Thursday 28 May 2009

လက်နက်ကိုင် အကြမ်းဖက် အဖွဲ့(နအဖ) အား ပြန်လည် တရားစွဲဆို နိုင်ရန် စဉ်းစားခြင်း

လက်နက်ကိုင် အကြမ်းဖက် အဖွဲ့(နအဖ) က အိမ်ထဲတွင် ၅ နှစ် ကျော် ပိတ်လှောင်ခံထားရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် တဖက်သက် တရားစွဲဆို၍ အပြစ်ပေး အရေးယူရန်ကြိုးစားနေသည်မှာ အားလုံး အသိပင် ဖြစ်သည်။

ဒီနေရာမှာ ကျွန်တော် စဉ်းစားမိတာ တစ်ခုက ... ဒေါ်အောင်ဆန်းစုကြည် နေအိမ် ခြံဝင်းကို (၂၄) နာရီ လက်နက်ကိုင် လုံခြုံရေးချထားပြီး၊ ထို လုံခြုံရေးများ၏ တာဝန်မှာ အတွင်းမှ လူ အပြင် မထွက် နိုင်စေရန်၊ အပြင်မှ လူ အတွင်း မဝင်နိုင်စေရန် စောင့်ရှောက်ရမည်မှာ ဆိုသည်မှာ လူတိုင်း သိရှိကြသည်။

အကယ်၍ အဆိုပါ Mr Yettaw ဆိုသူသည် အခုလို ခိုးဝင်လာကာ ယခုကဲ့သို့ အေးဆေးစွာ ပြန်မသွားဘဲ ဒေါ်အောင်ဆန်းစုကြည့်အား လုပ်ကြံမည့်သူ ဖြစ်ပါက ယခုလောက်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့ မြင်တွေ့နိုင်ကြမည် မဟုတ်တော့ပေ။

လက်ရှိ စွဲဆိုထားသော အမှု ကိစ္စမှာ အင်မတန်မှ ရှင်းလင်းပါသည်။

၁။ အချက်အားဖြင့် Mr Yettaw သည် ဒေါ်အောင်ဆန်းစုကြည်မှ ဖိတ်ခေါ်၍ ရောက်ရှိလာခြင်း (သို့) ဒေါ်အောင်ဆန်းစုကြည်က ခေါ်သွင်းထားခြင်း ဆိုသည့် အချက်အလက်ကို တရားစွဲဆိုသူများ သက်သေပြနိုင်ခြင်း မရှိပါ။ ၄င်းအပြင် အမှုသွား အမှုလာအရ ထင်ရှားသော အချက်အလက်အားဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်မှ ဖိတ်ခေါ်ခြင်း (သို့) ခေါ်သွင်းထားခြင်း လုံးဝ မတွေ့ရပါ။

ထိုကြောင့် အိမ်အတွင်းတွင် ၅ နှစ်ကျော် ပိတ်လှောင်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်မှာ ထိုသို့ မိမိအိမ်တွင်းသို့ ခိုးဝင်လာသော အမှု အပေါ် တရားစွဲဆိုခံရခြင်းသည် .. ယထာဘူတ မကျ၊ တရားနည်းလမ်း မမှန် ဆိုသည်မှာ သိသာထင်ရှားလှသည်။ အရေးယူ အပြစ် ပေးရန်ကား လူလို သိသော လူ့လောက လူဘောင်တွင် လူသားများ မစဉ်းစား မကြံစည်နိုင်သော ကိစ္စ ဖြစ်သည်။

ဒီတော့ အမှု သွား အမှုလာအရ အဓိက တရားခံဖြစ်သော လုံခြုံရေးဆိုင်ရာကို တာဝန်ယူသူများအား လုံခြုံရေး မပေးနိုင်သော ဝတ္တရား ပျက်ကွက်မှု၊ နေအိမ်တွင်း နေထိုင်သော အမျိုးသမီးများ၏ အသက်အန္တရာယ် ထိပါးလောက်အောင် .. တာဝန်ပေါ့လျော့မှုများဖြင့် တရားရုံးတွင် ပြန်လည်တရားစွဲဆိုသင့်သည်ဟု ကျွန်တော် ထင်မိပါသည်။

ထိုကြောင့် တာဝန်ရှိသော လူကြီးများနှင့် ဥပဒေရေးရာ နားလည်သော ပုဂ္ဂိုလ်များအား ဒီနေရာတွင် ကျွန်တော် ပန်ကြားလိုသည်မှာ .. မည်သည့် အချက်အလက်များဖြင့် မည်သူက ပြန်လည်၍ အဆိုပါ လုံခြုံရေးအရ တာဝန်ရှိသူများကို ပြန်လည် တရားစွဲဆိုနိုင်မည်နည်းဆိုတာကို စဉ်းစားကြည့်ဖို့ တိုက်တွန်းလိုပါသည် .. ခင်ဗျာ။

လေးစားစွာဖြင့်
ကိုထိုက်

Wednesday 27 May 2009

Daw Aung San Suu Kyi's Legal Statement:

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
အမှတ်-၉၇၊ခ အနောက်ရွှေတဂုံလမ်း
ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့

၂၀၀၉ ခုနှစ် မေလ (၂၇)ရက်
၁၃၇၁ ခုနှစ် နယုန်လဆန်း (၄)ရက်

ကြေငြာချက်အမှတ် - ၁၄၊ ၀၅၊ ၀၉

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အမှုနှင့်စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်က ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ -၂၅၆ အရ တရားရုံးသို့ရေးသားတင်ပြချက် အပြီးအပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်သည်။

(စ) ၁။ အထက် အမည်ပါအမှုတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော်အား နှောက်ယှက် ဖျက်စီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်စောက်ရှောက်သည့် ဥပဒေပုဒ်မ - ၂၂ ဖြင့် လည်းကောင်း ထိုသို့ ဖေါက်ဖျက် ကျူးလွန်းခြင်းကို အားပေးကူညီခဲ့သော ဒေါ်ခင်ခင်ဝင်း (ဘ) ဦးတင်အုန်း၊ မ၀င်းမမ (ဘ) ဦးဥာဏ်လင်းနှင့် Mr. John William Yettaw တို့ (၃)ဦးတို့ အား ယင်းဥပဒေပုဒ်မ -၂၂ ပြစ်မှုတိုင်ရာဥပဒေပုဒ်မ- ၁၀၉ အရလည်းကောင်း အမှုဖွင့် အရေးယူပေးပါရန် သတင်းတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဇော်မင်းအောင်က ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ ( ၁၁-၀၅-၂၀၀၉) တွင်တိုင်ကြားခဲ့သော အမှု ဖြစ်ပါသည်။

၂။ Mr. John William Yettaw သည် ကျွန်မ၏ နေအိမ် ခြံဝင်းအတွင်းသို့ ရောက်ရှိခဲ့သော ကိစ္စနှင့်စပ်လျဉ်း၍ ပထမအကြိမ်ဖြစ်သော (၃၀-၁၁-၂၀၀၈) ရက်နေ့ ရောက်ရှိခဲ့ခြင်းကို ကျွန်မနှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းထံမှ တဆင့်ကြားသိရပါသည်။ (၀၄-၁၂-၂၀၀၈) ရက်နေ့တွင် ဆေးစစ်ရန် ရောက်ရှိလာသူ ဒေါက်တာတင်မျိုးဝင်းမှ တဆင့် ယင်းအဖြစ်အပျက်ကို အာဏာပိုင်များထံ သတင်းပေးပို့ခဲ့ပါသည်။ အာဏာပိုင်များက အဆိုပါကိစ္စအတွက် ကျွန်မတို့ထံသို့ စုံစမ်းမေးမြန်းခြင်း မလုပ်ခဲ့ကြပါ။ အရေးယူ ဆောင်ရွက်သည်ဟုလည်း ကြားသိရခြင်း မရှိပါ။ ဤကဲ့သို့ ခြံဝင်းအတွင်း လူဝင်ရောက်ခဲ့သည့် ကိစ္စများတွင် အာဏာပိုင်များထံသို့ ချက်ချင်း သတင်းပို့ရမည်ဟု သတိပေးဖူးခြင်းလည်း မရှိပါ။

ဒုတိယအကြိမ် Mr. John William Yettaw ရောက်ရှိခဲ့ခြင်းကို (၀၄-၀၅-၂၀၀၉)ရက်နေ့ နံနက်ပိုင်းတွင်မှ တွေ့ရှိရပါသည်။ ကျွန်မက ပြန်ထွက်သွားရန် ပြောကြားခဲ့ပါသည်။ ၄င်းက မိုးလင်းနေပြီဖြစ်၍ ထွက်သွားလျင် ဖမ်းဆီးခံရနိုင်ကြောင်း ညရောက်လျင် ပြန်ပါမည်ဟု ပြောပါသည်။ သို့သော် ညရောက်သောအခါ ကျန်းမာရေး အခြေအနေအရ တညအိပ်ခွင့် ပေးရန် မေတ္တာရပ်ခံခဲ့ပါသည်။

၃။ ယခုအချိန်တွင် များစွာသော ကျွန်မ၏ နိုင်ငံရေး လုပ်ဖေါ်ကိုင်ဖက် ရဲဘော် ရဲဘက်များသည် ဥပဒေ၏ ကာကွယ်မှူနှင့် သက်ညှာမှူတို့ကို မခံစားရဘဲ နှစ်ရှည် ထောင်ဒဏ်များ ကျခံနေရပါသည်။ ထို့ကြောင့် ကျွန်မအနေဖြင့် မည်သူ့ကိုမျှ အဖမ်းအဆီး အချုပ်အနှောင် မခံစေရန် တွန်းမပို့ နိုင်ဟူသော နိုင်ငံရေး ခံယူချက်အရ ခိုလုံခွင့် တောင်းသည်ကို ခတ္တခိုလုံခွင့် ပေးခဲ့ခြင်း ဖြစ်ပါသည်။

