ခဲ့သလဲ၊ ဒီနေရာမှာ နည်းနည်း ခွဲခြားမြင်တတ်ရန် အရေးကြီးပါသည်။ အထက်အမိန့် နာခံတာသည် တိုင်းပြည်ကောင်းကျိုး လုပ်တာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ အခု အချိန်တွင် အထက်အမိန့် နာခံခြင်းသည် တိုင်းပြည်ကောင်းကျိုး လုပ်ရပ် မဟုတ်နိုင်ခြေ ပိုများနေပါသည်။ တိုင်းပြည်အတွက် အမှန်တကယ် ကောင်းကျိုးကို ဘာလုပ်ခဲ့သနည်းဆိုတာ မိမိ အတွင်းစိတ်က သေချာ ပြန်လည် သုံးသပ်စေလိုပါသည်။ တိုင်းပြည်ကောင်းကျိုး တစ်ခု လုပ်တာသည်၊ တပ်အမိန့်ကို အာခံနေတာ မဟုတ်၊ တပ်မတော်၏ အခြေခံမှာစည်းကမ်း ဖြစ်ပါသည်။

စည်းမျဉ်း ဥပဒေသ ၄ (Rule No.4) တိုင်းပြည်အတွက် ကောင်းကျိုး တစ်ခုခုကို မိမိက လက်ခံသလို အများက လက်ခံလာအောင် ကြိုးစား လုပ်ကိုင်ပါ။ အဆိုပါ လုပ်ရပ်သည် တပ်ကို အာခံသည်မဟုတ်၊ တပ်မတော်၏ အခြေခံ စည်းမျဉ်းတွင် တပ်မတော်သည် တိုင်းပြည်ကို ဘယ်တော့မှ သစ္စာ မဖောက်၊ တိုင်းပြည်ကောင်းကျိုးအတွက် အမြဲဆောင်ရွက်မည် ဆိုသော တပ်မတော်၏ အခြေခံမှု ဖြစ်သောကြောင့် တပ်၏ အမိန့်ကို နာခံရာသာရောက်ပါသည်။ ထိုသို့ လုပ်ခြင်းဖြင့် မိမိအတွက် ထိခိုက်နိုင်မည် မဟုတ်ပါ။ ထိုသို့ မလုပ်ဘဲ တိုင်းပြည်ဆိုးကျိုး ဖြစ်စေမည့် အထက် အမိန့်ကို နာခံ လုပ်ဆောင်နေရခြင်းသာလျှင် တပ်မတော်ကို အာခံခြင်း မိမိ အလုပ်ကို ထိခိုက်အောင် လုပ်နေခြင်း ဖြစ်နေသည်ကို သတိပြုပါ။

နောက်ဆုံး အနေဖြင့် ကျွန်တော် ယခု Think Tank လုပ်ခဲ့သော အချက်များကို ဆရာ လုပ်သည်ဟု မထင်မြင်စေလိုပဲ သေချာစွာ စဉ်းစား သုံးသပ်ကြည့်ပြီး ယခုပင် စတင် လုပ်ဆောင်ပါက ဗိုလ်ချုပ်ကြီးများတွင် ကျရောက်နေသော စိတ်လန့်ရောဂါ၊ ဗိုလ်ကတော်များ ညည ငိုရသော ရောဂါများ ပျောက်ကင်းမည် ဖြစ်ပြီး မိမိတို့ ကျရောက်နေသော တပ်မတော်၏ အဆိုးသံသရာ လည်မှု(Down Circle) ကို ချေဖျက်နိုင်မည်ဟု ကျွန်တော် ယုံကြည်မိပါသည်။ ဗိုလ်ချုပ်ကြီးများ ဒီစာကို ဖတ်မိ နားလည် ခံစားနိုင်ပါစေ။

လေးစားစွာဖြင့်
ကိုထိုက်

P.S .. ကျွန်တော် ရေးခဲ့သော အထက်ပါ အချက်များကို ပြင်ဆင်လိုလျှင်၊ ဖြည့်စွက်လိုလျှင်၊ ဖျက်ပေးစေလိုလျှင် အချက်ကျကျ ဆွေးနွေးဝေဖန် အကြံပြုပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။ comment တွင် ရေးထားနိုင်ပါသည်။