၎။ ကျူးကျော်ဝင်ရောက်သူ မည်သူမည်ဝါဖြစ်သည် ၄င်း၏ ရည်ရွယ်ချက်မှာ မည်သို့မည်ပုံ ဖြစ်သည်မှာ ကျွန်မအတွက် အရေးမပါ ပါ။ ကျွန်မ၏ နိုင်ငံရေး ခံယူချက်အရသာ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ကျူးကျော်ဝင်ရောက်မှူ ကိစ္စနှင့်စပ်လျဉ်း၍ လစဉ် ဆေးစစ်ရန် (၇-၅-၂၀၀၉) နေ့တွင် ဒေါက်တာ တင်မျိုးဝင်း လာသောအခါ ၄င်းမှတဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားရန် ရည်ရွယ်ခဲ့ပါသည်။ သို့သော် (၇-၅-၂၀၀၉) နေ့တွင် ရဲတပ်ဖွဲ့ဝင်များသာ ရောက်လာပြီး ဒေါက်တာတင်မျိုးဝင်း ၀င်ခွင့်မရခဲ့ပါ။

၅။ ကျွန်မသည် နိုဝင်ဘာလ (၃၀)ရက်နေ့ အဖြစ်အပျက်များနှင့် စပ်လျဉ်း၍ လုပ်ဆောင်ခဲ့ရာတွင် ကြီးသည့် အမှူ ငယ်စေရန်နှင့် ငယ်သည့်အမှူ ပပျောက်စေရန် ခြံအတွင်းသို့ ၀င်ရောက်ခဲ့သူအားလည်းကောင်း၊ ခြံလုံခြုံရေး ယူထားရသော တပ်သားများအားလည်းကောင်း၊ မလိုအပ်ဘဲ မထိခိုက်စေလိုသော ဆန္ဒဖြင့်ပြုလုပ်ခဲ့ပါသည်။ ဤလုပ်ဆောင်ချက်နှင့် ပါတ်သက်၍ သက်ဆိုင်ရာက ကန့်ကွက်ခြင်းဝေဖန်ခြင်း တစုံတရာ မပြုလုပ်ခဲ့သောကြောင့် ၄င်းတို့သည် ကျွန်မလုပ်ရပ်ကို လက်ခံ သဘောတူသည်ဟု ထင်မြင်ရပါသည်။

တရားလိုပြသက်သေတဦးအား ပြန်ခေါ်စစ်မေးရာတွင် ကျွန်မ၏နေအိမ်ခြံဝင်းလုံခြုံရေးအတွက် အာဏာပိုင်နှင့် ကျွန်မတို့ ပူးတွဲတာဝန်ရှိသည်ဟု ထွက်ဆိုခဲ့ပါသည်။ ယင်းထွက်ဆိုချက်မှာ လုံးဝမမှန်ကန်ပါ။

၆။ ကျွန်မအပေါ် စွဲဆိုထားသည့် နိုင်ငံတော်အား နှောက်ယှက် ဖျက်စီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်စောင့် ရှောက်သည့် ဥပဒေပုဒ်မ -၂၂ အရ တားဆီးမိန့်၊ ကန့်သတ်မိန့်များကို ချိုးဖေါက်သည်ဟုစွပ်စွဲ ထားပါသည်။

(က) ယခုရုံးရှေ့ တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်များ သက်သေခံ ဆက်လက် တားဆီးမိန့်များအရ စည်းကမ်းချက်များကို ကျွန်မက ဖေါက်ဖျက်ခြင်း မရှိကြောင်း ထင်ရှား ပေါ်ပေါက်နေပါသည်။

(ခ) ကန့်သတ်မိန့်မှာ ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံဥပဒေပါ မူလ အခွင့်အရေးကို ကန့်သတ်မှူ (သို့) ရုပ်သိမ်းမှူဖြစ်ကြောင်း တရားလိုဘက်က ထွက်ဆိုခဲ့ကြပါသည်။ ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းသည့်နေ့မှစ၍ အာဏာတည်ခြင်းမရှိ၊ ပြိုကျပျက်စီးသွားပြီဖြစ်ပါသည်။ အာဏာတည်ခြင်း မရှိသည့် ဥပဒေ၏ပုဒ်မများအရ ကန့်သတ်မိန့် မှာလည်း တရားဝင်မှူ မရှိပါ။

(၇) ယခု အမှူဖြစ်ပွားရသည့် အရင်းခံ အကြောင်းအရင်းမှာ လုံခြုံရေး လစ်ဟင်းမှု သို့မဟုတ် လုံခြုံရေးဖေါက်ဖျက်မှု ဖြစ်သော်လည်း၊ ယခုချိန်အထိ လုံခြုံရေးဆိုင်ရာ တာဝန်ရှိမှုနှင့် စပ်လျဉ်းပြီး အရေးယူခြင်း မရှိဘဲ၊ ကျွန်မကို သာအရေးယူ တရားစွဲခြင်းမှာလည်း ဘက်လိုက် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

(၈) ကျွန်မသည် တရားလိုဘက် စွပ်စွဲသည့် ပြစ်မှုကို ကျူးလွန်ခြင်းမရှိကြောင်း ကျွန်မ၏ တင်ပြချက်ကို တင်သွင်းပါသည်။ (ဆုံး)


၂၆-၅-၀၉ နေ့ တွင် ကျင်းပသော ဗဟိုအလုပ်မှာဆောင်အဖွဲ့ နှင့်
ဗဟိုဥပဒေအထောက်ကူပြု အဖွဲ့ တို့ ၏
အစည်းအဝေးဆုံးဖြတ်ချက်အရ

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ 
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်

ရန်ကုန်မြို့


မူရင်း ကြေငြာချက်ကို ဒီနေရာမှာ ရယူနိုင်ပါသည်။

27 May 2009
NLD Headquarters
Statement 14/05/09

The following is the complete statement which Daw ASSK submitted to the court in defense of herself against the criminal charges based on the Criminal Act 256.

//begins text//

1). Regarding the case against Daw Aung San Suu Kyi, who is now being accused of having iolated the State Protection Act against Subversive Elements Paragraph #22, and the accomplices Daw Khin Khin Win (Father - U Tin Ohn), Ma Win Ma Ma (Father - U Nyan Linn), and Mr John WIlliam Yettaw - three of whom are charged in accordance with the aforementioned Para #22 and Criminal Code 109 - is the case filed on 11 May 2009 by Police Lt-Colonel Zaw Min Aung of Police Special Branch (Information Division of the Police Department, Home Ministry).

2). From my co-habitant Daw Khin Khin Win, I learned indirectly about the fact that Mr John william Yettaw entered my residential compound on 30 November 2008.

On 4 December 2008, I reported to the authorities through my physician Dr Tin Myo Win when he came for my (routine) medical check-up. The authorities did not bother to make any inquiry whatsoever about this report with us. Nor was I aware that they took any action at all about this incident. I was never told to report immediately such intrusion to my residential compound to the authorities in the event these things happen.

Only in the morning of 4 May 2009, did I discover Mr John William Yettaw arrived at my house. I told him to leave. He told me that because it was already morning and that he would be caught leaving the house in broad day light and said he would leave at night. By the evening he pleaded with me to allow an overnight stay because of his health condition.

3). At present many a dissident colleagues of mine are serving lengthy prison terms, enjoying neither the protection of the law nor humane leniency (on the part of the military rulers). Based on my personal political conviction that I must not put anyone in a situation where they will be arrested or detained, I gave him only temporary refuge.

4). It matters not to me, who the intruder is or what the purpose of intrusion. I acted based on my political conviction. It was my intention to inform the authorities through Dr Tin Myo Win on 7 May 2009 when he was scheduled to arrive for medical check-up. However, on 7 May 2009 only members of the police security arrived, and Dr Tin Myo Win was barred from entering my house.

5). When I reported to the authorities about the 30 Nov 2008 incident (the first intrusion by JWYettaw) I was motivated with the desire to reduce and limit the harm - to both the intruder and the members of the SPDC security unit at my compound - that might result from such reporting. Because the SPDC authorities (in spite of being informed about this) did not object, criticize, or take any other action against the first intrusion, I was under the impression that the authorities agreed with my handling of the incident (not to blow the incident out of proportion).

I wish to categorically object and refute one statement made by a prosecution witness during the cross-examination. The witness in question claimed that the security of my residential compound was the joint responsibility between the SPDC and myself. This is absolutely untrue.

6). I am being charged with the State Protection Act against Subversive Elements #22 for having allegedly violated the restrictions and limitations contained therein.

A). It is more than obvious that I violated none of the restrictions or limitations, based on the statements/answers made by the prosecution witnesses.

B). The prosecution claimed my original restrictions (or curtailment of citizens' right) were based on 1974 Burma Socialist Programme Party Constitution. However, this 1974 Constitution was null, void and dead on the very day the Armed Forces staged the coup in 1988. No legality could be extracted out of this dead constitution, and restrictions placed on me are illegal.

7). The primary and root cause of the current incident is the breach of security or neglect of security duties by the authorities, and yet no action has been taken against those in charge of my security.

Therefore, subjecting me to this trial (against this backdrop) is an act of whimsical and biased prosecution against me.

8). I submit that I am NOT guilty of the crime that the prosecution has accused me of committing."

//end text//

Orgnial Document download here

Tuesday 26 May 2009

အရူးကြီးသန်းရွှေရဲ့ မတရားသူကြီးအဖွဲ့

နိုင်ငံတော်ကို လက်နက်အားကိုးနဲ့ မတရားသိမ်းပိုက်ထားတဲ့ သန်းရွှေ တယောက် အာဏာရူးရာက လူပါရူးသွားပြီဆိုတာ ပြည်သူ့အချစ်တော် အမျိုးသားခေါင်းဆောင် နိုဘယ်(လ်)ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်မရှိ အပြစ်ရှာပြီး မတရားထောင်ချဘို့ လုပ်ဆောင်မှုက သက်သေပြခဲ့ပါပြီ။

အဲဒီ အရူးကြီးသန်းရွှေရဲ့ အမိန့်ပေး ခိုင်းစေမှုတွေကို မတရားမှန်း သိသိကြီးနဲ့ မိမိကိုယ်ကျိုးတခုအတည်းအတွက် ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်ပေးနေကြတဲ့ လူသိနည်းသေးတဲ့ အုပ်စု တစုရှိပါတယ်။

အရူးကြီးခိုင်းသမျှ တမူးပိုသာပြီး ပေါပြရဲတဲ့ ပြန်ကြားရေးဝန်ကြီးဆိုတဲ့ ပေါတောတော ကျော်ဆန်းလိုလူတွေ၊ ….. လမ်းဘေးပလက်ဖေါင်းပေါ်မှာ ထိုင်ပြီး အဓိပ္ပါယ်မဲ့ သတ္တိတွေပြနေကြတဲ့ ကြံ့ဖွတ်နဲ့ ရယကလိုလူတွေ၊ ….. ဒိုင်နာကားတွေပေါ်ကနေ ရိုက်မယ် နှက်မယ်နဲ့ လူမိုက်အစွမ်း ပြနေကြတဲ့ စွမ်းအားရှင်လိုလူတွေ၊ ….. ဒိုင်းတွေ၊ ဒုတ်တွေ၊ သေနတ်တွေနဲ့ ဟိတ်ဟန်ထုတ် အင်အားပြနေကြတဲ့ ရဲယူနီဖေါင်းဝတ်လူတွေနဲ့ စစ်ယူနီဖေါင်းဝတ်လူတွေကို ပြည်သူလူထုက အော့နှလုံးနာအောင် သိရှိ တွေ့မြင်နေကြပေမဲ့၊ ….. သူတို့ထက် ပိုမိုဆိုးရွားပြီး လူသိနည်းသေးတဲ့ အရူးကြီးသန်းရွှေရဲ့ အုပ်စုကတော့ တရားရေးကိစ္စတွေကို မတရားတဲ့ အမိန့်တွေ ချမှတ်ရာမှာ အားတက်သရော် ပါဝင် လုပ်ဆောင်ပေးနေကြတဲ့ သစ္စာဖောက် ဥပဒေ ဘက်တော်သားတွေပါဘဲ။

အဲဒီအုပ်စုမှာ ခေါင်းဆောင်ကတော့ ဒုတိယရှေ့နေချုပ် ဦးမြင့်နိုင်ဆိုသူပါ။ အရူးကြီး သန်းရွှေ ဖြစ်စေလိုသမျှ ဖြစ်အောင် စီစဉ်ပေးတတ်လို့ စစ်အာဏာရှင်တွေရဲ့ အချစ်တော်ဖြစ်နေသူပါ။ တရားရုံးတွေက စီရင်ရတဲ့ အမှုတွေမှာ ဥပဒေ အကျိုးဆောင်တွေ ရှေ့နေတွေက ဥပဒေ အကိုးအကားတွေနဲ့ ဘယ်လိုဘဲ လျှောက်လျှောက် တရားသူကြီးတွေက ဘယ်လိုဘဲ အပြစ်မရှိဘူးလို့ ယူဆယူဆ၊ အရူးကြီးဆီက အမိန့်ကို စာဖြင့်ရေးပြီး စာအိတ်ပိတ်ခါ အမှုစစ်ဆေးနေတဲ့ တရားသူကြီးဆိုတဲ့ မတရားသူကြီးတွေဆီ ပေးပို့ရတဲ့ အလုပ်ကိုလုပ်ပေးသူပါ။
ယုံကြည်ချက်ကြောင့် အပြစ်ပေးခံရတဲ့ နိုင်ငံရေးသမားတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ ရဟန်းရှင်၊ ပြည်သူပြည်သားတွေ အပါအဝင် စစ်ထောက်လှမ်းရေး အဖွဲ့တွေ၊ အကောက်ခွန်အဖွဲ့တွေ၊ စသဖြင့် အရူးကြီးသန်းရွှေ မကြေနပ်တဲ့သူမှန်သမျှ နှစ်ပေါင်း ရာချီပြီး ထောင်ချရအောင် ဆောင်ရွက်ပေးရာမှာ တာဝန်အကျေဆုံး ဥပဒေရေးရာ အဆင့်မြင့်ပုဂ္ဂိုလ်တဦးပါ။

နောက်ထပ် အဲဒီ့အုပ်စုထဲက အလိုတူ အလိုပါ(၁)ဦးကတော့ ယခု ဒေါ်အောင်ဆန်းစုကြည်အမှုကို စစ်ဆေးရာမှာပါဝင်တဲ့ တရားသူကြီး ဦးညီညီစိုးဖြစ်ပါတယ်။ နိုင်ငံရေးအမှုတွေမှာ မတရားမှန်းသိပေမဲ့ အရူးကြီးတွေအကြိုက် လက်သံပြောင်ပြောင်နဲ့ စစ်ဆေးလေ့ရှိပါတယ်။ သူတပါးအပေါ် မတော်မတရား လုပ်ထားတာတွေ များလာတော့ အကြောက်တရား ကြီးမားလာပြီး မိမိနေထိုင်ရာ ရပ်ကွက်ထဲပင် အရင်လိုလွတ်လပ်စွာ မနေရဲတော့တာကြောင့်၊ ရဲလုံခြုံရေး အစောင့်အရှာက်နဲ့ နေရပါတယ်။ (အမှတ်(၃၉)၊ နိဂြောဓလမ်း၊ ကျား ကွက်သစ်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ မှာနေပါတယ်။)

(ယခုစွဲချက်တင် စစ်ဆေးခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်(၅)နှစ်၊ ပြစ်ဒဏ်စီရင်ပြီး ဖျာပုံအကျဉ်းထောင်သို့ ပို့ဆောင်ရန် အမိန့်စာ ရေးသားထားသည့် စာတစ်စောင်နှင့် ထောင်ဒဏ် (၃) နှစ်၊ ပြစ်ဒဏ်စီရင်ပြီး ယင်း ထောင်ဒဏ်အား ဆိုင်းငံ့ကာလ သတ်မှတ်၍ နေအိမ် အကျယ်ချုပ်ဖြင့် ထားရှိရန်၊ အမိန့်စာ ရေးသားထားသည့် စာတစောင် … စုစုပေါင်းစာ (၂) စောင် ကြိုတင် ပြင်ဆင်ထားရှိပြီး၊ နိုင်ငံတော် အကြီးအကဲ၏၊ နောက်ဆုံးအမိန့်အား စောင့်ဆိုင်းလျှက် ရှိကြောင်း သိရှိရပါတယ်။)

ဘယ်လိုဘဲဖြစ်ဖြစ် ဒီလိုမတရားမှန်းသိပါရဲ့နဲ့ အရူးကြီးအုပ်စုနဲ့ ပူးပေါင်းကြံစီသူ မှန်သမျှကို အတတ်နိုင်ဆုံး စုံစမ်း မှတ်တမ်းပြုစုထားပြီး လိုအပ်သလို အရေးယူ လက်တုန့်ပြန်ဘို့ စနစ်တကျ စီစဉ်သင့်ပါကြောင်း ရေးသားတင်ပြ အသိပေးအပ်ပါတယ်။


Than Shwe is insane but all his henchmen are notoriously enjoy the situation.

In this case, it is undisputed proved that Junta leader Than Shwe is not only crazy for power but also mentally insane as he is trying to send National Leader Daw Aung San Su Kyi to jail by accusing her on unjustified reason. It is also a laughing stock in every law abiding societies. What we want to highlight in this article is the persons behind that conspiracy, who known all the wrong doing but ignoring all of them and gladly supporting of whatever the insane Than Shwe is doing.

Even in that insane supporting group, they have two kinds of categories. One is enjoying themselves to be the member and foolishly performing like a clown such as Information minister Kyaw San, USDA and ward administration council members sitting on the pavement all the day under the scorching sun just to show their loyalty, Swan-Arr-Shin alias stooges of authority waiting in the trucks to obey whatever their master instructed them to do, soldiers and polices showing their strength with shields, truncheons and guns but they all are not as notorious as another kind mostly unknown by ordinary people.

Considering the leader of said group is Assistant Attorney General U Myint Naing. He is always advising to insane Than Shwe. If Than Shwe is doing wrong, U Myint Naing convinces him that he is right. He is guiding insane old man into the deep hell. He is the one dutifully preparing seal envelope for judges instructing what sentences to be read out. No matter how good of the attorney plead, whether the Judge convincing the innocent of accuses or not, sentence is pre-arranged by U Myint Naing and everything is according to the pleasure of insane Than Shwe. Thousands of political prisoners, General Khin Nyint’s subordinates, former Custom Department Director General and subordinates, all were end up in jail with unbelievable tens to hundreds years sentences that real culprit behind that case advising for long jail terms is U Myint Naing.

Another henchman is also participating in this conspiracy. His name is Judge U Nyi Nyi Soe. He is notoriously famous because he always gives out unjust sentences to political prisoners of conscience. One conspicuous case he was handling unjustly was Su Su Nway. She was treated very unfairly but U Nyi Nyi Soe only work for the delight of his superior, not for justice. All his performances were only for the delight of insane Than Shwe and Junta members. He is progressing successfully in his profession by doing all unjust things. Now he is a judge for the unjustified conspiracy case unfairly set up for Daw Aung San Su kyi. Probably he is afraid of his unfair behavior thus we can see security both in uniforms and in plain clothes around his resident. He is staying in No. (39) Ni-Gyaw-Da Street, (corner of Sake-Ta-Thu-Kha Street), Kyar-Kwet-Thit Ward, Tarmway Township, Rangoon, Burma.