နောက်တခု အနေနဲ့လည်း ဤဆောင်းပါးကို အခြားဘာသာသို့ ပြန်ဆိုလိုပါက လွတ်လပ်စွာ ပြန်ဆိုနိုင်ပါသည်။ သို့သော် ကျွန်တော့်ကို publish မလုပ်ခင် အရင် ပြစေလိုပါသည်။ အဓိပ္ပါယ် အကောက်လွဲသွားပါက အန္တရာယ် ဖြစ်နိုင်သော ဆောင်းပါး ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

Tuesday 11 December 2007

နှစ်ငါးဆယ်ကြာ အသည်းခြောက်ရောဂါ

ကျနော့် ဆောင်းပါးခေါင်းစဉ်ကို ကြည့်ပြီး ဆရာသာဂဒိုးတို့ ရေးသလို ကျန်းမာရေးဆောင်းပါးလို့များ ထင်သွားကြမလားဘဲ။

ကျနော် ပြောချင်တဲ့အကြောင်းအရာက နှစ်ငါးဆယ်ကြာ စွဲမြဲနေတဲ့ နိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေ ၊ ကျဆင်းနေတဲ့ စီးပွားရေးတွေ ၊ ခေတ်နောက်ကျနေတဲ့ ပညာရေးစနစ်တွေ ၊ ယိုယွင်းနေတဲ့ စိတ်ဓါတ်တွေ နဲ့ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေးတွေကို အနာရောဂါတခုနဲ့ တင်စားပြီး ရေးပြချင်တာပါ။ ကျနော်တို့ရဲ့ တိုင်းပြည်ကြီးကို လူတယောက်ရဲ့ ကိုယ်ခန္ဓာနဲ့ နှိုင်းယှဉ် ၊ ပြည်သူတွေရဲ့ ကြုံတွေ့မှုတွေကို အနာရောဂါနဲ့ ချိန်ထိုးပြီး ပြချင်လို့ပါ။ တိုင်းပြည်ကြီးမှာ အသည်းခြောက်ရောဂါ ရနေပါပြီ။ တာဝန်ရှိသူတွေ အနေနဲ့ မြန်မြန်ကုစား ပေးကြပါ။

ခင်ဗျားတို့ ဇိုးသမားကြီးတွေကို မြင်ဖူးကြပါသလား ? ညနေစောင်းပြီဆိုတာနဲ့ ဗျစ်ရည်လေးကတမြမြ ၊ သိုင်းကွက်လေးနင်း လမ်းတလျှောက် ဘယ်ခွေးမှလူမထင်ဘူး အော်ရင်း အိမ်ပြန်လမ်းကို လှမ်းနေကြသူတွေပေါ့။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်းပါဘဲ အရက်ဆိုတာက ၀င်မိပြီဆိုရင် ရပ်ဖို့ကအခက်သား ၊ သောက်လေသောက်လေ ငတ်လို့ကို မပြေတတ်ဖူးလေ။ ကျနော်တို့နိုင်ငံကို အုပ်ချုပ်ပြီး မင်းလုပ်နေတဲ့ အစိုးရလဲ ဒီအတိုင်းပါဘဲ။ (၁၉၅၈)ခုနှစ်မှာ ဗိုလ်နေ၀င်းဟာ နိုင်ငံတော်အာဏာကို ယာယီရလိုက်တယ်။ အဲဒီ့မှာ ငတ်မပြေတဲ့ အရက်တွေသောက်ပြီး မူးနေသလို အာဏာကိုယစ်မူးပြီး (၁၉၆၂)ခုနှစ်မှာ အရူးအမူးနဲ့ အာဏာသိမ်းပြန်ရော။ ဗိုလ်စောမောင်ကလဲ ဒီလမ်းစဉ် အတိုင်းပဲ (၁၉၈၈)မှာ ထပ်မံသိမ်းပြန်ရော။ ဒါပေမယ့် ကံမကောင်းချင်တော့ နိုင်ငံတော်အာဏာဟာ ဗိုလ်သန်းရွှေလက်ထဲ ရောက်သွားရတယ်။ သူခိုးလက်က သူဝှက်လုပေါ့။ အာဏာဆိုတာကလဲ သေရည်အရက်လိုဘဲ စွဲစေနိုင်တာဆိုတော့ ဗိုလ်သန်းရွှေလဲ အစွဲကြီး စွဲပြီး ဖြတ်မရလို့ ဆက်တိုက်ကိုသောက်နေလိုက်တာ အခုချိန်ထိပဲဗျို့။