Monday 25 May 2009

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် Speakers’ Corner တွင် စုဝေးကြမည့် အစီအစဉ်

မိတ်ဆွေတို့…


စင်္ကာပူနိုင်ငံ လူ့အခွင့်အရေးလှုပ်ရှားသူများအဖွဲ့ Maruah မှ ဦးစီး၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုတစ်ခုကို Speakers’ Corner တွင် ပြုလုပ်မည် ဖြစ်ပါသည်။ မိတ်ဆွေတို့ အနေဖြင့် လာရောက် ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ပါသည်။


နေ့ရက် မေလ ၃၁ ရက်၊ ၂၀၀၉ ခု။

အချိန် ညနေ ၅ နာရီ မှ ၇ နာရီအထိ။

နေရာ Speakers’ Corner (Clarke Quay ဘူတာအနီး)။

အစီအစဉ်း အ၀ါရောင်အင်္ကျီဝတ်ဆင်ခြင်း၊ ဖယောင်းတိုင်ထွန်းညှိ ဆုတောင်းခြင်း၊ မိန့်ခွန်းပြောကြားခြင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခြင်း သင်္ကေတအဖြစ် သူမဓါတ်ပုံ ချိတ်ဆွဲထားသော အ၀ါရောင် မိုးပျံပူပေါင်းများ လွှတ်တင်ခြင်း။


ဤလှုပ်ရှားမှုသည် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်းကို လူဦးရေ များနိုင်သမျှ များများ အချိန် နှစ်နာရီခန့် ငြိမ်းချမ်းစွာ လာရောက်စုဝေး ဆန္ဒပြသရန် နှိုးဆော်သော လှုပ်ရှားမှု ဖြစ်ပါသည်။


သူမ၏ လွတ်မြောက်မှုအတွက် သင်ထောက်ခံကြောင်းကို ပြသရန် အ၀ါရောင်အင်္ကျီကို ၀တ်ဆင်ခဲ့ပါ။


ကြံပြုချက်


(၁) စင်ကာပူနိုင်ငံသား နှင့် အမြဲတမ်း နေထိုင်ခွင့် ကိုင်ဆောင်သူများသာ ဆန္ဒပြခြင်း ပိုစတာများ ကိုင်ဆောင်ခြင်း နှင့် ဓါတ်ပုံ ကိုင်ဆောင်ခြင်း များကို ပါဝင်ပြုလုပ်ခွင့်ရှိသည်။


(၂) အခြား နေထိုင်ခွင့် ကိုင်ဆောင်သူများသည် ဆန္ဒပြခြင်း ပိုစတာများ ကိုင်ဆောင်ခြင်း နှင့် ဓါတ်ပုံကိုင်ဆောင်ခြင်းများကို ပါဝင် ပြုလုပ်ခွင့် မရှိပါ။ သို့သော် Speakers’ Corner သို့ ကြည့်ရှုလေ့လာသူများအဖြစ် လာရောက်အားပေးနိုင်ပါသည်။


(၃) ဆန္ဒပြရာတွင် ပါဝင်မည့် စင်ကာပူနိုင်ငံသား နှင့် အမြဲတမ်းနေထိုင်ခွင့်ကိုင်ဆောင်သူများ သည် အောက်ပါအချက်များကို လိုက်နာကြရမည်။


(က) လူမျိုးခြား (သို့မဟုတ်) ဘာသာခြား တို့အကြား အမုန်းပွားရန်လိုမှုကို ဖြစ်စေမည့် အကြောင်းအရာများကို မရွတ်ဆိုရပါ။ ဤစုဝေးပွဲသည် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲဖြစ်ကြောင်း သတိချပ်ပါ။


(ခ) ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံပါသော ပိုစတာ နှင့် ဘန်နာများကိုသာ ကိုင်ဆောင်ရန် နှင့် ပိုစတာများတွင် ကြမ်းတမ်းသော၊ ရိုင်းပြသော၊ ညစ်ညမ်းသော အရေးအသားများ မပါဝင်စေရပါ။

Saturday 23 May 2009

နားထောင် လုပ်ဆောင်သင့်သည့် စကားဆွေးနွေးဝိုင်း

နှစ်မိနစ် ငြိမ်သက်ကြပါစို့ 

အရေးပေါ်ထုတ်ပြန်ကြေညာချက်

အမှန်တရားအတွက် ခြေတလှမ်းတိုးကြပါစို့ 

နှစ်မိနစ် ငြိမ်သက်ကြပါစို့ 

သန်းရွှေ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် အမူဆင်ပြီးထောင်ချဖို့ ကြံစည်နေပါတယ်။ ဒီလို မတရားတဲ့လုပ်ရပ်ကို ကန့် ကွက်ရှုတ်ချပေးဖို့ တိုက်တွန်းလိုပါတယ်။

မတရားတာကိုသိပေမဲ့  အကြောက်လွန်နေလို့ မရပါဘူး။ ရှောင်ပုန်း နေလို့ မရပါဘူး။

အမှန်တရားအတွက် ခြေတလှမ်းဆီတော့ ရှေ့ ကိုတိုးရပါလိ့မ် မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် အမူဆင် ဖမ်းဆီးဖို့ ကြံစည်သည်ကို ကန် ကွက်ရှုတ်ချသောအားဖြင့် - မေလ ၂၂ရက် ၊ ၂၀၀၉ မှစပြီး အောက် ဖေါ်ပြပါ ကန့် ကွက်မှု ကိုတပြည်လုံးအတိုင်း အတာနှင့် လုပ်ဆောင်ပေးပါရန် တိုက်တွန်းနိုးဆော်လိုက်ပါသည်။

၁- မိမိတို့ နေအိမ်မှာ ရှိတဲ့သူများက အိမ်ရှေ့ နှင့် ၀ါရံတာများတွင် ထွက်ပြီး နစ်မိနစ်

ငြိမ်သက်စွာမတ်တပ်ရပ်ရန် ။

၂- ရုံးဝန်ထမ်းများမှ လည်း နံနက်၁၀ နာရီထိုးတာနှင့်တပြိုင်နက်မိမိနေရာတွင် နှစ်မိနစ်

ငြိမ်သက်ပေးရန်။

၃- မော်တော်ယဉ်နှင့်အနှေးယဉ်မောင်းသူများမှလည်း နံနက်၁၀ နာရီထိုးတာနဲ့ 

ဟွန်းတီးပေးရန် ။

၎- လဘက်ရည်ဆိုင်ပိုင်ရှင်များမှ ကက်ဆက်ကသီချင်းကို ၁၀ နာရီထိုးတာနဲ့  ၂

မိနစ်ရပ်ပေးရန် တိုက်တွန်းနိုးဆော်လိုက်ပါသည်။


ဗဟိုကော်မတီ
မြန်မာ ပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ် ။
မေလ ၂၁၊၂၀၀၉။

Friday 22 May 2009

အာဏာရူး သန်းရွှေရဲ့မြေး၊ ဖိုးလပြည့် အသတ်ခံရမလား

စစ်အာဏာရှင်၊ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အာဏာရူးသန်းရွှေဟာ ပြည်သူ့အချစ်တော် ဒီမိုကရေစီ ခေါင်းဆောင် နိုဘယ်(လ်) ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ရှိ အယုတ်ညံ့ဆုံး အရက်စက်ဆုံး၊ နာမည်ဆိုးတွေနဲ့ ကျော်ကြားလှတဲ့ အင်းစိန် အကျဉ်းထောင် အတွင်း မတရား ဖမ်းဆီး ချုပ်နှောင်ထားခါ၊ ကမ္ဘာက အံ့သြရလောက်အောင် အောက်တန်းကျတဲ့ ကလိမ်ကကျစ် နည်းတွေသုံး အမှုဆင်ပြီး ထောင်ဒဏ်ပေးဘို့ စီစဉ်နေတာကြောင့် မြန်မာပြည်တွင်မက ကမ္ဘာကပါ ဝိုင်းဝန်းပြစ်တင်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ချက်ခြင်းလွှတ်ပေးရန် ဖိအားပေး တောင်းဆိုနေချိန်ဖြစ်ပါတယ်။


တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်သူလူထုတွေအကြား ဒေါသဖြစ် ကြေကွဲနေချိန်မှာ စစ်အာဏာရူး သန်းရွှေရဲ့ မြေးဖြစ်သူ ပြည်သူ့ချဉ်ဖတ် ဖိုးလပြည့် (ခ) နေရွှေသွေးအောင်ရဲ့ မွေးနေ့အား ရန်ကုန်မြို့ ကုန်းမြင့်သာယာ ဇေယျာသီရိဗိမ္မာန်မှာ ၂၃-၀၅-၂၀၀၉ ရက်နေ့ ညနေ (၄) နာရီမှ (၆) နာရီအတွင်း ခမ်းနားကြီးကျယ်စွာ ကျင်းပဘို့၊ စီစဉ် ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။

၂၃-၅-၂၀၀၉ ရက်နေ့မှာ ကျင်းပမဲ့ (၁၈) နှစ်ပြည့် မွေးနေ့ အခမ်းအနားကို စစ်ဘက်ဆိုင်ရာ အထက်တန်းနဲ့ အရပ်ဘက် အထက်တန်း အရာရှိအားလုံး မိသားစုနဲ့တကွ တက်ရောက်ရမယ်လို့ အတင်းအကျပ် အမိန့်ပေးထားကြောင်း သိရပါတယ်။


အဲဒီနေ့ ညနေ (၆း၃၀) မှ (၈း၀၀) နာရီ အထိ၊ သုဝဏ္ဏ အားကစားကွင်းမှာ မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် အထက (၁) ဒဂုံ ဘော်လုံးအသင်းနဲ့ တီတီစီ ဘော်လုံးအသင်းတို့ ဘော်လုံးကစားရန် စီစဉ်ထားတာကြောင့်၊ ဘော်လုံးကွင်း အနီးတဝိုက်မှာ လုံခြုံရေး ထူထပ်စွာချရန် ညွှန်ကြားထားကြောင်း သိရပါတယ်။
ဖိုးလပြည့်(ဝဲစွန်)

(မွေးနေ့က ၂၂-၅-၂၀၀၉ ဖြစ်ပေမဲ့ ပျော်ရွှင်ပွဲကို နောက်တနေ့မှ လုပ်မှာပါ။)

မွေးနေ့ဖိတ်စာအား မျက်နှာဖုံးမှာ ဘာစီလိုးနား အသင်းမှ ဘော်လုံးသမား မက်စီနဲ့ မန်ယူဘော်လုံး အသင်းမှ ဘော်လုံးသမား ရောနယ်ဒိုတို့ ပုံများ ရိုက်နှိပ်ထားပြီး ကျောဖက်အဖုံးမှာ Road to Rome လို့ ရေးသားထားတယ်လို့ သိရှိရပါတယ်။

ဒီလို အချိန်အခါမှာ အာဏာရူး သန်းရွှေရဲ့မြေးအား လုပ်ကြံရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ် လျှက်ရှိတာကြောင့် ဖိတ်ကြားခံထားရသူတွေ ကြောက်လန့်နေကြတယ်လို့ သိရှိရပါတယ်။

(အဖိနှိပ်ခံ လူငယ်တဦး၏ ပြောကြားချက်အား ရေးသားပေးပို့ခြင်း ဖြစ်ပါသည်။)

Thursday 21 May 2009

ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုသော စစ်ဆေးမှု မှတ်တမ်း

ပြည်သူ့ ခေါင်းဆောင်ကို လိမ်လည် တရားစွဲဆိုသူများရဲ့ နာမည် စာရင်းပြုစုနိုင်ရန် မှတ်တမ်း
(မူရင်း ဧရာဝတီ)


နအဖ သတင်းဌာနမှ သတင်း

တန်ပြန် တိုက်ခိုက်ရေး ဖေါ်ဆောင်နိုင်ရန် စဉ်းစားကြည့်ခြင်း

လွန်ခဲ့သော ၅ နှစ်ကျော် ကာလာမှာပင် ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဖမ်းဆီးထားခဲ့ပြီးရုံမက ယခုအခါတွင်လည်း ထောင်ချောက်ဆင်ပြီး အမှု အတင်းစွဲပြီး ထောင်အတင်းချရန် လက်နက်ကိုင် အကြမ်းဖက် အဖွဲ့ (နအဖ)က လုပ်ဆောင်နေသည်မှာ အားလုံး အသိဖြစ်ပါတယ်။

ကျွန်တော်တို့ အားလုံးကလည်း ပြည်သူ ချစ်သော ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစကားများကို အာရုံစိုက် နားထောင်၊ ပြောဆို ဆွေးနွေးကြရုံသာမက .. မြန်မာပြည်တွင်းရှိ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် လေးစားသူများကလည်း စိုးရိမ်ပူပန်စွာဖြင့် တရားစွဲဆိုရာ အင်းစိန် ထောင် အနီးပတ်ဝန်းကျင်တွင် စောင့်ကြည့် နားထောင်နေကြပါသည်။ ထို့အတွက် လက်နက်ကိုင် အကြမ်းဖက် အဖွဲ့ (နအဖ)ကလည်း သူတို့၏ လက်ဝေခံ အကြမ်းဖက်သမားများကို အဆင့်အမျိုးမျိုးဖြင့် လုံခြုံရေး ချထားကြပါသည်။

လုံခြုံရေးများတွင်လည်း အဆင့်အတန်း အနိမ့်ဆုံးနဲ့ အယုတ်ညံဆုံး ဖြစ်သည့် ကြံဖွတ်၊ စွမ်းအားရှင် စသည့် ပြည်သူ့ အရေခြုံ ဒုစရိုက်သမားများကို နေရာအနှံ ချထားပြီး အချို့ နေရာများတွင်မူ လက်နက်ကိုင် လူသတ်သမားများကို လက်နက် အပြည့်အစုံဖြင့် ချထားပြန်သည်။

တပြိုင်နက်မှာ ပြည်သူလူထုကို သွေးတိုးစမ်းသည့် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင် တရားစွဲဆိုပြီးနောက် အများပြည်သူက စိတ်မထိန်းနိုင်၍ တခုခု လုပ်မိပါက .. ပြည်သူအချင်းချင်း ပြဿနာဖြစ် ပုံစံသုံးကာ ရှင်းပစ်မည်ဖြစ်သည်။ တနည်းအားဖြင့် ပြည်သူလူထုနှင့် အကြမ်းဖက် အဖွဲ့ရဲ့ လက်အောက်ခံ ဒုစရိုက်သမားများ ထိပ်တိုက် တွေ့ကြပြီး ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကို လုပ်ကြံခဲ့သလို မကျေနပ်သော ပြည်သူများနှင့် ပြဿနာ ဖြစ်ကြတာပါလို့ ပြောလို့ရအောင် လုပ်ကြံခြင်းသာ ဖြစ်ပါသည်။

ဒါတွေကတော့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့(နအဖ)ရဲ့ လုပ်ရိုး လုပ်စဉ် ရိုးအီနေတဲ့ အကွက်ဟောင်းပါ။ တကယ်လို့ ပြည်သူထူထုက ငြိမ်ခံ နေမယ် ဆိုရင်လည်း လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ (နအဖ) သူတို့ လုပ်ချင်ရတွေကို လုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မတရားစွဲဆို ထောင်ချမှာပါ။

ဒီနေရာမှာ လွတ်ဟာနေပြီး သတိမထားမိတာ တစ်ခုရှိနေပါတယ်။ အဲဒါကတော့ လူယုတ်မာ သန်းရွှေ ဦးဆောင်တဲ့ လက်နက်ကိုင် အကြမ်းဖက် အဖွဲ့(နအဖ)ရဲ့ ထိပ်ပိုင်း လူယုတ်မာတွေက ပြည်သူလူထုနဲ့ ဒုစရိုက်သမားတွေကို ရန်တိုက်ပေးထားပြီး သူတို့က အေးဆေး ကြည့်နေကြတာပါပဲ။ ကျွန်တော်တို့က ပြည်သူချစ်တဲ့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စိုးရိမ်တဲ့ စိတ်နဲ့ အဲဒီ အချက်ကို သတိမထားမိဘူး ဖြစ်နေကြပါတယ်။ ဒီအခါမှာ လက်နက်ကိုင် အကြမ်းဖက် အဖွဲ့(နအဖ)ရဲ့ တီးတဲ့ ဆိုင်းအတိုင်း ကျွန်တော်တို့ ပြည်သူတွေက လိုက် “က” နေကြရသလို ဖြစ်နေပါတယ်။

ဒါကြောင့် ကျွန်တော်တို့က တန်ပြန် တိုက်ပွဲ ဖေါ်ဆောင်နိုင်ဖို့ နည်းလမ်းတွေ စဉ်းစားရပါတော့မယ်။ ရန်တိုက်ပေးထားပြီး အပေါ်ကနေ အေးဆေး ကြည့်နေတဲ့ လူယုတ်မာ သန်းရွှေဦးဆောင်တဲ့ ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်သင့်ပါတယ်။ ဘာတွေ လုပ်သင့်သလဲ၊ ဘယ်လို တိုက်ခိုက်သင့်သလဲ ဆိုတာ အားလုံး ဝိုင်းဝန်း စဉ်းစားကြပါလို့ မေတ္တာရပ်ခံ ပါတယ်။

ကျွန်တော် စဉ်စားမိသလောက် ကတော့ လူယုတ်မာတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ရသလောက် စုဆောင်းထားပြီး data base တစ်ခု လုပ်သင့်ပါတယ်။ modify နဲ့ verify အတွက်တော့ တစ်ယောက်ယောက် (ဒါမှ မဟုတ်) အဖွဲ့ တဖွဲ့ဖွဲ့က တာဝန်ယူ ဆောင်ရွက်သင့်ပါတယ်။ ဥပမာ .. ထိုသူများ၏ နေရပ်လိပ်စာမှ အစ၊ ပေါ်တင် စီးပွားရေး လုပ်ငန်း၊ ခိုးချောင် ခိုးဝှက် စီးပွားရေး လုပ်ငန်းများ၊ မိသားစု အဖွဲ့ဝင်များနှင့် ၄င်းတို့ရဲ့ စီးပွားရေး လုပ်ငန်းများ .. စတာတွေကို မှတ်တမ်းတင်ကာ တန်ပြန် တိုက်ခိုက် နိုင်ပါတယ်။ အနိမ့်ဆုံးအဆင့်အဖြစ် သူတို့ လုပ်သော လုပ်ငန်းများကို တိုင်းပြည်သားကောင်းများ၏ ဝတ္တရား အရ မသုံးစွဲ၊ မပက်သက်ဘဲ ရှောင်ကျဉ်သည့်အပြင် အခြားသော နည်းပေါင်းစုံကို စဉ်းစားလို့ရသလောက် လှုံဆော် တိုက်ပွဲဝင်သွားရန်။

အသိသာဆုံး အလွယ်ဆုံး ဖြစ်သော လူယုတ်မာ သန်းရွှေ၏ သား ပိုင်ဆိုင်သော ဂျေဒိုးနတ် လို ဆိုင်မျိုးကို မသုံးစွဲရေး ဆိုသည့် လှုံဆော်မှုမျိုးကိုမှစ၍ အသေးအဖွားများကို ပြည်သူများ အကြားတွင် စတင် လုပ်ဆောင် သင့်ပါသည်။

အခြား လိုအပ်သည့် နည်းများကို လိုအပ်သလို စဉ်းစား၍ တိုက်ပွဲပုံစံ ဖေါ်သင့်ပါသည်။ကြမ်းကြမ်း နုနု၊ အမျိုးသားတိုက်ပွဲပုံစံဖြင့် လုပ်ဆောင်သင့်ပါတယ်။ .. ဒီနေရာမှာ တစ်ခုပဲ စဉ်းစားသင့်တာကတော့ .. တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ဖို့ အတွက် ဘာလုပ်လုပ် တရားသည် .. ဆိုတာပါပဲ။

လေးစားစွာဖြင့်
ကိုထိုက်

ဒေါ်အောင်ဆန်းစုကြည်အား အမှု စစ်ရာနှင့် စပ်လျှင်းသော NLD ၏ ကြေငြာချက်


ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြား သံတမန်များ တွေ့ဆုံကြောင်း နအဖ သတင်းတွင် ထုတ်လွှင့်

Monday 18 May 2009

အင်းစိန်ဘက်ရှိ အခြေအနေ (မြန်မာ စံတော်ချိန် ၃ နာရီ ၄၅ မိနစ်)