အရက်သမားများဟာ အစပိုင်းမှာ ဆေးဖြစ်ဝါးဖြစ် နဲနဲမှီဝဲတယ် ၊ နောက်တော့ ညနေ လေပျိုရင် ရင်ချောင်အောင် များများ သောက်လာတယ် ၊ ဒီ့ထက်တဆင့်တက်လာတော့ မနက်ပိုင်း အရက်နာကျတာကို ဖြေ ၊ တဖြည်းဖြည်း ဖြေရင်းဖြေရင်းနဲ့ နေ့ညကိုဆက်ရော။ ဒီလို နေ့ညမရှောင် သောက်လို့ရသမျှ အကုန်သောက်မှတော့ အသည်းရောဂါက ဖြစ်ပြီပေါ့။ ကျနော်တို့ရဲ့ ဇတ်လိုက်ကျော်တွေဖြစ်တဲ့ အာဏာရ စစ်ခေါင်းဆောင်တွေကလဲ ဒီပုံစံအတိုင်းပါဘဲ။ ပထမပိုင်းမှာ နိုင်ငံတော်ရဲ့ အသည်းနှလုံးတွေဖြစ်တဲ့ ကျောင်းသားပြည်သူတွေကို အနည်းငယ် (အနည်းငယ်) လေးစားပြတယ်။ ပြည်တွင်းပြည်ပ ဖိအားနည်းအောင် ရွေးကောက်ပွဲကို ဟန်ပြလုပ်တယ် ၊ တကယ်လဲအနိုင်ရရော အကြည်တော့်စကားနဲ့ဆိုရင် `ယောင်စိန်´ လုပ်နေရော။ တိုင်းပြည်တိုးတက်ရေးဆိုပြီးတော့လဲ တံတားတွေဖေါက် လမ်းတွေဆောက် ၊ တဲပုတ်မှတိုက်ပေါ်သို့ဆိုပြီး မြို့သစ်တွေ တည်ပြပြန်ပါတယ်။ ဒါပေမယ့် ဆောင်းထားတဲ့ မင်းသားခေါင်းက ကြာကြာ မခံနိုင်တော့ အစွယ်လေးတွေ ပြူတစ်ပြူတစ်ပေါ်လာရော။ အဲဒီ့ မရှိမဲ့ရှိမဲ့ အစွယ်လေး အရုပ်ထင်လာတာနဲ့ တိုင်းပြည်ရဲ့ သယံဇာတတွေကို ဒရယ်ကူလာသွေးစုပ်သလို စတင်စုပ်ကြပါလေရောဗျာ။ ဒါ့အပြင် အစွယ်တင်မကဘဲ ဘီလူးရုပ်လုံးလုံး ပေါ်လာတော့ သွားဖြဲပြီး ခြောက်ပြကြပါတယ်။ ပြည်သူတွေခင်မျာမှာလည်း မိမိရဲ့ဘ၀ ရပ်တည်ရေး ၊ မိမိရဲ့လုပ်ငန်းဆောင်တာ အဆင်ပြေစေရေးတို့အတွက် စစ်ဘီလူး တွေကို တံစိုးလက်ဆောင်တွေ အပ်နှင်းကြရပြန်ပါတယ်။ ခေါင်းဆောင်ကြီးများရဲ့ ရှေ့ဆောင်လမ်းပြမှုကို တသွေမတိမ်းလိုက်နာကြတဲ့ နောက်လိုက်ကောင်းများဟာ မရှိရှိရာ ပါဝါအာဏာပြ ခြိမ်းခြောက်ကြခြင်းဖြင့် ရဲစွမ်းပြကြပြန်ပါတယ်။ အရက်သမားတွေ မူးပြီးရင်း မူးချင်နေသလို ၊ စစ်ခေါင်းဆောင်ကြီးများနဲ့ သူတို့ရဲ့အသိုင်းအ၀ိုင်းများဟာလဲ အမိန့် ၊ အာဏာ နဲ့ လုပ်ပိုင်ခွင့်ဆိုတာတွေကို အရူးကြီးရူး ၊ အမက်ကြီးမက်ကာ တမ်းတမ်းစွဲဖြစ်သွားကြသည်မှာ နှစ်ငါးဆယ်လုံး နေ့ရောညပါ သောက်နိုင်သမျှ ၊ သောက်လို့ရသမျှ အကုန်သောက်သည့် အရက်သမားများနှင့်ပင် တူနေသေး၏။ ဒီလောက်သောက်လာတော့လဲ အသည်းဒဏ်က ဘယ်ခံနိုင်တော့ပါမည်နည်း။