ဒီနေ့ အစောပိုင်းကာလ အချိန်တွင် အင်းစိန်ဘက်ကို အသွားအလာများပြီး ဒေါ်အောင်ဆန်းစုကြည် ရုံးထုတ်သည့် ကိစ္စ အတွက် စိုးရိမ်သည့် ပြည်သူများက သွားရောက်ရာ .... လက်နက်ကိုင် အကြမ်းဖက် အဖွဲ့ (နအဖ)မှလည်း လက်နက်ကိုင်အဖွဲ့များ စေလွှတ်၍ ပိတ်စို့ တားမြစ်ခြင်းများ ပြုလုပ်ခဲ့ပြီး ယခုအခါ မြန်မာ စံတော်ချိန် ညနေ ၃နာရီ ၄၅ မိနစ်ခန့်တွင် အင်းစိန်ဘက် အခြေအနေမှာ တဖြည်းဖြည်းဖြင့် မူလအတိုင်း ပြန်လည် ရှင်းလင်းသလာနေပြီ ဖြစ်ကြောင်း သိရသည်။

Sunday 17 May 2009

ပျင်းစရာကောင်းတဲ့ နိုင်ငံတော် လုပ်ကြံမှု

အခုတလော မြန်မာပြည်ကိစ္စမှာ အသံအကျယ်ဆုံးနဲ့ အရေး အကြီးဆုံး ကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံတဲ့ ကိစ္စလို့ ပြောရမှပါပဲ။


လုပ်ကြံတယ် ဆိုတဲ့ အသုံးအနှုံးကို ဘာလို့ သုံးရတာလဲ။ ရှင်းရှင်းလေးပါ။ ကလေးတွေ တွေးသလို တွေးကြည့်ရုံနဲ့ မြင်နိုင်ပါတယ်။ အရာရာ ဘယ်တော့ကမှ ကတိမတည်၊ ယောက်ကျားမဆန်၊ ကလိမ်ကြတဲ့လူတွေက ဒေါ်အောင်ဆန်းစုကြည်ကို တရားဆွဲတယ် ဆိုကတည်းက ပထမ အချက်အနေနဲ့ လုပ်ကြံတယ် ဆိုတာ ရှင်းနေတာပဲ မဟုတ်လား။

ဒီကြားထဲမှာ သိသိသာသာ ယုတ္တိက ကင်းကွာနေတဲ့ အချက်တွေက အတော်များသားလား။



၁။ ပထမ အချက်အနေနဲ့ အရှင်းဆုံး အချက်ကတော့ အသက် ၅၃ နှစ် ရှိပြီး ခန္ဓာကိုယ် အလေးချိန် ၂၂၀ ပေါင် လေးတဲ့ ခပ်ဝဝ အသက်ကြီးကြီး လူတစ်ယောက်က အင်းလျားကန်ကို အရှည်လိုက် (မြေပုံပေါ်မှာ တိုင်းကြည့်ရင် ၁.၅၆ မိုင်ခန့်) အကွာအဝေးကို ရေကူးပြီးမှ မိတယ် ဆိုတာပါပဲ။ အင်းလျားကန်ဟာ ဒိုက်တွေ၊ မှော်တွေနဲ့ ကူးရခက်တဲ့ နေရာပါ။ အဲဒီ MR Yettaw ဆိုတဲ့ ပုဂ္ဂိုလ်ကို သာမန်ရေကူးကန်မှာပဲ ဟိုဘက် ဒီဘက် ၂ ခေါက်လောက် အရင် ကူးခိုင်းကြည့်ပါဦး။ ကူးနိုင်စွမ်း ရှိ၊ မရှိသိရတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်အိမ်ကနေ အနီးဆုံး ကမ်းဘက်ကို ဘာလို့ မကူးရတာလဲ။ ဒီတော့ အဲဒီလောက် ဝေးတဲ့ ကမ်းအထိ ဒီ Mr Yettaw ဆိုတဲ့ ပုဂ္ဂိုလ်ကဘယ်လို ရောက်အောင် ကူးသွားလဲ။


၂။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီ ပုဂ္ဂိုလ်လို ဘာမှန်း ညာမှန်း မသိတဲ့ လူတစ်ယောက်ကို လက်ခံပြီး ၂ ရက်တိတိ ထားမယ် ဆိုတာ မဟုတ်ပါဘူး။ ဒီလို လက်ခံထားရင် နောက်ဆက်တွဲ ပြဿနာတွေ အခုလို ဖြစ်မယ် ဆိုတာ ဒေါ်စုလို လူတစ်ယောက်က မသိဘဲ မနေပါဘူး။ ဒီတော့ ရှင်းပါတယ်။ ၂ရက် တိတိ အထဲမှာ နေရင် နေမယ်။ ဒါပေမယ့် ဒေါ်စု မသိဘဲ ခြံအကျယ်ကြီးထဲမှာ ပုန်းနေတာလည်း ဖြစ်နိုင်သလို .. အစောင့်တွေနေတဲ့ “တဲ” မှာ အထူးဧည့်သည်အဖြစ် ပြဇာတ်တိုက် လေ့ကျင့်နေတာလည်း ဖြစ်နိုင်ပါတယ်။

အမေရိကန်မှာ အဲလို ပေါက်ကရလုပ်မယ့်လူမျိုးကို ဒေါ်လာ ၁၀၀၀၀ လောက် ပေးလိုက်ရင် ပျော်ပျော်ကြီး လုပ်ပေးမယ့်လူကို ရှာဖို့ မခက်ပါဘူး။

၃။ အဓိက အရေးကြီးဆုံး အချက်ကတော့ .. စစ်တပ်က စစ်သားတွေ လက်နက်ကိုင်ပြီး ၂၄ နာရီ နေ့ည မပျက် စောင့်နေတဲ့ အိမ်ထဲကို ကိုယ်ပျောက်ဆေး စားထားသလို အဲဒီ အသက်ကြီးကြီး ခပ်ဝဝ လူတစ်ယောက်ဝင်လာတာကို အစောင့် စစ်သားတွေက မစောင့်ရှောက်နိုင်ဘူးဆိုတော့ ... ဒါလေးတောင် လုံအောင် မစောင့်နိုင်တဲ့ စစ်သားတွေက ... နိုင်ငံတော် လုံခြုံရေးအတွက် တပ်မတော်ကြီးဖွဲ့ပြီး တာဝန်ယူ စောင့်ရှောက်ထားပါတယ် ဆိုပြီး ကြွားနေတာကို ဘယ်လို ယုံရပါ့မလဲ။ လမ်းဘေးက လျှောက်သီးဆေးပြား ရောင်းစားတဲ့ မမ တွေကမှ မြန်မာနိုင်ငံက စစ်သားဆိုတဲ့ လူတွေထက် အသုံးဝင် ဦးမယ် ထင်တယ်။

ကဲ အဲဒီ အချက်တွေကတော့ စဉ်းစားစရာပေါ့။ ဒီနေရာမှာ ဘယ်သူ့မှာ အပြစ် အရှိဆုံး၊ တာဝန်အရှိဆုံးလည်း ကြည့်ရအောင်။

၁။ တရားခံ (Mr yettaw)
ဘယ်က ဘယ်လို ကလေကချေ မှန်း မသိသော လူတစ်ယောက်က သူများ အိမ်ထဲကို ခိုးပြီး ဝင်တာလာ ဖြစ်တဲ့ အတွက်ကြောင့် ခိုးဝင်လာတဲ့ သူခိုးက ပထမ တရားခံပါပဲ။

၂။ တရားခံ(လက်က်ကိုင် ကြမ်းဖက် အွဲ့ (နအဖ))
ဘယ်သူမှ အလွယ်တကူ ဝင်လို့ မရအောင် ၂၄ နာရီ စောင့်နေတဲ့ (နအဖ)အစောင့်တပ်က ဒုတိယ တရားခံပါပဲ။ သူတို့ လုံအောင် မစောင့်နိုင်လို့ ဝင်လာတာ (သို့) သူတို့ကိုယ်တိုင် အဲဒီ ကလေကချေကို အိမ်ဝင်းထဲ သွင်းတာသာ ဖြစ်နိုင်ပါတယ်။

အဲဒါကို အိမ်ထဲမှာ မတရား(၅)နှစ်ကျော် ပိတ်လှောင်ခံထားရပြီး အပြင်က လူနဲ့ စကားတောင် ပြောခွင့်မရှိတဲ့ လူတစ်ယောက်မှာ အပြစ်ရှိတယ် ဆိုပြီး တရားဆွဲတာ လူရယ်စရာကောင်းပါတယ်။ မြန်မာပြည်က စစ်သားတွေရဲ့ ကလေးသာသာ ပျင်းစရာ ကောင်းတဲ့ ကစားကွက်ဆိုတာ ထင်ထင်ရှားရှား မြင်နေရတာပါပဲ။

ဒီတော့ ဘာလို့ ဒီလိုမျိုးကို အကြမ်းဖက် လက်နက်ကိုင် အဖွဲ့(နအဖ) က လုပ်ရတာလဲ။ စဉ်းစားစရာ ဖြစ်လာပါတယ်။

တန်းပြီး သိသာတဲ့ အဖြေကတော့ .. ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးချင်လို့ အကြောင်းရှာတာပါ။

ဒါပေမယ့် ဒီနေရာမှာ လစ်ဟာနေတဲ့ အချက်ကို မြင်ရပါတယ်။ အဲဒါ ဘာလဲ ဆိုတော့ ကမ္ဘာက သိအောင် ရက်စက်ယုတ်မာ၊ ကောက်ကျစ် ကြမ်းကြုတ်၊ မျက်နှာပြောင်တိုက် အရှက်မရှိတဲ့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့(နအဖ) အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထပ်ဖမ်းချင်တာ ဘာလို့ အကြောင်းပြချက် ရှာမလဲ။ အရှက်က နဂိုကတည်းကမှ မရှိတာ။ ထပ်ဖမ်းထားရုံပေါ့၊ ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ။

ဒီလို အကြောင်းပြချက် ရှာပြီး ဖမ်းရတာဆိုတော့ .. သူတို့မှာ ဂရုစိုက်စရာ လူတွေ ရှိလာလို့ပါပဲ။ အဲဒါ ဘယ်သူတွေ ဖြစ်မလဲ။ ....