ခင်ဗျားတို့ ဇိုးသမားကြီးတွေရဲ့ ရုပ်သွင်ပြင်ကို မြင်ဖူးကြပါသလား ?? မျက်စိတွေက၀ါ ၊ ဗိုက်တွေကဖေါင်း နဲ့ ခြေလက်တွေလဲ ဖောရောင်လို့လေ။ တခြားသောဘေးပတ်ဝန်းကျင်မှ လူများက ၀ါနေပြီ ၊ ဖောနေပြီ ၊ ရောင်နေပြီ ၊ လျှော့သောက်တော့လို့ ပြောလဲ ဂရုမစိုက်ဘူး။ ခြေတွေလက်တွေ ရောင်တာကို လမ်းလျှောက်တာများလို့ ၊ အလေးအပင်မလို့ဆိုပြီး ဒဏ်ကြေဆေးလေးလိမ်းလိုက် ၊ မျက်စိဝါတာကို မျက်စိနာလို့ဆိုပြီး မျက်စဉ်းဆေးလေးခတ်လိုက် လုပ်နေကြတယ်။ အရက်ဖော ဖောနေတဲ့ဗိုက်ကိုလဲ ဘာဖြစ်လဲ ၊ ၀လို့ လှလို့ ဆိုပြီး သဘောတောင်ကျလိုက်ကြသေး။ ပတ်ဝန်းကျင်နဲ့ အပြင်လူတွေက ပြောကြတယ် ရောဂါဖြစ်တာ အသည်းမှာပါ ၊ ပျောက်အောင်ကုပါ ၊ အမြစ်ပြတ်အောင်ကုပါ ဆိုတော့လဲ မရဘူး။ လက်မခံဘူး။ ငါ့ကိုယ်ခန္ဓာ ငါပဲသိတယ် ၊ ငါ့ကိုယ်ငါကုမယ် ၊ မင်းတို့ဝင်မရှုပ်ကြနဲ့ပေါ့လေ။ ဒါပေမယ့် အနာနဲ့ဆေး မတွေ့လို့ကတော့ သေဖို့ဘဲ ရှိတော့တာပေါ့။ ကျနော်တို့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေမှာလဲ ဒီစစ်အစိုးရ ပါးစပ်ဟသမျှ ကိုယ့်ပိုင်ဆိုင်မှုလေးတွေကိုထိုးပေးရ ၊ သူတို့သောက်ချင်သမျှ ပြည်သူ့ဘဏ္ဍာဖြစ်ရမယ့် တိုင်းပြည်ရဲ့သယံဇာတတွေကို ၀ါးမြိုကြနဲ့ သူတို့သောက်သမျှအရက်ဒဏ်တွေကိုခံရတာ အသည်းခြောက်သလို ကုန်းကောက်စရာတောင် မရှိတော့ပါဘူး။ နိုင်ငံရေး ၊ စီးပွားရေး ၊ ပညာရေး ၊ လူမှုရေး နဲ့ နောက်ဆုံး ဘာသာရေးပါမကျန် အကုန်လုံးဟာ ခြောက်ကပ်နေရပါပြီ။ ကျနော်တို့ပြည်သူတွေ လိုချင်တဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးဆိုတာကလဲ ဒီအချိန်အထိ ဖြစ်မလာသေးပါဘူး။ ကုလသမဂ အပါအ၀င် နိုင်ငံတကာရဲ့ တွန်းအားပေးမှုကိုလဲ ပယ်ချရုံမက အရေးစိုက်မှုပင် မရှိပါ။ တနိုင်ငံလုံးရဲ့ မကြေနပ်မှုများကို ဖုံးဖိရန် အကြိုတွေ့ဆုံဆွေးနွေးရေးဆိုသော ဒဏ်ကြေဆေးလေး လိမ်းပြလိုက် ၊ ထိပ်တန်းနိုင်ငံရေးသမားများမပါဘဲ အကျဉ်းသားများ ပြန်လွှတ်ပေးပါပြီဆိုသော မျက်စဉ်းဆေးလေးခတ်လိုက် ၊ အရှက်မရှိသော သတင်းစာရှင်းလင်းပွဲများကျင်းပပြီး ဖောရောင်နေသောဗိုက်ကို ကာကွယ်ပြလိုက်ဖြင့်သာ အရာမထင်သော လုပ်ရပ်များဖြင့် မရောင်ရာ ဆီလူးပြနေကြပါသည်။ပြည်သူတွေမှာ တကယ်ဖြစ်နေတာ အသည်းမှာဆိုသည်ကို သိလျှက်နှင့်ပင် မသိခြင်ယောင် ဆောင်နေကြသည်။ ယခုအချိန်တွင် အနာကိုလဲသိပြီ ၊ ဆေးလဲရှိပြီ။ ကုသရန်လဲ အချိန်မှီသေးသည်။ အမှန်တကယ်အားဖြင့် လက်ရှိ ဖြစ်ပေါ်နေသောရောဂါကို တိတိကျကျ မကုသပါက ရောဂါကျွမ်းလာတော့မည်မှာ မကြာလှသော အချိန်ကာလ လက်တကမ်းမျှသာ ဖြစ်သည်ကို စစ်အစိုးရအနေဖြင့် နားလည်သဘောပေါက်သင့်ပေပြီ ။