အဖြေက ရှင်းပါတယ်။ သူတို့ တပ်ထဲက လက်နက်ကိုင် အချင်ချင်း အထဲမှာ အကြောင်းပြချက် ပေးလို့ရအောင် အခုလို “ခွင်” ဆင်ပြီး လုပ်ကြံတယ်ဆိုတာ မြင်နေရပါတယ်။ ဒီတော့ သူတို့ တပ်ထဲက ထိပ်သီး ပုဂ္ဂိုလ်တွေမှာ အချင်းချင်း ပြဿနာတွေ ရှိလာနေတယ် ဆိုတာ လှစ်ဟာ ပြနေပါတယ်။

ဒါပေမယ့် ဘာဘဲ ပြောပြော လက်နက်ကိုင် အကြမ်းဖက် အဖွဲ့(နအဖ)ရဲ့ ပျင်းစရာကောင်းတဲ့ နိုင်ငံတော် လုပ်ကြံမှု နောက်တစ်ကြိမ် ဖြစ်ကြောင်း သမိုင်းမှာ တွင်ကျန်နေရစ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လူယုတ်မာတွေလက်ထဲမှာ ဘေးမသီ၊ ရန်မခ ကျန်းမာပါစေ။

လေးစားစွာဖြင့်
ကိုထိုက်
(အောက်က ပို့စ်ထဲက သစ္စာ အဓိဌာန်ထဲကအတိုင် ကျွန်တော်လည်း အတူတူ ပါဝင် အဓိဌာန်ပြုထားပါတယ်။)

Thursday 14 May 2009

သစ္စာ အဓိဌာန်

(မေးလ်မှ ရရှိသော သစ္စာ အဓိဌာန်ပုံတစ်ခုအား ပြန်လည် ဖေါ်ပြလိုက်ပါသည်။)

သစ္စာ အဓိဌာန် ... အကယ်၍ အကြမ်းဖက်သမား လက်နက်ကိုင် သောင်းကျန်းသူ နအဖ၏ ယုတ်မာ ကောက်ကျစ်သော နည်းလမ်းများကြောင့် ဒေါ်အောင်ဆန်းစုကြည်အား တစုံတရာ ထိခိုက် ဘေးရန်ကျရောက်ခဲ့သည်ရှိသော် .. အဆိုပါ အကြမ်းဖက် လက်နက်ကိုင် သောင်းကျန်းသူ နအဖခေါင်းဆောင်များနှင့် ၄င်းတို့၏ နောက်လိုက်များအား အခွင့်သာသော နေ့ရက်များတွင် ပြန်လည်၍ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနှင့် ဒုက္ခအမျိုးမျိုးရောက်အောင်(မည်သည့်နည်းနှင့်မဆို) ပြုလုပ်နိုင်သော သူ ဖြစ်စေရမည်ဟု အဓိဌာန်ပြုသည်။

အဆိုပါ သောင်းကျန်းသူ ခေါင်းဆောင်များနှင့် နောက်လိုက်များအား အခွင့်မသာ၍ ပထမ အဓိဌာန် လွဲခဲ့သည်ရှိသော် ကျွန်ုပ်အသက်ရှိနေစဉ်ကာလ အတွင်း ၄င်းတို့၏ သားသမီး၊ မြေးမြစ်များအထိ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနှင့် ဒုက္ခ အမျိုးမျိုးရောက်အောင် ပြုလုပ်နိုင်သူ ဖြစ်စေရမည်ဟု အဓိဌာန်ပြုသည်။

ကျွန်ုပ် အသက်ရှင်လျှက် မရှိတော့သော အချိန်တွင်လည်း ၄င်းတို့၏ သားစဉ်မြေးဆက်များအား ဆက်လက်၍ ဆွေးမျိုး အစဉ်အဆက် ဒုက္ခပေးနိုင်အောင် နောင်မျိုးဆက်သစ်များအားလည်း ပြုစုပျိုးထောင်သွားမည်ဟု သစ္စာ အဓိဌာန်ပြုပါသည်။

(အကြမ်းဖက်သမားများအား လက်တုံပြန်ရေး အဖွဲ့)

ကဲ .. ကျွန်တော်တို့ ညီအစ်ကို မောင်နှစ်မများတို့ .. ကိုဓ ဥပဒေကို ပြန်လည် အသက်သွင်းကြပါစို့။

Dogs are biting a human in Burma.

မြန်မာပြည်တွင် လူ တစ်ယောက်အား ခွေးတသိုက်က ဝိုင်း ကိုက်နေကြပါတယ်။ ကျွန်တော်တို့ အဲဒီ ခွေးတွေကို တိုင်းပြည်ကနေ ရှင်းပစ်ဖို့ အချိန် လွန်နေပြီတောင် ထင်ပါတယ်။

Dogs are biting a human in Burma.

...................................................................................................................

(from www.mizzima.com)

Aung San Suu Kyi detained in Insein Prison

Thursday, 14 May 2009 13:20

Nobel Peace Laureate Aung San Suu Kyi has been detained in a special cell in Rangoon’s notorious Insein prison after a brief court session, where she was tried for breaching her house-arrest laws.
-------------------------

Aung San Suu Kyi’s trial adjourned, scheduled for May 18

Thursday, 14 May 2009 13:15

Chiang Mai - Aung San Suu Kyi along with her two live-in party members and the American citizen have been charged with violating the law on her house arrest, and the trail, which began on Thursday, has been adjourned with the next hearing scheduled for May 18.

Aung San Suu Kyi, and her two live-in party members, Daw Khin Khin Win and daughter Win Ma Ma, who look after her, along with the American John William Yettaw, who secretly entered Suu Kyi’s residence, were charged under section 22, which is breaching the house arrest rules and regulations.

The charges were filed in the special court, which was presided over by the Rangoon Western District Justice Thawng Nyunt, and Nyi Nyi Soe, in the presence of district legal advisor Myint Kyaing.

Reportedly, the Burmese pro-democracy leader Aung San Suu Kyi has hired three more lawyers – Nyan Win, Aung Thein and Khin Htay Kywe – to defend her. Aung San Suu Kyi and her two party members - Khin Khin Win and her daughter were said to have been taken to a separate cell in the notorious Insein prison.

Kyi Win, Aung San Suu Kyi’s lawyer, and his assistant Hla Myo Myint, who were allowed into the Insein prison’s special court, where the Nobel Laureate along with the three others were charged, reportedly came out of the prison court at about 11:15 a.m. (local time).
-------------------------

Trial commences for Aung San Suu Kyi

Thursday, 14 May 2009 11:30

New Delhi - Aung San Suu Kyi was produced before a special court in Rangoon’s Insein Prison at about 9:30 a.m. (local time) on Thursday.

A Mizzima correspondent on the ground confirmed that the Burmese pro-democracy leader arrived at the prison in a white saloon car escorted by several vehicles carrying security personnel at 7:15 this morning (local time).

Security, according to the correspondent, was heightened along the entire length of the route from Aung San Suu Kyi's residence at 54 University Avenue to Insein Prison.

Kyi Win, Aung San Suu Kyi’s personal lawyer, and his assistant were allowed entry into Insein Prison. However, National League for Democracy spokesperson Nyan Win, who is a lawyer by profession, Aung Thein, and female lawyer Daw Khin Htay Kywe are still awaiting permission to enter the prison court.

Aung San Suu Kyi, who has been detained for more than 12 of the past 19 years, was taken from her residence by authorities in the early morning hours of Thursday.

Earlier, Nyan Win told Mizzima that while he is not aware of what charges would be brought against Aung San Suu Kyi, as she has not violated any laws, he said authorities might charge her for violating her detention law, which includes restrictions on contacting outside persons.

Along with the Burmese democracy icon, her two live-in maids, personal doctor, Tin Myo Win, and an American man who had entered Aung San Suu Kyi’s residence, John William Yettaw, will be produced before the court.

Yettaw last week gained access to the residence of Aung San Suu Kyi after swimming across Inya Lake. He was arrested two days later while swimming the return leg.

According to Burma’s state-run newspaper, New Light of Myanmar, which carried a biography of Yettaw on Thursday, the American man is an ex-military serviceman and resident of Falcon, Missouri, in the United States.

The intention behind Yettaw’s visit to Aung San Suu Kyi’s house remains unclear.
-------------------------

Update on Aung San Suu Kyi (2)

Thursday, 14 May 2009 09:26

Nyan Win, the National League for Democracy party spokesman at 8 a.m. Burmese time told Mizzima, “I heard that she [Aung San Suu Kyi] will be taken from her house at about 7 a.m. (local time). By this time she must have been taken away. I am not sure but it is about 7 a.m. that she was supposed to be taken.”

Nyan Win and Aung San Suu Kyi’s personal lawyer Kyi Win have both reached Aung San Suu Kyi’s residence cum jail on University Avenue in Rangoon.

The authorities were said to have also taken the two live-in maids, Khin Khin Win and her daughter, along with Aung San Suu Kyi.

But it is still not clear on what grounds Aung San Suu Kyi will be charged and tried.

“I think she might be charged with violating her detention law. But I cannot say exactly as of now. And I don’t know what she has flouted, I mean from the actual perspective of the law,” Nyan Win, who is a lawyer by profession, said.

He said, Aung San Suu Kyi has been kept under house arrest under Article 10 (b) of the Burmese law and Article (22) prescribes the rules for her detention.

Under her house arrest terms, the Nobel Peace Laureate is prohibited from communicating with foreign embassies, political parties, and people having affiliation to political parties. She is not supposed to leave her house, and not to communicate with anybody through the use of letter or through telephones and other wire devices.
-------------------------

Suu Kyi produced in prison court

Thursday, 14 May 2009 09:06

Chiang Mai (Mizzima) – In a major development, which took the Opposition by surprise, the Burmese military junta authorities took Aung San Suu Kyi from her residence on Thursday morning to be produced in a special court in the infamous Insein prison, according to party sources.

She has been charged in connection with the case of an American citizen John William Yettaw, who intruded into her residence by swimming across Innya Lake in Rangoon.

Two maids who stay with Suu Kyi and look after her also face unspecified charges.

Wednesday 13 May 2009

ကိုရင် သာဂိ၏ မှတ်တမ်း ၃

ကျွန်တော် မောင်သာဂိ တစ်ယောက် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် သိုးဆောင်း ဘာသာ စကား ဖြစ်တဲ့ အင်္ဂလိပ် စကားပြောသင်တန်း တစ်ခု သွားတတ်တယ်။

ကျွန်တော်ထက် စီနီယာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အင်္ဂလိပ်လို ပြောနေကြတာကို ပါးစပ် အဟောင်းသားပေါ့။ ဒါပေမယ့် သာဂိ တို့ကတော့ အလျော့ပေးလိမ့်မယ် မထင်ပါနဲ့။ နိုင်ငံတော်ကို ကမ္ဘာ့အဆင်မှီ အဆင်းရဲဆုံး ဖြစ်အောင်၊ ပညာရေးအဆင့်အတန်း နိမ့်ကျအောင် ကြိုးစားပမ်းစား ဆောင်ရွက်သွားခဲ့တဲ့ မ၊ဆ၊လ ပါတီ ဥက္ကဌကြီး ဦးနေဝင်းရဲ့ လက်ထက်မှာ တပိုင်းတစ်စ ပညာသင်ယူခဲ့ပြီး၊ မြန်မာ့ ပညာရေးကို မြောင်းထဲရောက်အောင် နေ့ည မအား ကြိုးစားပမ်းစား ဖျက်ဆီးခဲ့နေတဲ့ နဝတ၊ နအဖ လက်ထက်မှာ ကျောင်းတတ် ဘွဲ့တစ်ခု ရခဲ့သူ ပီပီပေါ့၊ .. အေ(A) ကို မြင်တာနဲ့ ရွာကလှည်းဒေါက် ပြောင်းပြန်ထောင်ထားတာကို ကူးရေးထားတယ်ဆိုတာ မဟုတ်မှန်းတော့ သိပါသေးတယ်။ (အဲ .. အဲ .. အဲဒီ ထက်တော့ ပိုမသိဘူး။)

ဒီလိုနဲ့ သင်တန်းမှာ စာလုံးတွေကို အဓိပ္ပါယ်တွေနဲ့ သင်ရတာပေါ့။ အဲဒီမှာ သာဂိ ရှင်းရှင်းလင်းလင်း နားမလည်တဲ့ တချို့ စာလုံးတွေကို စီနီယာတစ်ယောက်က သင်ပေးသွားတာလေးကို ပြန်ပြီး ဖောက်သယ်ချပေးချင်လို့ပါ။

hate ဆိုတာကို ရှင်းပြတာပါ။ dislike(don't like) or opposite of love ပေါ့။

အဲဒီ စာလုံးတွေနဲ့ ဝါကျ လုပ်ပြပြီး ရှင်းပြသွားတာ သာဂိ တစ်ယောက် တသက်လုံး မမေ့တော့ဘူးပေါ့။ သူရှင်းပြသွားတဲ့ ဝါကျတွေက ..

ှုIn Thailand, some of the thai people don't like Thai Army.

In Burma, almost every burmese people hate Burmese Army. တဲ့။

ကဲ ကျွန်တော့်ကို ငတုံး သာဂိ တစ်ယောက် ဘယ်လိုလုပ်ပြီး အဲလို ရှင်းပြတာကို မေ့ဦးမှာလဲ။ hate ဆိုတဲ့ စကားလုံး သုံးနှုံးပုံ ပြောပါတယ်။

အော် ..... မြန်မာ့ မျိုးချစ် တပ်မတော်ကြီးကို ပြည်သူတွေ ဘယ်လောက် ကြည်ညိုကြသလဲ ဆိုတာ၊ .... လမ်းမှာ ခွေးချေးတွေ့ရင် မနင်းမိအောင် ရှောင်သွားကြသလို၊ စစ်သား ဆိုရင် လမ်းမက ခွေချေးလို လူတွေက ရှောင်နေကြတာ တပ်မတော်သားတွေ သိမှ သိပါလေစ ... လို့ သာဂိရဲ့ မှတ်တမ်းထဲ တို့ထိ မှတ်တမ်း တင်လိုက်ရပါတယ်။

ချင်ခင်လေးစွားမေတ္တာထား၍

ကိုရင်သာဂိ


ငြိမ်းချမ်းရေးနောက်ကွယ်ကမူးယစ်ဆေး




၁၉၈၉ ခုနှစ် ဗကပမှ ခွဲထွက်ခဲ့ပြီး ``၀´´ ဒေသငြိမ်းချမ်းရေးတည်ဆောက်မှု နှစ်(၂၀)ပြည့်အခမ်းအနားကို ၁၇-၄-၂၀၀၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ပန်ဆန်မြို့ရှိ UWSA ဌာနချုပ်မှာ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် UWSA ``၀´´တပ်ဖွဲ့ဝင်များက စစ်ရေးပြခဲ့ပြီး ဥက္ကဋ္ဌ ဦးပေါက်ယူချမ်းမှ မိန့်ခွန်း ပြောကြားရာတွင် ``၀´´ တပ်ဖွဲ့များအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ``၀´´ဒေသမှာ ၂၀၀၅ ခုနှစ်မှစတင်ပြီး ဘိန်းကင်းစင်ကြောင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အစိုးရ အာဏာပိုင်များနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဥက္ကဋ္ဌ ဦးပေါက်ယူချမ်း၏ ပြောကြားချက်ကို ထိုင်းနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့က ယုံကြည်မှုမရှိကြောင်း၊ ``၀´´ဒေသ တရုတ်နယ်စပ်တွင် ``၀´´ခေါင်းဆောင်များသည် တရုတ်နယ်စပ်ဒေသအာဏာပိုင်များနှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်မှု အကြီးအကျယ်ပြုလုပ်နေကြောင်း၊ နယ်စပ်ရှိတရုတ် အာဏာပိုင်များသည် မူးယစ်ဆေးဝါးကို ၎င်းင်းတို့နိုင်ငံအတွင်း အ၀င်မခံဘဲ အခြားနိုင်ငံများသို့ သယ်ပို့မှုများတွင် ပုဂ္ဂိုလ်ရေးအကျိုးအမြတ် ရယူလုပ်ဆောင်နေကြောင်း တရုတ်နယ်စပ်တွင် သတင်းများ ပြန့်နှံ့လျက်ရှိသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၀၉ ခုနှစ် မူးယစ်အစီရင်ခံစာအရ မြန်မာနိုင်ငံသည် စိတ်ကြွ ဆေးပြားအများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး မူးယစ်ဆေးထုတ်လုပ်၊ ရောင်းချမှုလုပ်ငန်းကို UWSA ခေါ် ``၀´´ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့မှ လုပ်ကိုင်နေသည်ဟု ဖော်ပြပါရှိသည်။

၂၀၀၉ ခုနှစ်ဆန်း၊ မကြာသေးခင်က ကုလသမဂ္ဂထုတ် အစီရင်ခံစာ တစ်စောင်တွင် မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှု ၃% ပြန်တက်လာသည်ဟု ဖော်ပြပါရှိခဲ့ပြီး UWSA အဖွဲ့သည် ၎င်းင်းတို့ထိန်းချုပ်ရာ သံလွင်မြစ် အရှေ့တကြောမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လုံးဝကင်းစင်သွားကြောင်း ၂၀၀၆ ခုနှစ်မှာ ကြေညာထားသည်။

သို့ရာတွင် မြန်မာနိုင်ငံအတွင်းမှ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာသော မူးယစ်ဆေး ၉၀ % သည် မြန်မာအစိုးရက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ သတ်မှတ်ပေးမည့် ``၀´´နယ်မြေမှဖြစ်ကြောင်း UNODC ကုလ မူးယစ်နှင့် ရာဇ၀တ်မှုဆိုင်ရာအဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်။ မြန်မာအစိုးရမှ ``၀´´နယ်မြေရှိ မူးယစ်ရာဇာ တရားခံပြေးများကို ဖမ်းဆီးခြင်းမပြုကြောင်း၊ ``၀´´ခေါင်းဆောင်များအနေဖြင့် United Wa State Army ကို ``၀´´ပြည်ဖွံ့ဖြိုးရေးတည်ဆောက်မှုထက် ကိုယ်ကျိုးစီးပွားရေးအတွက် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချရေး ၌သာ အသုံးချနေသည့်အထောက်အထားများ ခိုင်ခိုင်မာမာ တွေ့ရှိနေရသည်။

အမေရိကန်တရားရေးဌာနမှ သတင်းထုတ်ပြန်ချက်အရ DEA မှ UWSA ၏ အဆင့်မြင့်ခေါင်းဆောင်များ သည် ဘိန်းဖြူကူးသန်းရောင်းဝယ်ဖောက်ကားမှု၌ ပါဝင်ပတ်သက်နေကြောင်း UWSA သည် တိုင်းရင်းသား လက်နက်ကိုင်တပ်မဟုတ်ကြောင်း၊ အင်အားကြီးမားသည့် မူးယစ်ဆေးဝါး ဒုစရိုက်ဂိုဏ်းတစ်ခုဖြစ်ကြောင်း၊ UWSA ထိပ်ပိုင်းခေါင်းဆောင် ၈ ဦးသည် ဘိန်းမဲဝယ်ယူစုဆောင်း/ ဘိန်းဖြူချက်လုပ်၊ သယ်ပို့ပြီး နယ်မြေအတွင်း ဘိန်းဖြူချက်၊ အခွန်ကောက်၊ ဘိန်းဖြူဖြန့်ချိနေကြောင်း၊ ရရှိငွေများအား ငွေဖြူဖြစ်အောင် တရားဝင်စီးပွားရေး လုပ်ငန်းများဖြင့် ဆောင်ရွက်နေကြောင်း ဖော်ပြထား ပါသည်။