GWကျော်ကျော်

Generation Wave

မျိုးဆက်သစ် လူငယ်များ အစည်းအရုံး

London 24/7 protesting camp closing day and human right day movement


Lovely kid wants free burma

In london, we have 24/7 protest camp for 3 months, and now today is closing day!

Monday 10 December 2007

Generation Wave ၏ လူ့အခွင့်အရေးနေ့ မြန်မာနိုင်ငံအတွင်း လှုပ်ရှားမှုများ

Generation Wave, they do the activity at between 8:00am to 10:am held on Tarway -3 school / Corner of Bo Gyoke Rd & Sule Rd/ Ahlone dock yard. and then, they release that 11-Birds (Za Yard) at Pansondan Rd (in front of Dept of Immigration & national Reg;) and 11- fishs (Nga Gyi) at Botahtaung Pagoda port.

It is very difficult to do this kind of movement inside burma, they are facing to the prison or may be death to their life. But they do it for our own country and to save our country from junta.

Thank you very much for what you(generation wave) have done for our country.

see the pictures below



၈၈ မျိုးဆက် ကျောင်းသားများ၏ နိုင်ငံတကာ အသိုင်းအ၀ိုင်းသို့ လူ့အခွင့်အရေးနေ့ ကြေငြာချက်

၈၈ မျိုးဆက် ကျောင်းသားများ၏ လူ့အခွင့်အရေးနေ့ ကြေငြာချက်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ချုပ်၏ ကြေငြာချက်

Sunday 9 December 2007

With China support, Ready to kill innocent people



Blazon ရှေ့ ၊ တွင် သွားရောက်ကြည့်ရှု နိုင်သည်။

ပြည်တွင်းက မျိုးချစ် ပြည်သူတွေရဲ့ လူသတ် အစိုးရ ကျဆုံးပါစေ Poster တိုက်ပွဲ။ ဒီနေ့ သွားကြည့်နိုင်ပါသည်။

သာသနာအား ဆက်လက် ဖျက်ဆီးနေသော နအဖ၏ လုပ်ရပ်

နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်(ရန်ကုန်)မှ စာသင်သား သံဃာတော် ( ၈ ) ပါးကို ၆-၁၂-၂၀၀၇ ကြာသပတေးနေ့တွင် (သာထွန်းပြန့်) သာသနာရေး ဌာနမှ ထုတ်ပယ်လိုက်ကြောင်း သိရပါသည်။

နောင်တွင်လည်း သံဃာတော် အပါး ၃၀ ခန့်ကို ထပ်မံ၍ ထုတ်ပယ်မည့် အစီအစဉ်များ ရှိသေးကြောင်း သိရပါသည်။